Thursday 29 October 2015

သပိတ်ကျင်းမြို့နယ်ရှိ ရွှေတူးရွှေ့ပြောင်းလုပ်သားများ ရွေးကောက်ပွဲ ဗဟုသုတအားနည်း

မန္တလေးတိုင်းဒေသကြီး တွင် ရွှေထွက်သည့်ဒေသတစ်ခု ဖြစ်သော သပိတ်ကျင်းမြို့နယ် ရွှေတောများအတွင်း နေထိုင် သည့် ရွှေလုပ်သားများသည် ရွေး ကောက်ပွဲနှင့်ပတ်သက်၍ ဗဟုသု တအား နည်းနေကြောင်း အောက်တိုဘာ၂၇ရက်က သပိတ်ကျင်းမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်း များသို့ သွားရောက်မေးမြန်းချက် အရ သိရသည်။‘‘မသိပါဘူး။ တချို့ကျတော့ လည်း မဲပေးဖို့ ပြန်သွားကြတယ် ပြောတယ်။ ၀န်ထမ်းတွေကိုတော့ ကုမ္ပဏီက စီစဉ်ထားတယ်ပြော တယ်။ မဲဆွယ်စည်းရုံးတာတွေ မလာပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ကြားဖူးပါတယ်။ အဒေါ်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးတွေ ဘာတွေမသိဘူး။ မဲဘယ်သူ့ကို ပေးရတယ်။ ဘာလို့ပေးရတယ်ဆိုတာ မသိဘူး။ အဒေါ်တို့ ကတော့ စစ်ကိုင်းနယ်ဘက်က ဒီကိုလာလုပ်တာပါ’’ဟု  ကုမ္ပဏီ ကွင်းအတွင်း နေထိုင်သူ ရွှေလုပ် သားမိသားစုဝင်တစ်ဦးက ပြော သည်။

ရွေးကောက်ပွဲနှင့်ပတ်သက် ၍ စိတ်ဝင်စားမှု မရှိခြင်းမှာ စား ၀တ်နေရေးအတွက် အလုပ်ကို နေ့ရော ညပါလုပ်ကိုင်နေရခြင်း ကြောင့် အားလပ်ချိန်မရှိခြင်း၊ ပြင်ပဗဟုသုတများနှင့် အလှမ်း ဝေးသဖြင့် နိုင်ငံရေးနားမလည် ခြင်းကြောင့် ဖြစ်သည်ဟု ညပိုင်း ရွှေလုပ်သားတစ်ဦးက     ပြော သည်။

ကုမ္ပဏီဝန်ထမ်းများ မဲပေး ရန်ကိစ္စနှင့်ပတ်သက်၍ ထာဝရ ရွှေတူးဖော်ရေးကုမ္ပဏီ၏ မန်နေ ဂျာဦးစောချစ်ညွန့်က ၎င်းတို့ ကုမ္ပဏီက ရွှေလုပ်သားအားလုံး မဲပေးနိုင်ရန် ပုံစံ၃(က)ဖြင့် လျှောက်ထားပေးပြီးဖြစ်ကြောင်း နိုဝင်ဘာ ၈ရက် မဲပေးရမည့်ရက်တွင် ရွှေတူးဖော်ရေး လုပ်ငန်းရပ်ဆိုင်းထား၍ မရသော်လည်း အလုပ်သမားများကို အဖွဲ့များခွဲ၍ အားလုံးမဲပေးနိုင်ရန်   စီစဉ်ထားသည်ဟု ပြောသည်။သပိတ်ကျင်းမြို့နယ်အ တွင်း မဲဆွယ်စည်းရုံးမှုများနှင့်ပတ် သက်၍ ပါတီကိုယ်စားလှယ် လောင်းများက လမ်းပန်းဆက် သွယ်ရေး မကောင်းသောကြောင့် မဲဆွယ်စည်းရုံးရာတွင် အခက်အ ခဲများရှိကြောင်း၊ ရွှေလုပ်သားများ ကို မဲဆွယ်ရာတွင် ကုမ္ပဏီများနှင့် ညှိနှိုင်းပြီးမှသာ အလုပ်သမားများ အားလပ်သည့် အချိန်များတွင် သွားရောက်မဲဆွယ်ရကြောင်း ပြောသည်။

‘‘လူဦးရေ သိပ်သည်းဆက မရှိပါဘူး။ မြို့နယ်က ကျယ်တော့ သွားရေးလာရေး ခက်ခဲပါတယ်။ တစ်ရွာနဲ့ တစ်ရွာ အုပ်စုတစ်ခုက နေ တစ်ခုကူးတဲ့နေရာမှာ ဆိုင် ကယ်တွေနဲ့ပဲ သွားရတယ်။ တချို့နေရာတွေမှာ ခြေလျင် လျှောက်ရတယ်။ ဆက်သွယ်ရေး ကလည်း ခက်ခဲတယ်။ ရာသီဥတု ကလည်း မကောင်းတော့ ရွှံ့တွေ၊ ဗွက်တွေထဲ သွားရတယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါက်တာအောင် နိုင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအ တွင်းရှိ မြို့နယ်များတွင် သပိတ် ကျင်းမြို့နယ်သည် ရွှေ့ပြောင်း လုပ်သားများပြားသည့် မြို့နယ် တစ်ခုဖြစ်ပြီး အောက်တိုဘာ ၂၈ ရက် နောက်ဆုံးစာရင်းအရ မဲပေးခွင့်ရှိသူ ဦးရေ ၉၅,၁၁၄ ရှိသည့်အနက် ပုံစံ၃(က)ဖြင့် လျှောက်ထားသည့် ရွှေ့ပြောင်း လုပ်သား ၁,၄၉၄  ဦးရှိသည်။

မြို့နယ် ရွေးကောက်ပွဲကော် မရှင်က   ရွှေ့ပြောင်းလုပ်သား များ မဲပေးနိုင်ရေးအတွက် အသိ ပညာပေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခဲ့သော်လည်း အလုပ် သမားများ   စိတ်ဝင်စားမှုမရှိ ခြင်း၊ နေထိုင်မှု မတည်မြဲခြင်းတို့ ကြောင့်     အောင်မြင်မှုမရှိခဲ့ ကြောင်း သပိတ်ကျင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတိုးတိုးက ပြောသည်။
7 day

No comments:

Post a Comment