Wednesday 8 April 2015

မယ်ဟောင်ဆောင်ရှိ ကရင်နီဒုက္ခသည်စခန်းတစ်ခု မီးလောင်

ထိုင်းနိုင်ငံမယ်ဟောင် ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည် စခန်းတစ်ခု မီးလောင်ခဲ့၍ ဒုက္ခ သည်အိမ်ခြေ ၁၀၀ ကျော် လောင်ကျွမ်းခဲ့ပြီး လူရှစ်ဦးပျောက်ဆုံးနေကြောင်း ကရင်နီတိုးတက်ရေး ပါတီ (KNPP) ဒုဥက္ကဋ္ဌ ခူးဦးရယ် က ပြောသည်။

ဧပြီ ၇ ရက် နံနက် ၁၀ နာရီ ခန့်က ကရင်နီဒုက္ခသည်စခန်းရှိ ဈေးဆိုင်တစ် ဆိုင်၏ မီးဖိုချောင်မှ မီးစတင် ကူးစက်လောင် ကျွမ်းခြင်း ဖြစ်ကြောင်း ဒုဥက္ကဋ္ဌ ခူးဦးရယ်က ပြောသည်။ ဒုက္ခသည် စခန်းအ မှတ် (၁)၊ ရပ်ကွက် (၁)တွင် အိမ်ခြေ ၅၉ လုံး၊ ရပ်ကွက် (၁၂)တွင် အိမ်ခြေတစ်လုံးနှင့် ရပ်ကွက် (၁၉) တွင် အိမ်ခြေ ၆၉ လုံး မီးလောင် ကျွမ်းရာ စုစုပေါင်း အိမ်ခြေ ၁၂၉လုံးမီးလောင် သွားခြင်း ဖြစ်သည်။

‘‘၀ါးတွေ၊ ဖက်တွေနဲ့ လုပ် ထားတော့ မီးလောင်တာများသွား တာပေါ့။ ဈေးဆိုင်ကနေ စလောင်တာလို့ သိရပါတယ်။ မီးလောင် လို့ ခုလောလော ဆယ်တော့ လူရှစ်ယောက်ပျောက်နေတယ်လို့ ပြော တယ်။ ကယ်ဆယ်ရေးတွေ လုပ် နေတုန်းပါ။ မီးလောင်သွားလို့ လူ ငါးရာကျော် ဒုက္ခရောက်သွားပြန် တာပေါ့။ မီးလောင်လို့ ဒဏ်ရာရ တဲ့သူတွေလည်းရှိတယ်။ နောက်ပြီး စာသင်ကျောင်းတစ်ကျောင်း လည်းပါသွားတယ် ကြားတယ်’’ ဟု ခူးဦးရယ်က ပြောသည်။

မီးဘေးဒုက္ခသည်များအား အခြားဒုက္ခသည်ရပ်ကွက်များ သို့ နေရာချ ထားကြောင်း ၎င်းက ဆက်လက် ပြောသည်။

ကရင်နီဒုက္ခသည်စခန်းတွင် မြန်မာတိုင်းရင်းသားများဖြစ်သည့် ကရင်နီ၊ ကယားနှင့် ပဒေါင်းလူမျိုးများ နေထိုင်ကြကြောင်း သတင်းရရှိသည်။ ကရင်နီဒုက္ခသည်စခန်းအ မှတ် (၁) တွင် ရပ်ကွက်ပေါင်း ၁၇ ခုရှိပြီး အိမ်ခြေ ၂,၅၀၀ ခန့်ရှိကာ လူဦးရေ တစ်သောင်းကျော်နေ ထိုင်ကြောင်း သတင်းရရှိသည်။ ကရင်နီ ဒုက္ခသည်စခန်းသည် လွန် ခဲ့သည့် ၂၀၁၁ နှင့် ၂၀၁၃ ကလည်း မီးလောင်မှု တစ်ကြိမ်စီဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဧပြီ ၆ ရက်ညကလည်း မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်ဒုက္ခသည်စ ခန်းတစ်ခုဖြစ်သော မယ်လအူးဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိမ်ခြေခြောက်လုံးမီးလောင်ခဲ့သည်။

7Day DAILY 

No comments:

Post a Comment