Wednesday 28 January 2015

ပြည်တွင်းငြိမ်းချမ်းရေးအတွက် လူထုဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီ ၇ ရက်၌ ပြည်သူ့ဟစ်တိုင် ကွင်းတွင် ပြုလုပ်မည်

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လူထုဆန္ဒထုတ် ဖော်ပွဲကို ဖေဖော်ဝါရီ ၇ ရက်တွင် ရန်ကုန်မြို့ ကျိုက္ကဆံ ပြည်သူ့ဟစ် တိုင်ကွင်း၌ ပြု လုပ်သွားမည်ဖြစ် ကြောင်း အမျိုးသားတိုးတက်မြင့်မား ရေးပါတီမှ သိရသည်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် လူထု ဆန္ဒထုတ်ဖော်ပွဲကို ညနေ ၃ နာရီမှ စတင်ကာ ပြုလုပ်သွားမည် ဖြစ်ပြီး တိုင်းရင်းသားဒေသ များမှ ပြည်သူ များ၏ စစ်နှင့်ပတ်သက် သည့် အတွေ့အကြုံများအား ဟော ပြောသွားမည်ဖြစ်ကြောင်း သိရ သည်။

အမျိုးသားတိုးတက်မြင့်မားရေး ပါတီအတွင်းရေးမှူး ကိုဇေယျာဝင်း မြင့် က''ငြိမ်းချမ်းရေးရ ဖို့အတွက် ပြည်သူက အမိန့်ပေးလို့မှမရ တာ။တောင်းဆို တာပေါ့။ ငြိမ်းချမ်းရေးမရ နိုင်သေးရင် ပြည်သူလူထုရဲ့ ငြိမ်း ချမ်းရေးလိုလားတဲ့ အသံကိုဖော် ထုတ်တာပါ''ဟု ပြောသည်။

ငြိမ်းချမ်းရေးလှုပ်ရှား မှုများကို ရန်ကုန်၊ မန္တလေးအပါအဝင် စစ်ဘေး ဒဏ်ခံရ သည့် ဒေသများဖြစ်သည့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကယားပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လုပ် ဆောင် သွားမည်ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် ပြည်သူ လူထု လက်မှတ်ရေးထိုးလှုပ်ရှားမှု များကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပြီး အဆိုပါ ပြည်သူလူထုလက် မှတ်များကို သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက် ကိုင် ခေါင်းဆောင်များ ထံသို့ ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလိုလားသူ များ၏ အသံဖော်ထုတ်သည့်လှုပ်ရှားမှုများ တွင် တိုင်းရင်း သားနိုင်ငံရေး ပါတီ များ၊ အရပ်ဘက်အဖွဲ့အစည်းများ စုစုပေါင်း ၂ဝခန့် ပူးပေါင်း ရန်စီစဉ် ထားကြောင်း သိရသည်။ 

HM
‎Democracytoday‬

No comments:

Post a Comment