Wednesday 8 April 2015

KIA တပ်ဖွဲ့ဝင်အချင်းချင်း ဆက်ကြေးအဝေမတည့်ရာမှ ပစ်ခတ်မှုဖြစ်ပွား

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အရက်သေစာ သောက်စားပြီး ဆက်ကြေးငွေ ကိစ္စဖြင့် အချင်းချင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။ 

ဧပြီလ ၇ ရက်နေ့ ၊ ညနေ ၅ နာရီအချိန်ခန့်တွင် အင်ဘာပါ စခန်းတွင် KIA အဖွဲ့ဝင်များသည် အရက် သေစာ များ သောက်စားနေစဉ် ဆက်ကြေးငွေ များ ပြန်လည်ခွဲယူရာတွင် အချင်းချင်း အဝေမတည့်ဖြစ် ကာ သေနတ်ဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းသို့ ပစ်ခတ်မှုကြောင့် ၁ ဦးသေ ဆုံးခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။ 

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ KIA အဖွဲ့များအနေဖြင့် ဆက်ကြေးငွေများ ခွဲဝေယူကြချိန်တွင်လည်းကောင်း၊ ဂိတ်များမှ ကောက်ခံရရှိသောငွေများအား ခွဲဝေချိန်တွင်လည်းကောင်း အချင်းချင်း အဝေမတည့်ဖြစ်ပြီး ပစ်ခတ်မှုများလည်း မကြာခဏဖြစ်ပွားလျက်ရှိကြောင်း ၎င်းတို့ဝင်ထွက် သွားလာ ဆက်ကြေးကောက်နေ သော ကျေးရွာများမှ ဒေသခံတစ်ဦးမှလည်း ပြောပြပါသည်။ 

ထို့အပြင် KIA ခေါင်းဆောင်ပိုင်းများအနေဖြင့် လက်အောက်ငယ်သားများ အပေါ် လစာ၊ ရိက္ခာများ ထောက်ပံ့ မှု နည်းပါးသောကြောင့် ဆက်ကြေးကောက်ပြီးဖြေ ရှင်းရာမှ ယခုကဲ့သို့ ပစ်ခတ်မှုများမကြာ ခဏဖြစ်ပွားကာ အသက်ဆုံးရှုံးသွားသူများ မနည်းတော့ကြောင်း သိရသည်။ 

“ဆက်ကြေးကောက်ပြီးရင် အရက်သောက် ဘိန်းရှူ ဒါပဲလုပ်နေကြတာ၊ အချင်းချင်းသတ်နေကြတာပဲ၊ ရွာသူ ရွာသားတွေကတော့ ပင်ပန်းဆင်းရဲစွာ ရှာဖွေစားသောက်ပြီး သူတို့အဖွဲ့ကို ဆက်ကြေးပေးနေရတယ်၊ သူတို့ ကတော့ သောက်လိုက် စားလိုက် လုပ်ပြီးဝေစုမတည်လို့ ပစ်သတ်နေကြ တယ်၊ ဒီလိုမျိုးဒုက္ခတွေ ဘယ်တော့များမှ ကျွတ်မလဲ မသိပါဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှလည်း ပြောကြားသွားသည်။ 

စိုင်းနေမျိုးအောင်
Credit >>> Kachin Daily News 

No comments:

Post a Comment