Tuesday 13 October 2015
ထိုင်းဆန်ဟု သံသယရှိသော ဆန်အိတ် ၂၀၀ ကို စစ်ဆေးနေ
ပဲခူး-ညောင်းခါးရှည် လမ်းကြောင်းမှ ဝင်ရောက်လာ သည့် ဆန်အိတ်နှစ်ရာကို ထိုင်း ဆန်များဟု သံသယရှိသော ကြောင့် ဓာတ်ခွဲစမ်းသပ်ရန် တရားမဝင်ကုန်သွယ်မှု တားဆီးရေးဗဟို (Mobile Team) က သိမ်းဆည်း ထားကြောင်း သတင်းရရှိသည်။
ပြည်တွင်း ဆန်ဈေးကွက်သို့ ထိုင်းနိုင်ငံမှ ဆန်များ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာ သည်ဟု သတင်းများပျံ့နှံ့နေခြင်း ကြောင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ တင်ဆောင်လာဖွယ်ရှိသည့် ဆန် အိတ်နှစ်ရာကို ဝေါမြို့အနီးတွင် အောက်တိုဘာ ၁၁ ရက်က သိမ်း ဆည်းခဲ့ခြင်းဖြစ်သည်။
‘‘စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဌာနက လယ်ယာ ထွက်ကုန် ဓာတ်ခွဲစမ်းသပ်ခန်းမှာ စမ်းသပ်ဖို့ ပို့ထားတယ်။ ထိုင်း ဆန်ဆိုရင် တရားမဝင်ကုန်သွယ် မှုနဲ့ အရေးယူသွားမယ်’’ ဟု Mobile Team မှ ဒုတိယညွှန်ကြား ရေးမှူးတစ်ဦးက ပြောသည်။
ယခု စစ်ဆေးနေသည့် ဆန် များသည် ထိုင်းဆန်ဖြစ်ပါက တရားမဝင်တင်သွင်းကုန်များအ ဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး စား သုံးရန်သင့်လျော်သည့် ဆန်များ ဖြစ်ပါက ပြည်တွင်းစားသုံးရန် လေလံတင် ရောင်းချမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ပြည်တွင်းဈေးကွက်သို့ ထိုင်းဆန်များသည် ပြီးခဲ့သည့် လကုန် မှစတင်၍ တစ်နေ့လျှင် ဆန်အိတ် တစ်ရာခန့် မြဝတီလမ်းကြောင်းမှ ဝင်ရောက်နေကြောင်း ဆန်ကုန် သည်များက ပြောသည်။
ထိုင်းဆန်ကြမ်း တစ်အိတ် လျှင် ၂၄,၀၀၀ ကျပ်ခန့် ပေါက် ဈေးရှိပြီး ပြည်တွင်းဆန်ကြမ်း တစ်အိတ်လျှင် ၂၅,၀၀၀ ကျပ်ခန့် ပေါက်ဈေးရှိကြောင်း ဆန်ကုန် သည်များထံက သိရသည်။
ထိုင်းနိုင်ငံထုတ် ဆန်များဖြစ်သည့် ဘာစမာတီနှင့် ဆီးချိုဆန် အမျိုးအစားများမှာ ဈေးဝယ်စင် တာများတွင် ယခင်ကတည်းက ရောင်းချမှုများရှိသော်လည်း ပြည် တွင်းစားသုံးသူများ ကြိုက်နှစ် သက်မှု မရှိကြောင်း ဆန်ကုန် သည်များထံမှ သတင်းရရှိသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုများကြောင့် ပြည် တွင်းဆန်ဈေးများ မြင့်တက်ခဲ့ပြီး နောက် ပြည်တွင်းဆန်ဈေးကွက် သို့ ထိုင်းဆန်များ ဝင်ရောက်လာ ခြင်းဖြစ်သည်။
7 day
Subscribe to:
Post Comments (Atom)
No comments:
Post a Comment