Wednesday 28 January 2015

စစ်ရေး တည်ငြိမ်လာ သောကြောင့် အောင်ဘာလေ ကျေးရွာတွင် ဒေသခံ တချို့ ပြန်လည် နေထိုင်

ကချင် ပြည်နယ် ဖားကန့်ဒေသ အောင်ဘာလေ ကျေးရွာ အနီးတွင် စစ်ရေး တည်ငြိမ် လာသောကြောင့် ပိတ်မိ နေသော ဒေသခံ တချို့ အောင်ဘာလေ ကျေးရွာတွင် ပြန်လည် နေထိုင် နေကြောင်း သတင်း ရရှိသည်။

ယခုလ (၁၅) ရက်နေ့မှ စတင်၍ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA/KIO) တို့အကြား အောင်ဘာလေ ကျေးရွာ အနီးနှင့် ကံဆီးဒေသ တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ ခြင်းကြောင့် ဒေသခံများ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း များနှင့် ခရစ်ယာန် ဘုရေားကျောင်းတို့တွင် ခိုလှုံခဲ့ ရသည်။

စစ်ကတော့ မိုးကောင်းဘက်မှာ ဖြစ်တာ ရှိတယ်။ ဒါပေမယ့် အောင်ဘာလေ မှာတော့ မဖြစ်တော့ ဒေသခံ တချို့ ကတော့ ပြန် နေထိုင်တာ ရှိတယ်။ ဘယ်လောက် နေထိုင် နေပြီ ဆိုတာ ကိုတော့ မသိသေးဘူး။ ပိတ်မိနေတဲ့ ဒေသခံ တွေလည်း ရှိသေးတယ် ဟု ဖားကန့် မြို့ ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ရက်မှ ဦးစာဂျီက The Messenger Media သို့ ပြောသည်။

ယခုလ (၁၄) ရက်နေ့တွင် ကချင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးကမန်းဒူးနော်အား KIA တပ်ရင်း(၆) မှ သေနတ် ပစ်ဖောက် စစ်ဆေး ခဲ့ပြီး၊ လုံခြုံရေး ရဲဝန်ထမ်း သုံးဦးကို ဖမ်းဆီး ခေါ်ဆောင်မှုနှင့် ပတ်သက်၍ တပ်မတော်နှင့် KIA တပ်ရင်း(၆) တို့ တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်။ ယခင်က အောင်ဘာလေ ကျေးရွာသည် KIA တပ်ရင်း (၆) ထိန်းချုပ် နယ်မြေ အတွင်းတွင် ရှိခဲ့ သော်လည်း အဆိုပါ ဒေသအား တပ်မတော် မှ ယခုလ (၁၅) ရက် နေ့တွင် သိမ်းပိုက် ခဲ့သည်။ ကျွန်မတို့ ကတော့ ကိုယ့်အိမ်မှာပဲ ကိုယ်ပြန်နေ ပါပြီ။ ပြန်လာ နေတဲ့ သူတွေ ကလည်း တော်တော် များများ ရှိတယ်။ တိုက်ပွဲ တွေ ပြန် ဖြစ်ရင်တော့ စစ်ဘေးပြန်ရှောင် ရတာပေါ့ ဟု အောင်ဘာလေ ကျေးရွာမှ ဒေါ်ခွန်နူးက The Messenger Media သို့ ပြောသည်။

ယခုလ (၁၅) ရက်နေ့တွင် ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တပ်မတော် နှင့် KIA/KIO တိုက်ပွဲ များကြောင့် ကံဆီး ကျေးရွာရှိ ကံဆီး နှစ်ခြင်း ခရစ်ယာန် ကျောင်းဝင်းတွင် (၇၁၂) ဦး၊ ကက်သလစ် ခရစ်ယာန် ကျောင်းဝင်းတွင် (၂၅၃) ဦး၊ လီဆူး နှစ်ခြင်း အသင်းတော် ဘုရားကျောင်းဝင်း တွင် (၈၀) ဦး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် (၄၇၀)   ဦးတို့သည်  သန်းခေါင် ကျေးရွာ၊ ဘောဆဒီး ကျေးရွာ၊ ရောင်ချို ကျေးရွာ တို့မှ ရောက်ရှိ နေခဲ့ပြီး သူငယ်တန်းမှ အဌမတန်းအထိ ကျောင်းသား(၃၀၀) ဦး ကျောင်းမတက် နိုင်သေးကြောင်း ဥရုဆိုင်း မော်ဇုံနယ် ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ သိရသည်။

Mewssenger News Journal 

No comments:

Post a Comment