Saturday 31 October 2015

တောင်ကြီးမြို့တွင် ပညာရေးနှင့် ရဲဝန်ထမ်း အများဆုံး ကြိုတင်မဲပေး

တောင်ကြီးမြို့တွင် အောက်တိုဘာ ၂၉ ရက်မှစတင်၍ ရွေးကောက်ပွဲကာလအတွင်း ခရီး ထွက်မည့် ၀န်ထမ်းများ၊ ရွေး ကောက်ပွဲကို လုံခြုံရေးယူပေးမည့် ရဲတပ်ဖွဲ့ဝင်များ အပါအ၀င်ဌာနဆိုင်ရာ ၀န်ထမ်းအချို့ ကြိုတင်ဆန္ဒမဲများစတင်ပေးနေပြီး ပညာ ရေးနှင့် ရဲတပ်ဖွဲ့ဝင်များ မဲပေးမှု အများဆုံးဖြစ်ကြောင်း ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများထံ မှ သတင်းရရှိသည်။
ရွေးကောက်ပွဲနေ့တွင် လုံခြုံ ရေးတာဝန်ယူဆောင်ရွက်ရမည့် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများ နှင့် ပညာရေးဌာနမှ ၀န်ထမ်းများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိသည် ဟု ရေအေးကွင်းရပ်ကွက်ကော်မ ရှင်(အဖွဲ့ခွဲ)ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။
‘‘၂၉ ရက်က စတင်ပြီးတော့ ဌာနဆိုင်ရာ တာဝန်ရှိဝန်ထမ်း တွေ၊ တာဝန်နဲ့ခရီးထွက်မယ့် ၀န် ထမ်းတွေ လုံခြုံရေးယူပေးရမယ့် ရဲတပ်ဖွဲ့တွေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ပြီးတော့ ကြိုတင်မဲရုံဖွင့်လှစ် ရခြင်းဖြစ်တယ်’’ဟု ဦးကျော်မြင့် က ပြောသည်။
ကြိုတင်ဆန္ဒမဲလာရောက် ပေးသူဦးရေ အတိအကျကိုမူ မ သိရှိရသေးဘဲ မဲရုံစောင့်ကြည့် လေ့လာရေးအဖွဲ့များကို လေ့လာ ခွင့်ပြုထားပြီး သက်ဆိုင်ရာနယ် မြေအလိုက် ပညာရေးနှင့် ရဲဝန် ထမ်းများ ကြိုတင်ဆန္ဒမဲပေးမှု အ များဆုံးရှိနေသည်ဟု ဦးကျော်မြင့် က ပြောသည်။

ရွေးကောက်ပွဲနေ့တွင် မဲရုံ များ၌ တာဝန်ထမ်းဆောင်ကြ မည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံတာ ၀န်ရှိသူများနေရာတွင် ပညာရေး ၀န်ထမ်းများက တာဝန်ထမ်း ဆောင်ကြမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ ၀င်များကလည်း မဲရုံလုံခြုံရေးအ တွက် စောင့်ကြပ်ရမည်ဖြစ်ရာ ကြိုတင်မဲပေးရာတွင် အဆိုပါဝန်ထမ်းများ ပိုများနေခြင်း ဖြစ်သည်။
ဝန်ထမ်းများအနေဖြင့် ကြို တင်ဆန္ဒမဲပေးရာတွင် ဌာနဆိုင် ရာ အကြီးအကဲ၏ ထောက်ခံ ချက်၊ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ တွင် မဲစာရင်းပါဝင်မှုရှိရန်နှင့်မှတ် ပုံတင်ယူဆောင်လာရန် လိုအပ် ကြောင်း ရပ်ကျေးကော်မရှင်အဖွဲ့ ခွဲရုံးမှ သတင်းရရှိသည်။
ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် သတ်မှတ်နယ်မြေအ လိုက် မဲရုံတစ်ရုံအတွက် ကြိုတင် ဆန္ဒပြုမဲပုံးတစ်ပုံး သတ်မှတ်ပေး ထားပြီး နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီမတိုင်မီ သက်ဆိုင်ရာ မဲရုံ မှူးထံသို့ အပ်နှံရမည်ဟု ဦးကျော် မြင့်က ပြောသည်။
‘‘ဒီနေ့ ကြိုတင်မဲလာပေးတာ တော့ မူးယစ်တပ်ဖွဲ့တို့၊ သတင်း တပ်ဖွဲ့တို့အစရှိတဲ့ လုံခြုံရေးဝန် ထမ်းတွေများပါတယ်။ ကြိုတင်မဲ တွေကိုလည်း ရပ်ကွက်အုပ်ချုပ် ရေးမှူးအခန်းထဲမှာ သိမ်းဆည်း ထားမှာပါ။ စာရွက်စာတမ်းတွေ ကိုလည်း စောင့်ရှောက်ပေးမယ်။ ခြောက်နာရီ ပြည့်တာနဲ့ အခန်း တံခါးသော့ခတ်မှာ ဖြစ်ပါတယ်’’ ဟု ကျောင်းကြီးစုရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
ကြိုတင်ဆန္ဒမဲ လာရောက် ပေးနေသည့် ပြည်သူ့ရဲဝန်ထမ်းအ ချို့ကိုမဲပေးခြင်းနှင့် ပတ်သက်၍မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန် ကြပြီး မိမိနှစ်သက်သည့်ပါတီကို လွတ်လပ်စွာပေးခဲ့သည်ဟု ၀န် ထမ်းအချို့က ပြောသည်။
ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲ ပေးခွင့်ကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ သတ်မှတ်ထားပြီး အများပြည်သူ များအနေဖြင့် နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် ကြိုတင်ဆန္ဒမဲပေးနိုင် မည်ဟု တောင်ကြီးမြို့ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရ ရှိသည်။
တောင်ကြီးမြို့ မဲဆန္ဒနယ် မြေ (၁)နှင့် မဲဆန္ဒနယ်မြေ (၂)တို့ တွင် မဲပေးနိုင်သူ ၂၅၇,၇၁၈ ဦးရှိပြီး မဲရုံပေါင်း၂၁၀ ထားရှိထား ကြောင်း ရှမ်းပြည်နယ် ကော်မရှင် အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။
7 day

No comments:

Post a Comment