Wednesday 8 April 2015

ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် နော်ဝေ NTNU တို့ ပူးပေါင်း၍ စီမံခန့်ခွဲမှု မဟာဘွဲ့ပေးမည့်အစီအစဉ် ဇွန်လတွင် စတင်မည်

ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် Norwegian University of Science and Technology(NTNU), Knowledge Development တို့ ပူးပေါင်းပြီးစီမံ ခန့်ခွဲမှုမဟာဘွဲ့ပေးမည့်အစီအစဉ် ဇွန်လတွင် စတင်မည် ဖြစ် ကြောင်း အဆိုပါတက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာခင်နိုင်ဦးက ပြောကြားသည်။

ပထမဆုံးအကြိမ်ဖွင့်လှစ်မည့် စီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်းတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (ICT) ၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်များနှင့် စီမံခန့်ခွဲမှုဘာသာရပ် ကို အဓိကထားသင်ကြားပေးမည် ဖြစ်ကာ အဆိုပါဘွဲ့သင်တန်းအတွက် တက္ကသိုလ်ပေါင်းစုံမှ ဘွဲ့ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူတစ်ရာ ဝန်းကျင်ကို ရေးဖြေစာမေးပွဲနှင့်အင် တာဗျူးစစ်ဆေးပေးထားပြီးဖြစ် ကြောင်း၊ စီမံခန့်ခွဲမှုမဟာဘွဲ့သင် တန်းတက်ရောက်ခွင့်ရရှိသူများစာ ရင်းကို မေလထဲတွင် ထုတ်ပြန်ကြေ ညာမည်ဖြစ်ကြောင်း သိရသည်။

''ဆရာမတို့ဆီက စာသင်ကာ လနဲ့သူတို့ဆီက စာသင်ကာလက မတူဘူးဆိုတော့ ဒါတွေကိုလဲ အသေးစိတ် ညှိရတယ်။ သူတို့ပေးမယ့် ဘွဲ့ဆိုရင်တော့ သူတို့နိုင်ငံက စံသတ် မှတ်ချက်နဲ့ တိုင်းတာပေါ့။ ကျောင်း သားရွေးချယ်တဲ့ process ၊ သင်မယ့် process ၊ ဒီကိုလာရမယ့် process တွေကို ဆွေးနွေးနေတယ်၊ ဘာဖြစ် လို့လဲဆိုတော့ ဒါက long term သွားမှာဆိုတော့ အမှားမခံဘူးပေါ့။ နှစ်စဉ် တစ်ခါတည်းသွားနိုင်ဖို့ အသေး စိတ် ဆွေးနွေးနေပါတယ်''ဟု ပါမောက္ခ ချုပ်ဒေါက်တာခင်နိုင်ဦးက ပြောကြား သည်။

အဆိုပါစီမံခန့်ခွဲမှုမဟာဘွဲ့ သင်တန်းကို နှစ်စဉ်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး နော်ဝေနိုင်ငံ သိပ္ပံနှင့် နည်းပညာတက္ကသိုလ် မှ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဘာသာရပ်များကို ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ စီမံခန့်ခွဲမှုဘာသာရပ်များနှင့်တွဲဖက်ပြီး ဘွဲ့ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

ရေးဖြေစာမေးပွဲ၊ အင်တာဗျူး ဖြေဆိုထားသည့် သင်တန်းသားများ ထဲမှ Norwegian University of Science and Technology (NTNU) ၏နောက်ဆုံးဆန်ခါတင် ၄၀ ဦးထပ်မံရွေးချယ်မည်ဖြစ်၍ အရေ အတွက် တိုးမြှင့်နိုင်ရန်ညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်စီးပွားရေးက္ကသိုလ်နှင့် MoU ရေးထိုးထားသည့် နိုင်ငံခြား တက္ကသိုလ်စုစုပေါင်း ၂ဝကျော်ရှိပြီး တက္ကသိုလ် ချင်း Exchange program များ၊ ဒီပလိုမာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

CCT
Democracytoday

No comments:

Post a Comment