Wednesday 28 January 2015

ကျောင်းသားများ၏ တောင်းဆိုမှုများအား လိုက်လျောပေးမည်ဟုဆို

နေပြည်တော်- နေပြည်တော်ပညာရေးဝန်ကြီးဌာနတွင် ယနေ့ပြုလုပ်နေသည့် သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်များနှင့် အစိုးရတာဝန်ရှိသူတို့တွေ့ဆုံရာတွင်  ကျောင်းသားများ၏ တောင်းဆိုမှုများအား အစိုးရ ဘက်မှ လိုက်လျောပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရ၊ လွှတ်တော်၊ NNER နှင့် ကျောင်းသားသမဂ္ဂတို့ ပါဝင်သည့် လေးပွင့်ဆိုင်တွေ့ဆုံရေးကိုလည်း လိုက် လျော ပေးမည်ဟု သိရပြီး၊ ကျောင်းသားများတောင်းဆိုသည့် အချက် ၁၁ ချက်ကိုမူ ဥပဒေ ကြောင်း များဖြစ်သည့် အတွက် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)တို့နှင့် တွေ့ဆုံညှိနှိုင်း၍ပြင်ဆင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲအား နံနက် ဆယ်နာရီ ၀န်းကျင်က စတင်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲစတင်ချိန်တွင် အထက်ပါ သဘောတူညီချက်များအား ဖတ်ပြခဲ့ခြင်းဖြစ်သည်ဟု 7Day သတင်းထောက်က သတင်းပေးပို့သည်။
ထို့နောက် ဆွေးနွေးပွဲအား တံခါးပိတ်၍ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ သပိတ်မှောက်ကျောင်းသားများဘက်မှ ကိုယ်စားလှယ်များဖြစ်သည့် ကိုနန္ဒစစ်အောင်၊ ကိုဇေယျာလွင်၊ ကိုအောင်မှိုင်းဆန်းတို့တက်ရောက်ပြီး တာဝန်ရှိသူများဘက်မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ပညာရေး ဒုဝန်ကြီး ဦးသန့်ရှင်း၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ဦးသိန်းဆွေနှင့် ပညာရေးဝန်ကြီးဌာန လက်အောက်မှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

ဆက်စပ်ဖတ်ရှုရန်.... ပညာရေးဥပဒေပြင်ဆင်ရန် အစိုးရနှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင် နှစ်ဦး ယနေ့ဆွေးနွေးမည်။

Day Daily 

No comments:

Post a Comment