Wednesday 8 April 2015

မူပိုင်ခွင့်နှင့်ဆိုင်သည့် ဥပဒေကြမ်းများ လာမည့်လွှတ်တော်တွင် အတည်ပြုနိုင်ဖွယ် ရှိဟုဆို

မြန်မာနိုင်ငံအတွက် မူ ပိုင်ခွင့်နှင့် သက်ဆိုင်သော ဥပဒေ ကြမ်းများကို လာမည့်လွှတ်တော် အစည်းအဝေး တွင် တင်သွင်းပြဋ္ဌာန်းနိုင်ရန် ကြိုးစားနေပြီဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာနမှ သတင်းရရှိသည်။

မူပိုင်ခွင့်ဆိုင်ရာဥပဒေများ ဖြစ်သော တီထွင်မှုဆိုင်ရာမူပိုင် ခွင့်ဥပဒေ၊ ဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ် ဆိုင်ရာ မူပိုင်ခွင့်ဥပဒေ နှင့် စာပေအနုပညာဆိုင်ရာမူပိုင် ခွင့်ဥပဒေမူကြမ်းများ ရေးဆွဲနေ သည်မှာ အတိုင်း အတာတစ်ခုအထိ ပြီးစီးနေပြီဖြစ်၍ လာမည့် လွှတ်တော်တွင် ယင်းဥပဒေကြမ်းလေးခုစလုံးကို တစ်ပြိုင်နက် တင်၍ ပြဋ္ဌာန်းနိုင်သည်အထိ လုပ်ဆောင်မည် ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ညွှန်ကြား ရေးမှူး ဒေါ်မိုးမိုးသွင်က ပြောကြားသည်။

ယင်းကဲ့သို့ ပြဋ္ဌာန်းနိုင်ရန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် မူပိုင်ခွင့်ရုံးတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာမှ မူပိုင်ခွင့်ဥပဒေစံနှုန်းများနှင့် ကိုက်ညီရန် ဆောင်ရွက်နေကြောင်း ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသွင် က ပြောသည်။

‘‘ရေးဆွဲတာက နောက်ဆုံး အဆင့်ထိ ပြီးနေပါပြီ။ ရှေ့နေချုပ်ရုံးကို နှစ်ခါတင်ပြီးသွားပြီလေ။ ဒါပေမဲ့ ဒီဥပဒေကြမ်းတွေကို လူတွေအနေနဲ့ ရင်းနှီးလာအောင် လူထု အသိပေးမှုတွေ ပြုလုပ်ဖို့လိုနေ သေးတယ်’’ဟု ၎င်းက ပြောသည်။လက်ရှိတွင် မြန်မာနိုင်ငံ၌မူပိုင်ခွင့်စောင့်ထိန်းမှုမှာ သုည အဆင့်သို့ ရောက်နေပြီး ပြည်သူ များအနေဖြင့် လူတစ်ဦးချင်းစီ၏ ဖန်တီးမှု၊ တီထွင်မှုနှင့် အနုပညာ တို့ကို တန်ဖိုးထားတတ်စေရန် လို အပ်နေကြောင်း မူပိုင်ခွင့်ဆိုင်ရာ ကျွမ်းကျင်ရှေ့နေ ဦးသန်းမောင် က ပြောသည်။ 

‘‘ဒီဥပဒေက တကယ်လိုအပ် လို့ ပြည်သူတွေကြားမှာ အသက်ဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ အမြန်ဆုံးပြဋ္ဌာန်းပြီး အရေး ယူရမှာပဲလေ။ မူပိုင်ခွင့်တင်တယ် ဆိုတာ အတ္တကြီးတာမဟုတ်ဘဲ ဖန်တီး သူတွေ ကို တန်ဖိုးထား တတ်ဖို့ လိုတာပါ’’ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံဖြစ်၍ အချို့နေရာများတွင် မူပိုင်ခွင့်ဥပဒေမှာ အသုံးချရန် အခက်အခဲရှိနိုင် ကြောင်း အရှေ့ပိုင်းခရိုင်ကော်မ တီဝင် ဒေါက်တာ စိုးထွန်းက ပြောကြားသည်။ ‘‘မူပိုင်ခွင့် တင်ရတဲ့ ဥပဒေမျိုးကြောင့် နိုင်ငံက ဆင်းရဲတဲ့အတွက်တချို့နေရာတွေမှာ သုံးစွဲရတဲ့ ပြည်သူတွေဘက်က ၀ယ်ရတာ၊ သုံးရတာ အဆင်မပြေဘဲ ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းတွေပဲ အမြတ် ရသွားတာမျိုးတွေ ဖြစ် မလားဆို တာလည်း စဉ်းစားစရာပါပဲ’’ ဟု ၎င်းက ဆက်လက်ပြောသည်။

7Day DAILY 

No comments:

Post a Comment