Wednesday 28 January 2015

Telenor မှ လစဉ် ဆင်းမ်ကတ် (၁ ဒသမ ၅) သန်း ဖြန့်ဖြူး ပေးမည်

Telenor မှ အင်တာနက်ပါ (၁၅၀၀) ကျပ်တန် ဆင်းမ်ကတ် များကို လစဉ် (၁ ဒသမ ၅) သန်းခန့် ဖြန့်ဖြူး ရောင်းချပေး သွားမည် ဖြစ်ကြောင်း ယမန်နေ့က တယ်လီနော မြန်မာ ထုတ်ပြန်ချက် အရ သိရသည်။

ယင်းကဲ့သို့ ဖြန့်ဖြူးပေး ခြင်းကြောင့် ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် မြန်မာနိုင်ငံရှိ မြို့နယ် စုစုပေါင်း၏ (၅၀) ရာခိုင်နှုန်းအား မိုဘိုင်း ၀န်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။  အခုတယ်လီနောက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကွန်ရက်တွေ တိုးချဲ့ နေတယ်။  နောက်လ ဆိုရင် ကရင် ပြည်နယ်နဲ့ မွန် ပြည်နယ်တွေ ထိပါ ကွန်ရက်ချဲ့ထွင် သွားမှာ ဖြစ်တယ် ဟု Telenor မြန်မာ၏ အမှုဆောင် အရာရှိချုပ် Mr.Petter Furber မှ ပြောသည်။

လက်ရှိတွင် တယ်လီနော ဆင်းမ်ကတ်များအား နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနှင့် မကွေး စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင် အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အင်တာနက် မြန်နှုန်းအား ပိုမို ကောင်းမွန်လာ စေရန် ထိုင်းနိုင်ငံမှ ဖိုက်ဘာ ဆက်ကြောင်းဖြင့် လာမည့် ဖေဖော်ဝါရီလ အတွင်း အပြီးသတ် ချိတ်ဆက် နိုင်ရေး စီစဉ်လျက် ရှိကြောင်း သိရသည်။

အခု ဖုန်းဆိုင်တွေမှာ တယ်လီနော ဆင်းမ်ကတ် လိုသလောက် ၀ယ်လို့ မရသေးဘူး။ တချို့ဆိုင်ဆို ရှိကို မရှိဘူးလို့ ပြောတယ် ဟု သုဝဏ္ဏ ဈေးမှ ကုန်စိမ်းသည် မအေးမြင့်က ဆိုသည်။ တယ်လီနော ဆင်းမ်ကတ် သုံးစွဲသူများ အသံကြည်လင် ပြတ်သားရန်နှင့် မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်ရန် လစဉ် တာဝါတိုင်များ တိုးချဲ့  တည်ဆောက် နေပြီး လက်ရှိတွင် တာဝါတိုင် (၅၂၃) တိုင်ဖြင့် ၀န်ဆောင်မှုပေးလျက် ရှိကြောင်း Telenor မြန်မာမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment