Wednesday 28 January 2015

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး အဓိကပါဝင်သူများတွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

လက်ရှိကြုံတွေ့ နေရသည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ပေးရေးတောင်းဆို မှုများနှင့် ပတ်သက်၍ ယင်းဥပ ဒေတွင် အဓိကပါဝင်သူများဆွေး နွေးညှိနှိုင်းမှုများပြန်လည်ပြုလုပ် ရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။

‘‘ဒီဥပဒေမှာပါတဲ့ သူတွေ အားလုံးဆွေးနွေးရမှာပေါ့။ တစ် တိုင်းပြည်လုံးက စိတ်ဝင်စား တယ်။ ပညာရေးနဲ့ ပတ်သက်လို့  တစ်တိုင်းပြည်လုံးနဲ့လည်း ဆိုင်တာပဲ။ အဓိကလုပ်ရမယ့် သူတွေ ဆွေးနွေးရမယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၂၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်း အဝေး အပြီး၌ သတင်းမီဒီယာများအား ပြော ကြားသည်။ဥပဒေရေးဆွဲရာတွင် ပြင် ဆင်စရာရှိသည့်  ကိစ္စရပ်များ ပြင်ဆင်ရမည်ဖြစ်ကာ ညှိနှိုင်းဆွေးနွေးမှုများ   စိတ်ရှည်လက်ရှည်နှင့်  ပြုလုပ်သွားရန်လည်း ပြည်သူ့ လွှတ်တော်  ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

‘‘ဘာပဲဖြစ်ဖြစ်ဆွေးနွေးတိုင် ပင်ပြီး အဖြေရှာလို့မရဘူးဆိုတာ ဘယ်တော့မှ မရှိဘူး။ တကယ် ဆန္ဒရှိရင်ပေါ့။ နှစ်ဖက်စလုံးက ကိုယ်လိုချင်တာကို ငါတို့ရအောင် လုပ်မယ်ဆိုရင်တော့ ဘယ်ရမလဲ၊နှစ်ဖက်စလုံးက အပေး အယူ လုပ်ရမှာပဲ’’ဟု ဒေါ်အောင်ဆန်း စုကြည်ကဆိုသည်။

မန္တလေးမြို့မှ စတင်ထွက် ခွာလာသည့် သပိတ်မှောက် ကျောင်းသားများသည် ခုနစ်ရက် မြောက်နေ့တွင် မြင်းခြံမြို့သို့ ရောက်ခဲ့ပြီး မြင်းခြံမြို့မှ ကျောက် ပန်းတောင်းမြို့သို့ ဆက်လက်ချီ တက်သွားရန် တောင်သာ မြို့ကို  ဖြတ်သန်းသွားရေး   ကြိုးပမ်းသည့် အခါ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တားဆီးပိတ်ပင်မှုများ ကြုံတွေ့ ခဲ့ ရသည်။တောင်သာမဲဆန္ဒနယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်သောင်းက ပိတ်ပင်တားဆီးမှုများ  မပြုလုပ်ကြောင်း၊ မြို့မိမြို့ဖများနှင့် မေတ္တာရပ်ခံမှုသာ  ပြုလုပ်ကြောင်း ဇန် န၀ါရီ ၂၇ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် မီဒီယာများအားဖြေကြားခဲ့သည်။

‘‘ပြည်သူတွေက အခုလိုသွား ရင်လန့်တယ်၊ ကြောက်တယ်၊ စိုးရိမ်နေတယ်။ ဒါကြောင့်မို့ ကျောင်းသားတွေ ဆက်မလုပ်ဖို့ မေတ္တာရပ်ခံတယ်။ ဒါလေးပါ။ အကယ်၍ ဆက်သွားမယ်ဆို လည်း သူတို့ဘာသာ သူတို့သွား ဆက်သွားပါ။ တခြားနည်းနဲ့ ပိတ်တာ၊ဆို့တာတော့ အဘတို့နဲ့ မဆိုင်ဘူး။ အဘတို့လုပ်ပိုင်ခွင့်လည်း မရှိပါဘူး’’ဟု ဦးအောင်သောင်း ကဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးက လက်ရှိအမျိုး သားပညာရေး ဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ခု ပညာရေးဝန်ကြီးဌာနက အမြန်ဆုံးရေးဆွဲပြီး ပြည်ထောင်စု လွှတ်တော် တင်သွင်းရန် နိုင်ငံ တော်သမ္မတထံ  သ၀ဏ်လွှာ ပေး ပို့ခဲ့သည်။

7Day DAILY 

No comments:

Post a Comment