Wednesday 28 January 2015

ဖားကန့်မြို့နယ်အတွင်း KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုများအား ထပ်မံပြုလုပ်လျက်ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ကျေးရွာ အတွင်းရှိ လမ်းများပေါ်သို့ မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက် ဖောက်ခွဲခြင်းများအား နေ့စဉ်ရက် ဆက် ပြုလုပ်လျက်ရှိကြောင်း ဖားကန့်မြို့နယ် ရဲအရာရှိတစ်ဦးမှပြောသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၂၇ ရက်၊ ညနေ (၆) နာရီ ၀န်းကျင်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်ချုပ် ရေးမှူး ရုံး၏ မြောက်ဘက် ကားလမ်းမပေါ်မှ KIA အဖွဲ့ဝင်(၂)ဦးသည် ဆိုင်ကယ်မောင်းနှင်လျက် အုပ်ချုပ် ရေးမှူးရုံး ၏ မြောက်ဘက် ခြံစည်းရိုးအနီးသို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲမှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အုပ်ချုပ်ရေးမှူးမှပြောကြားခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့်အတူ ဆိပ်မူကျေးရွာမှ ဖားပြင်ကျေးရွာသွားကားလမ်းပေါ်ရှိ ရတနာကြယ်ဖြူ ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီအနီး အမှတ်(၄)ရပ်ကွက် ဖားပြင်တောင်ထိပ် ကားလမ်းဘေးသို့ KIA အဖွဲ့ဝင်(၂)ဦးမှ လည်း ဆိုင်ကယ်ပေါ်မှ လက်လုပ်မိုင်းတစ်လုံးအား ပစ်ပေါက်ထွက်ပြေး သွားသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိမှုမရှိကြောင်း ဖားကန့်မြို့နယ် ရဲတပ်ကြပ်ကြီး တစ်ဦးမှပြောသည်။

ယခုကဲ့သို့ KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဇန်န၀ါရီလ ၁၅ ရက်နေ့ တိုက်ပွဲများ ဖြစ်ပွားချိန်မှ စတင်ပြီး နေ့စဉ်ရက်ဆက်ဆိုသလို လမ်းများပေါ်တွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ မြို့နယ်ရဲစခန်းနှင့် အစိုးရ အဆောက်အဦးများအား လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်းနှင့် အနီးတစ်ဝိုက် နေရာများတွင် KIA အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲခြင်း များကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရှိသူ အများ အပြားရှိခဲ့ပြီး ကချင်လူမျိုးများမှာ အများဆုံခံနေရသူများဖြစ်ကြောင်း ဘာသာရေး သင်းအုပ်ဆရာ တစ်ဦးမှ ပြောပြခဲ့ပါသည်။

ဇော်မင်းသော်( ဖားကန့်)
Credit >>> Kachin Daily News

No comments:

Post a Comment