Wednesday 8 April 2015

ရန်ကုန်မြစ်၏အလှအပကို ကြည့်ရှုခံစားနိုင်သည့် ဆိပ်ကမ်းသာပန်းခြံကို ခြံခတ်ပိတ်ဆို့ထားသော အေးရှားဝေါလ်ထံမှ ရန်ကုန်မြို့တော် စည်ပင် ပြန်လည်သိမ်းယူ

ရန်ကုန်တိုင်းဒေ သကြီး ကြည့်မြင်တိုင်မြို့နယ် ဗား ကရာကမ်းနားလမ်းပေါ်ရှိ ရန်ကုန် မြစ်၏ အလှအပကို ကြည့်ရှုခံစားနိုင် သည့်ဆိပ်ကမ်းသာ ပန်းခြံနေရာကို ခြံခတ်ပိတ်ဆို့ထားသည့် အေးရှား ဝေါလ်ထံမှ ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီက စည်ပင်ပိုင် မြေအဖြစ်ကြေညာ၍ ပြန်လည်သိမ်း ယူခဲ့ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ ကော်မ တီဝင် ဦးခင်လှိုင်က ပြောသည်။

ယင်းပန်းခြံမြေနေရာတွင် ယခင်က ရန်ကုန်မြစ်၏အလှအပကို လာရောက်ကြည့်ရှုရင်း အပန်းဖြေကြလေ့ ရှိသော်လည်း ၂ဝဝ၁ ခုနှစ်နောက် ပိုင်း Asia World Port Management Co.,Ltd က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံတင်ပြကာ သွပ်ပြား များဖြင့် ဝင်းခြံများခတ်ခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ မြေနေရာများ တိုး ချဲ့မှုများဆောင်ရွက်နေခြင်းဖြစ် ကြောင်း ¤င်းက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ ကော်မတီဝင် ဦးခင်လှိုင်က ''ပန်းခြံကို ဧပြီ ၆ရက် စည်ပင် လက်ထဲပြန်အပ်ဖို့ အသိပေး စာကုမ္ပဏီကို ပို့ခဲ့ပေမယ့် တန်းလျား တစ်ခုနဲ့တဲအိမ်တစ်လုံး ကျန်နေ သေးတယ်။ ကျွန်တော်တို့က အရင်က စည်ပင်ပိုင်မြေဖြစ်ကြောင်း ကပ်ခွင့်မရှိဘူး။ ခုကပ်ခွင့်ရှိလို့ ကပ်ထား ပါပြီ။ ဒီပန်းခြံက ခုဆိုရင် ပြည်သူတွေ ပိုင်ဖြစ်သွားပါပြီ။ မြစ်ရဲ့အလှအပ ကို ပြည်သူတွေ ခံစားနိုင်တော့မှာ ဖြစ် ပါတယ်''ဟု ပြောသည်။

ယင်းပန်းခြံကို အေးရှားဝေါလ် ကုမ္ပဏီမှ အပြီးဖယ်ရှားရှင်းလင်း ပြီးပါက အဆင့်မြင့်ပန်းခြံအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ပြီး ဖယ်ရှား ရှင်းလင်းခြင်း မရှိလျှင် အေးရှားဝေါလ် ကုမ္ပဏီကို စည်ပင်သာယာအက်ဥပ ဒေများအတိုင်း အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ခုနှစ်ဇွန် ၂၄ရက်တွင် Asia World Port Management Co.,Ltd ကယင်းပန်းခြံနေရာတွင် စား အုန်းဆီ အတင်အချ ဆိပ်ခံတံ တားနှင့် ဆီသိုလှောင်ကန်များတည် ဆောက်ကာ စားအုန်းဆီသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းများ ဆောင်ရွက် ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထောက်ခံ ပေးခဲ့သော်လည်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က အနာဂတ်စီမံကိန်းရှိ၍ စားအုန်းဆီအတင် အချ ဆိပ်ခံတံတား မဆောက်သင့် ကြောင်း သဘောထားမှတ်ချက်ထုတ် ပြန်ခဲ့ကြောင်း သိရသည်။ 

အေးရှားဝေါလ်ကုမ္ပဏီအနေ ဖြင့် ယင်းပန်းခြံတွင်း၌ စီမံကိန်းဆိုင် ရာရုံးများသာထားရှိခြင်းဖြစ်ကြောင်း Asia World Port Management Co.,Ltd မှလုံခြုံရေးအရာရှိတစ်ဦး က ပြောသည်။

''ကျွန်တော်ကတော့ ဘာမှတ် ချက်မှ မပေးချင်ပါဘူး။ အပေါ်ကပဲ သိနိုင်မှာပါ။ စဖျက်ပေးနေပါတယ်။ တစ်ညလုံးဖျက်နေတာပါ။ ပေးထားတဲ့ အချိန်က နည်းနေတော့ အကုန်မပြီး သေးတာပါ'' ဟု ၄င်းက ပြော သည်။

ယင်းဆိပ်ကမ်းသာပန်းခြံတွင် အေးရှားဝေါလ်ကုမ္ပဏီမှ အပြီးတိုင် ဖယ်ရှားပေးပြီးလျှင် လူအများကို စည်း ကမ်း တကျသွားလာနိုင်ရန် အသိပေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်မှ ရပ်မိ ရပ်ဖ ဦးဝင်းဇော်က ပြောသည်။ 

''ပန်းခြံထဲကို ဝင်ထွက်ခွင့်ရ သွားပြီဆိုပြီး မှောင်ရိပ်ခိုတာတွေ၊ အမှိုက်လာ စွန့်ပစ်တာတွေ မရှိရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းသာပန်းခြံကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ပိုင် အဖြစ် ၁၉၉၆ခုနှစ်က စတင်လွှဲ ပြောင်းပေးခဲ့ခြင်းဖြစ်ခြင်းကြောင့် ပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ဦးခင်လှိုင် က ပြောသည်။

Asia World Port Manag- ement Co.,Ltd က သွပ်ပြားများဖြင့် ပိတ်ထားခဲ့သည့် ယင်းပန်းခြံသည် အရှည်ပေ ၁ဝဝဝခန့်ရှိပြီး အဆိုပါ ပန်းခြံကို ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီပိုင်မြေဖြစ် ကြောင်း ဆိုင်းဘုတ်များကို ဧပြီ ၇ရက် က ခရိုင်ကော်မတီဝင်သုံးဦးအပါအဝင် မြို့နယ်စည်ပင် သာယာရေး ကော် မတီမှ ဝန်ထမ်းများက လိုက်လံကပ် ခဲ့ကြကြောင်း သိရသည်။

TTMT
Yangon Media Group 

No comments:

Post a Comment