Wednesday 14 October 2015

ပုဂ္ဂလိက တယ်လီဖုန်းတာဝါတိုင်စိုက်ထူမှု ရပ်ကွက်နေပြည်သူအချို့ ကန့်ကွက်


 တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ စဥ့်ဟယ် (၁) ရပ် ကွက်၊ နယ်မြေ (၁) အတွင်းရှိ လူ နေခြံဝင်းတစ်ခုအတွင်း စတင်စိုက်ထူနေသည့် ပုဂ္ဂလိကတယ်လီနော ဆက်သွယ်ရေးတာဝါတိုင်ကို ရပ်ကွက်နေပြည်သူ ၃၀ ဦးခန့်က လက်မှတ်ရေးထိုးကန့်ကွက်ထားကြောင်း သတင်းရရှိသည်။
စဥ့်ဟယ် (၁) ရပ်ကွက်၊ နယ်မြေ (၁) အတွင်းနေထိုင်သူ ၃၀ ဦးခန့်က အောက်တိုဘာလဆန်းက ရှမ်းပြည် နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနအသီးသီးထံသို့ လိပ်မူကန့်ကွက်တိုင်ကြားထားကြသည်ဟု ကန့်ကွက်ရာတွင် ပါဝင်သူ ဒေါ်မြင့်မြင့်ဟန်က ပြောသည်။ ‘‘တာဝါတိုင်က နှိုးတဲ့စက် တွေရှိတယ်။ အဲဒီက ဆူညံသံတွေ အဲဒီကနေ ထွက်လာမယ့် အနံ့တွေကို ကျန်းမာရေးအတွက် ကန့်ကွက်ရခြင်း ဖြစ်တယ်။ နောက်ပြီး သ ဘာဝဘေးအန္တရာယ်ကိုလည်း စိုးရိမ်လို့ ကန့်ကွက်တာပါ။ ပြည်နယ်ဝန်ကြီးချုပ်ဆီကိုလည်း လိပ်မူပြီး တိုင်ကြားထားပါတယ်’’ဟု ဒေါ် မြင့်မြင့်ဟန်က ပြောသည်။

လူနေအိမ်အနီး ရပ်ကွက်အ တွင်း ဆက်သွယ်ရေးတာဝါတိုင်လာရောက်တည်ဆောက်နေ သည့်အတွက် ကန့်ကွက်လက် မှတ်ရေးထိုးရခြင်းဖြစ်သည်ဟု ကန့်ကွက်ရာတွင် ပါဝင်သူအများ စုက ပြောသည်။
ရွှေညောင်မြို့ အခြားနေရာတွင် စိုက်ထူထားသည့် တာဝါတိုင်တစ်ခုသို့ သွားရောက်လေ့လာ ခဲ့ပြီး အနီးဝန်းကျင် အိမ်သံပန်းတံ ခါးများ တုန်ခါမှု၊ ဆီနံ့ထွက်ရှိမှု၊ ရေချိုးခန်းများ တုန်ခါမှုတို့ကို တွေ့ရှိခဲ့ရသည့်အတွက် ကန့်ကွက်ရ ခြင်း ဖြစ်သည်ဟု  စဥ့်ဟယ် (၁) ရပ် ကွက်နေ ဒေါ်မြင့်မြင့်ဝင်းက ပြော ကြားသည်။‘‘အခုထောင်နေတဲ့ တာဝါတိုင်ကလည်း အိမ်နဲ့ နီးလို့ သက် ဆိုင်ရာလူကြီးတွေဆီကို ဓာတ်ပုံ မှတ်တမ်းတွေနဲ့ တင်ထားပြီးပါပြီ။ အခြေအနေကိုကြည့်ပြီး ဆန္ဒဖော် ထုတ်သင့်ရင် ဆန္ဒဖော်ထုတ်သွား မယ်’’ဟု ဒေါ်မြင့်မြင့်ဝင်းက ပြောသည်။ စဥ့်ဟယ်ဒေသခံ ရပ်ကွက် နေ ပြည်သူ ၃၀ ၀န်းကျင်က ကန့် ကွက်နေမှုနှင့် ပတ်သက်၍ ဆက်သွယ်ရေးတာဝါတိုင်တည် ဆောက်နေရန် တာဝန်ယူထားသည့်  ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရရှိပါ။
7 day

No comments:

Post a Comment