Wednesday 8 April 2015

တိုက်ပွဲတွေ ရပ်တန့်အောင် လုပ်ပြီးမှ အပစ်ရပ် လက်မှတ်ထိုးနိုင်မယ်

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေအကြား ရရှိထားတာဟာ အပစ်ရပ် မူကြမ်းသာဖြစ်ပြီး မူကြမ်းပါအကြောင်းရာတွေကို လိုအပ်တဲ့ အကောင်အထည်ဖော်မှုရမှသာ အပြီးသတ် လက်မှတ် ရေးထိုး နိုင် မှာ ဖြစ်တယ် လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ထုတ်ပြန် လိုက်ပါ တယ်။

ဒါဟာ စာရွက် ပေါ် မှာ သဘော တူနိုင်ရုံ တင် မက တကယ့် အပြင် မှာ လက်တွေ့ ကြုံ နေရတဲ့ တိုက်ပွဲ တွေ၊ ရန်လိုမှု တွေ ရပ်ဆိုင်း သွားအောင် အကောင် အထည် ဖော် နိုင်ဖို့ ကို ဆိုလိုတာ ဖြစ်တယ် လို့ UNFC ရဲ့ တွဲဘက် အတွင်းရေး မှုး ဖြစ်တဲ့ ဗိုလ်မှုးကြီး ခွန် ဥက္ကာ က ဘီဘီစီ ကို ပြောပါ တယ်။

လောလောဆယ် အခြေအနေ အရ ဆိုရင် တော့ မြေပြင် တိုက်ပွဲ တွေ အားလုံး ရပ်ဖို့ မနီးစပ် သေးတာကြောင့် သတိပေး တဲ့ အနေနဲ့ အခုလို ထုတ်ပြန် ရတာ ဖြစ်တယ် လို့လည်း ဗိုလ်မှုးကြီး ခွန် ဥက္ကာ က ဆိုပါ တယ်။

ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ အပါအဝင် တိုင်းပြည် ရဲ့ နိုင်ငံရေး အခြေအနေ တွေ ကို ဆွေးနွေးဖို့ အစိုးရ၊ လွှတ်တော် ၊ နိုင်ငံရေး ပါတီ က ခေါင်းဆောင် တွေ နဲ့ တိုင်းရင်းသားရေး ရာ ဝန်ကြီး တွေ အပါအဝင် ၄၈ ဦး တွေ့ဆုံ ပွဲ လည်း ဒီနေ့ သမ္မတ အိမ်တော် မှာ ပြုလုပ် ဖို့ ရှိပါတယ်။

ဒီ ၄၈ ဦး တွေ့ဆုံပွဲ ပြီးကာမှ သမ္မတ၊ လွှတ်တော် ဥက္ကဌ နှစ်ယောက်၊ တိုင်းရင်းသား ကိုယ်စားလှယ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံပွဲ ကို လာမယ့် သောကြာနေ့ မှာ ပြုလုပ် သွားမှာ ဖြစ်ပါ တယ်။

BBC 

No comments:

Post a Comment