Wednesday 14 October 2015

မင်းလှမြို့နယ်တွင် ချောင်းရေစီးအတွင်း လူခုနစ်ဦးမျောပါ


မကွေးတိုင်းဒေသ ကြီး မင်းလှမြို့နယ်တွင်ချောင်းရေ ကြီးမှုကြောင့် ဓာတ်ကုန်းချောင်းနံ ဘေးရှိ ယာခင်းများအတွင်း တဲ ငယ်များဆောက်လုပ်နေထိုင်သူ များအနက် ခုနစ်ဦး ရေစီးနှင့်မျော ပါသွားခဲ့ကြောင်း သရက်ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အောက်တိုဘာ ၁၂ ရက် နံ နက် ၁ နာရီ မိနစ် ၃၀ ခန့်က အဆိုပါ  ငနောင်မုန်းကျေးရွာအနီး ဓာတ်ကုန်းချောင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ချောင်းရေကြီးမှု ဖြစ်ပေါ်ခဲ့ကာ ချောင်းကမ်းနံဘေး ယာခင်းများအတွင်း ယာယီတဲငယ်များဖြင့် နေထိုင်ကြ သော မိသားစုများ မျောပါသွား ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက အတည်ပြုပြော သည်။
ချောင်းရေဖြင့် မျောပါသွား သူများသည် အခြားမြို့နယ်များမှ လာရောက်ပြီး ပျံကျလုပ်ကိုင်စား သောက်သည့် မိသားစုများဖြစ် ကြောင်းနှင့် မြိုင်မြို့နယ်မှ အမျိုး သားသုံးဦး၊ မင်းဘူးမြို့နယ်မှ အ မျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ် ဦးတို့ဖြစ်ကြောင်း ၎င်းကပြော သည်။

အိပ်မောကျနေချိန် နံနက် စောစောတွင် ရုတ်တရက် ရေကြီး မားစွာ ကျဆင်းလာသဖြင့်မျောပါ သွားခြင်းဖြစ်နိုင်ကြောင်း အဆိုပါ ငနောင်မုန်းချောင်း ရေနံမှော်၌ လုပ်ကိုင်နေသည့် လုပ်သားတစ် ဦးကပြောသည်။

ချောင်းရေစီးဖြင့် မျောပါ သွားသူများကို ဒေသဆိုင်ရာအာ ဏာပိုင်များနှင့် ကူညီကယ်ဆယ် ရေးအဖွဲ့များက ရှာဖွေနေပြီး အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းအထိ ပျောက်ဆုံးနေသူ ခုနစ်ဦးအနက် သုံးဦးရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ခရိုင်ရဲအရာရှိကပြောသည်။

ရုပ်အလောင်းတွေ့ရှိခဲ့သူ များအတွက် သေမှုသေခင်းဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသူများကိုလည်း ရှာဖွေမှု များပြုလုပ်လျက်ရှိကြောင်း ၎င်း ကပြောသည်။
7 day

No comments:

Post a Comment