Wednesday 28 January 2015

သပိတ်မှောက် ကျောင်းသားများနှင့် ဦးအောင်မင်း၊ ပညာရေးဝန်ကြီးဌာန အရာရှိများနှင့် ယနေ့ ဆွေးနွေးမည်

ကျောင်းသား သပိတ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၇ ရက်က မန္တလေးတိုင်း မြင်းခြံမြို့မှ အထွက် ၅ မိုင်အကွာတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ပန်)
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သပိတ်မှောက်သည့် ကျောင်းသားများနှင့် တောင်သာမြို့တွင် လုံခြုံရေးယူထားသည့် အာဏာပိုင်များ ဇန်နဝါရီ ၂၇ ရက်က တင်းမာမှုဖြစ်ပွားခဲ့သော်လည်း ညှိနှိုင်းပြေ လည်ကာ ၂၈ ရက်တွင်လည်း နေပြည်တော်၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကျောင်းသား ကိုယ်စားလှယ် သုံးဦး တွေ့ဆုံမည်ဟု ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားသူများအဖွဲ့ ဦးဆောင်ကော် မတီမှ ကိုနန္ဒစစ်အောင်က မဇ္ဈိမကို ပြောသည်။

''ညှိလို့ရရင်တော့ သပိတ်စစ်ကြောင်း တွေရပ်မယ်။ ညှိနေတဲ့အချိန်ကတော့ သပိတ်စစ်ကြောင်းကတော့ ဆက်လက်ချီ တက်နေမှာပဲ'' ဟု ၎င်းက ပြောသည်။

ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီတွင်မူ ကျောင်းသားခေါင်းဆောင် သုံးဦးဖြစ်သည့် မဖြိုးဖြိုးအောင်၊ ကိုနန္ဒ စစ်အောင်၊ ကိုအောင်မှိုင်းဆန်းတို့ သုံးဦးက တာဝန်ရှိသူများနှင့် နေပြည်တော်တွင် တွေ့ဆုံကာ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)က ထုတ်ပြန်ထားသည့်အချက် ၁၁ ချက်ကို အဓိက ညှိနှိုင်းသွားမည်။

ဆွေးနွေးရာ၌ ပညာရေးဥပဒေများ ရေးဆွဲရာ၌ ကျောင်းသား၊ ဆရာ ကိုယ်စားလှယ်များပါဝင်ခွင့်ရရန်၊ ကျောင်းသား၊ဆရာ သမဂ္ဂများကို တရားဝင် အသိအမှတ်ပြုပြီး လှုပ်ရှားထူထောင်ခွင့်ပြုရန် အပါအဝင် ၁၁ ချက်ကို ကျောင်းသားများဘက်က တောင်းဆိုညှိနှိုင်းမည်။

သပိတ်စစ်ကြောင်းမှ ကျောင်းသား ၅ဝဝ ခန့်ကို တောင်သာမြို့အဝင်၌ ဇန်နဝါရီ ၂၇ ရက်တွင် အာဏာပိုင် များက စည်းသုံးစည်းချကာ ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ခဲ့ပြီး အခြေအနေတင်းမာခဲ့သည်။ စည်းသုံး စည်း သတ်မှတ်ကာ လုံခြုံရေးရဲများ၊ ရဲကားများ၊ မီးသတ်ကားများ၊ လူနာတင်ယာဉ်များဖြင့် ပိတ်ကာ စောင့်ဆိုင်း ခဲ့ခြင်း ဖြစ်သည်။ ထိုစည်းများ၏ ရှေ့တွင် သံဆူးကြိုးများကိုလည်း ကာရံထား ခြင်းဖြစ်သည်။

ညနေပိုင်းတွင် မန္တလေးတိုင်း ပညာရေးဝန်ကြီး၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးတို့က တောင်သာမြို့သို့ သွားကာ ဆန္ဒပြမှုကို ခေတ္တ ရပ်ဆိုင်းရန်နှင့် ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံရန် ညှိ နှိုင်းခဲ့သည်။

''ကျွန်တော်တို့ကို ရှေ့ကလည်းပိတ်ထားတယ်။ နောက်ဘက်ကလည်း လုံခြုံရေးအင်အားနဲ့ ပိတ်ထား တယ်။ ဖွင့်ခိုင်းတော့လည်း မဖွင့်ပေးဘူး။ မိုးချုပ်တော့မယ် ညနေ ၅ နာရီကျော်နေပြီ။ အဲဒါနဲ့ ကျွန်တော်တို့ မိနစ် ၂ဝ အချိန်ပေးမယ်။ မဖယ်ရင် ဆက်လက်ချီတက်မယ်ဆို ရှေ့တိုးသွားတာ စည်းသုံးစည်း ရှေ့က သံဆူးကြိုးတွေကို ဖယ်လိုက်တဲ့အဆင့် ရောက်သွားတယ်''ဟု ကိုနန္ဒစစ်အောင်က ဆိုသည်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေသော ကျောင်းသားသပိတ် စစ်ကြောင်းများ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန် ရည်ရွယ်ချက်ဖြင့် သပိတ်စစ်ကြောင်းများ ဖြန့်ကျက် ထွက်ခွာ၍ သပိတ်အရှိန်မြှင့်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့မှ အတွင်းရေးမှူး ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောထားသည်။

ဇန်နဝါရီ ၂၆ ရက်မှ စ၍ မန္တလေး သပိတ်စစ်ကြောင်း၊ ဧရာဝတီ သပိတ်စစ်ကြောင်း၊ ထားဝယ်သပိတ်စစ် ကြောင်း၊ မြေလတ်သပိတ်စစ်ကြောင်း စသည်ဖြင့် သပိတ်စစ်ကြောင်းများဖြန့်ကျက်၍ ရန်ကုန်သို့ ချီတက် ကာ ရန်ကုန်၌ ထိုင်သပိတ်ဆင်နွှဲရန် စီစဉ်ထားသည်။

အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ပြင်ဆင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ခင်စန်းရီက အဆိုပါ ဥပဒေပါ အချက်များအနက် ပြင်ဆင်သင့်သည့် အချက်များကို ပြင်ဆင်သွားကာ လွှတ်တော်သို့ ပေးပို့မည်ဖြစ်ပြီး လွှတ်တော်အပိုင်းကလည်း ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးဆောင်ရွက် ပေးစေ လိုကြောင်း ပြောကြားခဲ့သည်။

ယင်းအစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ခင်စန်းရီ၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့် တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီ၊ ပြည်သူ့လွှတ်တော် ကော်မတီများမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Mizzima - News in Burmese 

No comments:

Post a Comment