Wednesday 28 January 2015

CIA အရာရှိဟောင်းတစ်ဦး သူလျှိုမှုအတွက် အပြစ်ရှိကြောင်းတွေ့ရ

အီရန်၏ နျူကလီးယားအစီ အစဉ်အား လျှို့ဝှက်ဖျက်ဆီးရန် ကြံစည်ထားသည့် အသေးစိတ်အစီ အစဉ်သည် အမေရိကန်ထောက် လှမ်း ရေးအေဂျင်စီ (CIA) ၏ လုံခြုံမှုအဆင့်အတန်းရှိ အစီအစဉ်ဖြစ်သည်။ 

ထိုအစီအစဉ်ကို CIA အရာရှိဟောင်းတစ်ဦးက နယူးယောက် တိုင်းမ်သတင်းထောက် တစ်ဦးသို့ ပေါက်ကြားစေခဲ့ခြင်းအတွက် ထိုသူကို သူလျှိုလုပ်မှုဖြင့် စွဲချက်တင်ပြီး အပြစ်ဒဏ်စီရင်ချက်ချလိုက်ကြောင်း သိရသည်။

အသက် ၄ရနှစ်ရှိ ဂျက်ဖရီစ တာလင်သည် ဗာဂျီးနီးယားပြည်နယ် အလက်ဇန္ဒြီးယာရှိ တရာရုံးတွင် တရားစွဲဆိုမှုကိုးမှုနှင့် ရင်ဆိုင်နေရ သည်။ ထိုအမှုများတွင် ၎င်း၌အပြစ် ရှိသည်ကို တရားသူကြီးများက တွေ့ ရသည်။

လုံခြုံမှုအဆင့်ရှိ သတင်းများ သည် ကျွန်ုပ်တို့၏ တိုင်းပြည်ကာကွယ် ရေးအတွက် အရေးကြီးကြောင်း၊ ထိုအရေးကြီးသတင်း များကို ပေါက်ကြား စေခြင်းသည် စတာလင်က CIA အ ပေါ်သစ္စာဖောက်ခြင်းဖြစ်ကြောင်း အမေရိကန်ရှေ့နေ ဒါနာဘိုအင့်တေး က မှတ်ချက်ပေးသည်။

စတာလင်သည် လျှို့ဝှက်သ တင်းအချက်အလက်များကို အခွင့် မရှိဘဲ ပေါက်ကြား စေခွင့် မရှိကြောင်း ဒါနာဘိုအင့်တေးက ဆိုသည်။

စတာလင်အပေါ် ချမှတ်ထား သည့်အပြစ်ဒဏ်မှ ကင်းလွတ်စေရန် ကြိုးပမ်းမည်ဖြစ် ကြောင်း၊ ထိုသို့ကြိုးပမ်း ချက် မအောင်မြင် လျှင်လည်း အယူခံဝင်မည်ဖြစ်ကြောင်း စတာလင် ၏ရှေ့နေ အက်ဒွါမက်မာဟွန်ဂျူနီ ယာက ဆိုသည်။

အီရန်၏ နျူကလီးယားအစီအစဉ်ကို ဖျက်ဆီးမည့် လုံခြုံရေးအဆင့်ရှိ အစီအစဉ် လုပ်ငန်း တွင် စတာလင် အား ၁၉၉၈ခုနှစ် နိုဝင်ဘာလ မှ ၂၀၀ဝပြည့်နှစ် မေလအထိ တာဝန်ပေးခဲ့သည်ဟု အရာရှိများကဆိုသည်။ ထိုတာဝန်ကိုပင် ၂၀၀၀ ပြည့် နှစ် မေလ၌ ၎င်းအားပေးခဲ့ပြန်သည်။

နောက်ပိုင်း၌ ၎င်းသည် CIA အပေါ် သစ္စာဖောက်ခဲ့သည်ဟု စွဲချက်တင် ခံရသည်။

Ref : AFP
Democracytoday 

No comments:

Post a Comment