Wednesday 5 August 2015

မြန်မာနိုင်ငံ ဆရာဝန်အသင်း ရေဘေးအတွက် ကျပ်သိန်း ၃၀၀ လှူဒါန်း

ရေဘေးသင့်ပြည်သူ များအတွက် မြန်မာနိုင်ငံဆရာဝန် အသင်းက မြန်မာနိုင်ငံကြက်ခြေ နီအသင်းမှ တစ်ဆင့် ကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့သည်။

လှူဒါန်းမှုသည် ပထမအ ဆင့် လှူဒါန်းခြင်းဖြစ်ပြီးနောက် ပိုင်းတွင် ပြည်နယ်များရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်းများနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆက်လက်လုပ်ဆောင်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆရာဝန်များအသင်း(ဗဟို) ဒုဥက္ကဋ္ဌ ဒေါက်တာ အေးအောင်က ပြောကြားသည်။

‘‘လှူလိုက်တဲ့ ပစ္စည်းတွေ၊ ငွေတွေကို တကယ်လိုအပ်တဲ့ ပြည်သူတွေ လက်ထဲရောက်ဖို့ကို အင်န်ဂျီအိုတွေနဲ့ ပူးပေါင်းလုပ် ဆောင်မှ ဖြစ်မယ်ဆိုပြီး ရေဘေး သင့်ပြည်သူလက်ထဲကို စနစ်တ ကျရောက်ဖို့အတွက် ပထမအ ဆင့်အနေနဲ့ ကြက်ခြေနီအသင်း ကို လှူတာပါ’’ဟု ၎င်းက ပြော ကြားသည်။

ယင်းအလှူငွေကို မြန်မာ နိုင်ငံဆရာဝန်အသင်း (ဗဟို) အောက်ရှိ အထူးကု၊ မေ့ဆေး၊ သားဖွား၊ အထွေထွေရောဂါကု အဖွဲ့များစွာ စုပေါင်းပါဝင်လှူ ဒါန်းထားခြင်းဖြစ်သည်။

ရေဘေးသင့် ပြည်သူများ အတွက် လိုအပ်လျက်ရှိသော ဆန်အိတ်များ၊ ဆေးစိမ်ခြင် ထောင်များနှင့် စားနပ်ရိက္ခာများ ကို လိုအပ်နေသော နေရာဒေသ များသို့ ဖြန့်ဝေပေးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာသာလှ ရွှေက ပြောသည်။

7Day Daily

No comments:

Post a Comment