Wednesday 28 January 2015

သစ်ခိုးထုတ်သော တရုတ်နိုင်ငံသားများအတွက် ယူနန်ပြည်နယ်အစိုးရ ဆောင်ရွက်ပေးရန်တောင်းဆို

ကချင်ပြည်နယ်တွင် မြန်မာ အစိုးရ၏ ဖမ်းဆီးခံထားရသော တရုတ်သစ်သမား ၁၅၀ ကျော်နှင့် သိမ်းယူခံ ထားရသော တရုတ် ယွမ်ငွေသန်းချီတန်သည့် သစ်ခွဲ လုပ်ငန်းသုံးပစ္စည်းများအတွက် ကြားဝင်ဆောင်ရွက် ပေးရန် ယူနန်ပြည်နယ်အာဏာပိုင်များကို တရုတ်သစ်လုပ်ငန်းရှင် ၂၃ ဦးကတောင်းဆိုလိုက်ကြောင်း ဘေဂျင်းတိုင်းမ် သတင်းစာ၌ ရေးသားထားသည်။

ယူနန်နယ်စပ် တန်ချုန်ခရိုင် တာဝန်ရှိသူများသို့ ပေးပို့သည့် အဆိုပါအသနားခံစာတွင် ဒေသ အတွင်း သစ်လုပ်ငန်း များလုပ် ကိုင်နေသည့် တရုတ်သစ်လုပ်ငန်းရှင် ၂၃ ဦးကပူးတွဲလက်မှတ်ရေးထိုးထားသည်။

အဆိုပါသစ်လုပ်ငန်းရှင်များ က ၎င်းတို့အနေဖြင့် သစ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ကချင် ပြည်နယ် လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)အဖွဲ့ဝင်ဟောင်းများအား ငွေပေးပြီးရယူထားရသည်ဟုဆိုသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ အဆိုပါ သစ်များကို ကေအိုင်အေ အကူအညီဖြင့် တရုတ်နိုင်ငံသို့ ခိုးထုတ်နေကြောင်း ဘေဂျင်း တိုင်းမ်သတင်းစာက  ရေးသား ဖော်ပြသည်။ 

7Day DAILY 

No comments:

Post a Comment