Wednesday 8 April 2015

ကျူးဘားကို အကြမ်းဖက်နိုင်ငံ စာရင်းမှ ပယ်ဖျက်ရန် အမေရိကန် စဉ်းစားနေ

ကျူးဘားသမ္မတ ရာအူးလ်ကတ်စ်ထရို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ကျူးဘားကို အကြမ်း ဖက်စာရင်းသွင်းထားသည့် နိုင်ငံအဖြစ်မှ ပယ်ဖျက်ရန် အလေးအနက် စဉ်းစားနေကြောင်း သတင်းရရှိ သည်။

နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်မှုများ ရှိလာပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အကြမ်းဖက် သမားများကို ပံ့ပိုးကူညီနေသည်ဆိုသော စွပ်စွဲချက်ဖြင့် ကျူးဘားကို အကြမ်းဖက်နိုင်ငံအဖြစ် သတ်မှတ်ထားမှုအား ပယ်ဖျက်ပေးရန် ထောက်ခံလာဖွယ် ရှိနေသည်။

ဒေသတွင်း ညီလာခံ တစ်ခုတွင် အမေရိကန်သမ္မတ ဘာရတ်အိုဘားမားနှင့် ကျူးဘားသမ္မတ ရာအူးလ် ကက်စ်ထရိုတို့ အတူတက်ရောက် တွေ့ဆုံရန် ရက်ပိုင်းမျှအလိုတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ယခုလို သဘောထား ပြောင်းလဲလာခြင်း ဖြစ်သည်။

အိုဘားမား အစိုးရသည် အမေရိကန်၏ ရန်သူတော်အဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့သည့် ကျူးဘားနှင့် သံတမန်ရေးရာ ဆက်ဆံရေးကို တစ်ကျော့ပြန် ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ အိုဘားမားက ကျူးဘား အပေါ် အမေရိကန်၏  သတ်မှတ်ချက်နှင့် ပတ်သက်၍ ပြန်လည် ဆန်းစစ်ရန် အမိန့်ထုတ် ထားသည်။

အိုဘားမားသည် ဧပြီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဂျမေကာ၊ ပနားမား နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး အမေရိက နိုင်ငံများဆိုင်ရာ ညီလာခံသို့ တက်ရောက်မည်ဖြစ်ရာ ကက်စ်ထရိုနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံ ဖြစ်မည်ဟု သိရသည်။

အိုဘားမားသည် အမေရိကန်နှင့် ကျူးဘားတို့ကြား ရာစုနှစ် ငါးခုကြာ အေးခဲနေသော ဆက်ဆံရေးကို ပြောင်းလဲစေခဲ့ပြီး သမိုင်းဝင် သံတမန် ဆက်ဆံရေး ပြန်လည် အစပြုမှုကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက် တွင် သတင်းထုတ်ပြန် ကြေညာနိုင်ခဲ့သည်။ 

အမေရိကန် အစိုးရသည် ကိုလံဘီယာရှိ မာဆစ် သူပုန်များကို အကူအညီ ပေးမှုဖြင့် ကျူးဘားကို ၁၉၈၂ ခုနှစ် တွင် အကြမ်းဖက်နိုင်ငံစာရင်းသို့ ထည့်သွင်းခဲ့ကြောင်းလည်း သိရှိရသည်။ 

Ref: CNA
7Day DAILY 

No comments:

Post a Comment