Wednesday 28 January 2015

လက်ပံတောင်းတောင်အရေး တရုတ်သံရုံးရှေ့ ဆန္ဒပြခေါင်းဆောင်သူများကို အာမခံမပေး

တရုတ်သံရုံးအနီးတွင် လက်ပံတောင်းစီမံကိန်း ရပ်ဆိုင်း ရေးဆန္ဒပြသူ တစ်ရာကျော်ထဲမှတရားစွဲဆို ခံထားရသူ ခြောက်ဦးအား  အာမခံမပေးဘဲ စတုတ္ထမြောက်  ရုံးချိန်းအဖြစ်ဖေဖော်ဝါရီ ၂ ရက်တွင် ထပ်မံ ချိန်းဆိုလိုက် ကြောင်း သတင်းရရှိသည်။

ရန်ကုန်အနောက်ပိုင်းခရိုင် ဒဂုံမြို့နယ် တရားရုံးတွင် ဗိုလ်ကြီး ဟောင်း နေမျိုးဇင်၊ တင်ထွဋ်ပိုင်၊ ဦးသန်း ဆွေ၊  ဒေါ်နော်အုန်းလှ၊ ဒေါ်ခင်ဝင်း၊  ဒေါ်စိန်ထွေးတို့ ခြောက်ဦးကို  ဇန်န၀ါရီ ၂၇ ရက်၌ သုံးနာရီခန့်ကြာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်သို့  ထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်သည်။

ထိုခြောက်ဦးကို ဥပဒေနှင့် မညီသော စုဝေးမှု၊ ဆဲဆိုမှု၊ လုံ ခြုံရေးစည်းများ ဖြတ်ကျော်ဝင် ရောက်မှု ပုဒ်မများ အပါအ၀င် ပုဒ်မခုနစ်ခုဖြင့် ရဲတပ်ဖွဲ့က တရားစွဲထားခြင်း ဖြစ်သည်။

‘‘ဒီနေ့ တရားလိုဖြစ်တဲ့ ဒဂုံ မြို့နယ်စခန်းမှူးကို စစစ်တယ်။ အာမခံတောင်းတာကို ပြင်ဆင်မှု တပ်ပြီးမှ စဉ်း စားမယ်လို့ တရားသူကြီးက ပြောတယ်’’ဟု တရားစွဲခံရသူ ဦးသန်းဆွေ၏ဇနီးဒေါ်လွင်လွင်အောင်က ပြော သည်။

ရဲတပ်ဖွဲ့က တရားစွဲဆိုထား သူခုနစ်ဦးဖြစ်ပြီး ခြောက်ဦးသာအဖမ်းခံကာ ကျန်ရှိနေသော ဒေါက်တာ မြတ်နုခိုင်ကို တရားခံပြေးအဖြစ်ကြေညာထားပြီး စုံစမ်းဖော်ထုတ်နေကြောင်း  အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။

  ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၉ ရက် ညနေက ရန်ကုန်မြို့၊ တရုတ်သံရုံးအနီးတွင် လက်ပံတောင်းတောင်  စီမံကိန်းကန့်ကွက်သူ ၁၀၀ ကျော်နှင့် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များ ကြားထိပ်တိုက် တွေ့ ဆုံမှု များ ဖြစ်ပွားခဲ့သည်။

7Day DAILY 

No comments:

Post a Comment