Wednesday 8 April 2015

ပြည်တွင်းထုတ်ဓာတ်ဆီ အစိုးရဈေးချသော်လည်း ဈေးကွက်တွင်း မကျ


ပုဂ္ဂလိကစက်သုံးဆီဆိုင်တွင် ဆီဖြည့်နေသော ယာဉ်များ(ဓာတ်ပုံ−နစ်ကီ)
 ပြည်တွင်းထုတ်ဓာတ်ဆီ ကို အစိုးရက အရောင်းဆိုင်များသို့ ဈေးနှုန်းလျှော့ချဖြန့်ချိပေးခဲ့သော် လည်း ပုဂ္ဂလိကအရောင်းဆိုင် အများစုမှာ ယခင်ဈေးနှုန်းအတိုင်း သာ ဆက်လက်ရောင်းချနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။
စွမ်းအင်ဝန်ကြီးဌာနအနေ ဖြင့် ပြည်တွင်းထုတ်ဓာတ်ဆီကို ဧပြီ ၃ ရက်မှစ၍ တစ်ဂါလန်လျှင်ကျပ် ၄၅၀ ခန့်လျှော့ချဖြန့်ချိပေးခဲ့ သော်လည်း ပုဂ္ဂလိကအရောင်းဆိုင်အများစုတွင် ဧပြီ ၇ ရက်အထိ ဈေးနှုန်း ပြောင်းလဲမှုမရှိသေးသည်ကိုတွေ့ရကြောင်း ယာဉ်မောင်း များက ပြောသည်။

‘‘ဘာကြောင့်ဈေးမပြောင်း သလဲဆိုတာတော့ မသိဘူး။ ကိုယ့်ကားကတော့ ပြည်တွင်းထုတ် ဓာတ်ဆီမထည့်ပါဘူး။ ဒါပေမဲ့ အစိုးရက ဈေးချပေးထားတယ် ဆိုတာ သတိထားမိပြီး ဈေးနှုန်း ကြည့်မိတာ အရင်အတိုင်းပဲရှိနေ သေးတယ်’’ဟု ဆေးဝါးကုမ္ပဏီ တစ်ခုမှ ယာဉ်မောင်းကိုအောင် တင့်ကပြောသည်။
စွမ်းအင်ဝန်ကြီးဌာနက ပြည် တွင်းထုတ်ဓာတ်ဆီကို ၂ နှစ်ခန့် အကြာ တစ်ဂါလန်လျှင် ကျပ်၃,၃၅၀ ဖြင့် ပုဂ္ဂလိက အရောင်းဆိုင်များသို့ ဖြန့်ဖြူးရောင်းချခဲ့ သည်။
ပုဂ္ဂလိကအရောင်းဆိုင်များ အနေဖြင့် တစ်ဂါလန်ကျပ် ၃,၇၀၀ (တစ်လီတာ ၈၁၄ ကျပ်)ဖြင့် ဈေးကွက်သို့ ပြန်လည်ရောင်းချပေးခဲ့ သည်။ ယခုဈေးနှုန်းလျှော့ချ ဖြန့်ချိပေးသော်လည်း ယခင်နှုန်းထား အတိုင်း ဆက်လက်ရောင်းချနေ ဆဲဖြစ်သည်။
ပြည်ပမှ တင်သွင်းသော စက်သုံးဆီများမှာ ၂၀၁၄ နှစ်ကုန် မှစ၍ ဈေးနှုန်းကျဆင်းနေခြင်း ကြောင့် ဧပြီလဆန်းမှစ၍ ဈေး လျှော့ချရန် သတ်မှတ်ခဲ့ခြင်းဖြစ် ကြောင်း စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချ ရေးဌာနမှ အကြီးတန်းအရာရှိက  ရှင်းပြသည်။
‘‘အစိုးရက လျှော့ပေးလိုက် ပေမယ့် ပြည်သူလူထုက ဈေး လျှော့တဲ့ရလဒ်ကို မခံစားရတာ တော့ သဘာဝမကျဘူးပေါ့။ အခု ကျင့်သုံးနေတဲ့ ဈေးကွက်စီးပွား ရေးစနစ်အရ သူတို့ကို အတင်း အကျပ်လျှော့ရောင်းရမယ်ဆိုပြီး ဖိအားပေးလို့လည်း မရဘူး။ အမှန်ဆိုဌာနက လျှော့လိုက်တဲ့ နှုန်းအ တိုင်း သူတို့ဘက်က ရိုးရိုးသား သားလျှော့ရောင်းသင့်တယ်’’ဟု ၎င်းက ဆိုသည်။
ဝယ်ယူထားပြီးဖြစ်သည့် လက်ကျန်ဆီများရှိနေသေးခြင်း ကြောင့် ဈေးချက်ချင်းချမပေးနိုင် ခြင်းဖြစ်သည်ဟု တာမွေမြို့နယ် ရှိ ပြည်တွင်းထုတ်ဓာတ်ဆီအ ရောင်းဆိုင်မန်နေဂျာ တစ်ဦးက ဆိုသည်။
‘‘ဈေးတက်ရင်သာ ချက်ချင်းတက်ပြီး ဈေးလျှော့ဖို့ကျတော့ အချိန်ဆွဲနေတာက စက်သုံးဆီ အရောင်းဆိုင်တွေရဲ့ သဘာဝလို ဖြစ်နေပြီ’’ဟု ကိုအောင်တင့်က ပြောသည်။
ပြည်တွင်းထုတ်ဓာတ်ဆီ ကို စွမ်းအင်ဝန်ကြီးဌာနမှ နိုင်ငံ တော်လုပ်ငန်းများအတွက် သုံးစွဲ ရန် ထုတ်လုပ်ခြင်းဖြစ်ပြီး ပိုလျှံ သော ဆီကိုသာ အများပြည်သူအ တွက် ဈေးကွက်သို့ တင်ပို့ရောင်းချပေးခြင်းဖြစ်သည်ဟု သိရ သည်။
ယင်းစက်သုံးဆီကို တစ်လ လျှင် ဂါလန်ခြောက်သန်းခန့်ထုတ် လုပ်ပြီး နိုင်ငံတော်ကဏ္ဍများအ တွက် တစ်သန်းကျော်သုံးစွဲကာ ဈေးကွက်သို့ လစဉ်ဂါလန် ငါးသန်းခန့်ကို ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
ယခင်က ယင်းစက်သုံးဆီမှာ လိုအပ်ချက်မြင့်မားစွာရှိခဲ့၍ မှောင်ခိုဈေးကွက်များပင် ပေါ်ပေါက်ခဲ့သည်။ ၂၀၁၁ နောက်ပိုင်း မော်တော်ယာဉ်အသစ်များ ၀င်ရောက်လာပြီးနောက် ယင်းယာဉ်များနှင့် ကိုက်ညီသော အရည်အ သွေးမြင့်စက်သုံးဆီသုံးစွဲမှုများ လာသဖြင့် ပြည်တွင်းထုတ် ဓာတ်ဆီရောင်းအားသိသာစွာ ကျဆင်းခဲ့ကြောင်း ဈေးကွက်မှတ်တမ်း များအရ သိရသည်။

No comments:

Post a Comment