Wednesday 8 April 2015

အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မဲဆန္ဒနယ်များ အား စတင်ရွေးချယ်နေ

၂ဝ၁၅ နှစ်ကုန်ပိုင်းတွင် ကျင်းပဖွယ်ရှိသည့် အထွေထွေ ရွေးကောက်ပွဲအတွင်း ပြည်ခိုင် ဖြိုးပါတီမှ ဝင် ရောက်ယှဉ်ပြိုင် ရန်အတွက် လက်ရှိအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မဲဆန္ဒ နယ်နေရာများကို စတင် လျာ ထားရွေးချယ်မှုပြုနေပြီဟု သတင်းရရှိသည်။

လက်ရှိတွင် အစိုးရအဖွဲ့ ဝင် ပြည်ထောင်စုဝန်ကြီးအများစုမှာ ရွေးကောက်ပွဲသို့ပါဝင် ယှဉ်ပြိုင်ကြ မည်ဖြစ် သဖြင့် အနိုင်ရခြေများမည့်နေရာများကို  စိစစ်ကာ ရွေးချယ်နေကြကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အသိုင်းအ ဝိုင်းမှ သိရသည်။

သမ္မတရုံးဝန်ကြီးများထဲမှ လူသိများသည့် အချို့မှာ တိုင်း ရင်းသားနယ်မြေများသို့ သွား ရောက်ယှဉ်ပြိုင် ကြမည်ဟု သတင်းရရှိထားပြီး အချို့သော ပြည်ထောင်စု ဝန်ကြီးများမှာ ရန် ကုန်နှင့် ၄င်းတို့၏ မွေးရပ် ဇာတိ တို့ တွင် ယှဉ်ပြိုင်ကြမည်ဟုသိရသည်။

လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီ သာမက တိုင်းရင်းသားပါတီအများ စုနှင့် နိုင်ငံရေးပါတီ အများစုတို့မှာ ၂ဝ၁၅ ရွေးကောက်ပွဲများအတွက် မြို့နယ်အလိုက် ကိုယ်စားလှယ်လောင်းလျာထားစာရင်းများကို ပြုစုနေကြ သော် လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကမူ အထွေထွေရွေးကောက်ပွဲအတွက် လှုပ် ရှားမှုတစ်စုံတစ်ရာ မလုပ်ကြသေး ပေ။

လွှတ်တော်တွင်းနှင့် အစိုးရအဖွဲ့ထဲ ၂ဝ၁ဝ ခုနှစ်က နေရာများစွာယူထားခဲ့သော ပြည်ခိုင်ဖြိုးပါတီမှ အကြံ ပေးအချို့နှင့် ထိပ်တန်းအဆင့်မြင့် ပုဂ္ဂိုလ်အချို့တို့သည် လာမည့်ရွေးကောက်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟု ပြောဆိုထားကြသော်လည်း စာ ရင်းအတိအကျဖြင့် မိခင်ပါတီ က တရားဝင် မကြေညာသေး ပေ။

ပြည်ခိုင်ဖြိုးပါတီအတွင်း သတင်းများအရ နိုင်ငံတော် သမ္မတသည်လည်း ရွေးကောက် ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည့်အပြင် လက်ရှိပါတီ ဥက္ကဋ္ဌဖြစ်သူ သူရ ဦးရွှေမန်း သည်လည်း ဝင်ရောက်ယှဉ်ပြိုင် မည်ဟု ပြောဆိုနေကြသည်။

အတိုက်အခံများဘက်က ၂ဝ၁၅ ရွေးကောက်ပွဲအပေါ် အယုံအကြည်မရှိဟု ပြောဆိုမှု များ ပြုနေကြသော် လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဘက်တို့က တရား မျှတမှုရှိစေရမည်ဟု အာမခံ ထားသည်။

ယခုလထဲတွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့ဝင်အသစ်များကို ဆက်တိုက်ခန့် ထားမှုပြုနေသည်။ 

PN-051
Popular News Journal 

No comments:

Post a Comment