Wednesday 4 February 2015

သစ်နှင့် ၀ါးများ ခုတ်နေသော ဒေသခံများအား KIA အဖွဲ့မှ ဆက်ကြေးကောက်ခံ



ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာသို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့ ရောက်ရှိလာပြီး ဆက်ကြေးငွေများ လာရောက်ကောက်ခံသွားကြောင်း သိရသည်။
အဆိုပါအဖွဲ့သည်ဆားမှော်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအား ခေါ်ယူ၍ တောအတွင်းမှ သစ်၊ဝါးများ ခုတ်ယူပြီး ရွာတွင်းသို့ သယ်ဆောင်လာပါ က ဆက်ကြေးပေးရမည်ဟုပြောကြားခဲ့ကြောင်း ကျေးရွာ တာဝန်ရှိသူတစ်ဦး က ပြောသည်။
“ဒီနားတစ်ဝိုက်မှတော့ သစ်စက်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ လုပ်ငန်း ၅ ခုကျော်လောက်တော့ ရှိတယ်။ KIA အဖွဲ့က ဆက်ကြေးလာကောက်တယ်လို့ သိရတယ်။ ဘယ်လောက်ပေးလိုက်ရလဲတော့ မသိဘူး”ဟု ရွာသား တစ်ဦး က ပြောသည်။

ဆားမှော်ကျေးရွာသို့ KIA အဖွဲ့သည် အင်အား ၁၀ ခန့်ဖြင့် ရောက်လာပြီး သစ်စက်လုပ်နေသောလုပ်ငန်းရှင်များ ထံမှ ကျေးရွာအုပ်ချုပ်ရေးမှူး မှတစ်ဆင့် ကောက်ခံသွားကြောင်းလည်း သိရသည်။
“သူတို့ သစ်စက်လုပ်ငန်းရှင်တွေထံက ကောက်တာအကြောင်းမဟုတ်ဘူး၊ အခုဟာက ဒေသခံရွာသားတွေ အိမ်ဆောက်ဖို့ အတွက် သစ်၊ ဝါးခုတ်တာတောင် ဆက်ကြေးတောင်းနေတယ်၊ ရွာအနေနဲ့လည်း ပေးရတယ်၊ ရိက္ခာဆိုလည်း ပေးရတယ် ဒါလေးတော့ မဖြစ်သင့်ဘူး” ဟု ဒေသခံရွာသား တစ်ဦးပြောသည်။
KIA အဖွဲ့အနေဖြင့် အိမ်သုံးရန် တောတွင်းမှ ရွာသို့ သယ်ဆောင်လာသော သစ်၊ ဝါးလှည်းများကိုရပ်ခိုင်း၍ ဆက်ကြေးကောက်ခံပြီး မပေးနိုင်သောသူများကို “KIA ၏ ထမင်းအိုးသည် သေနတ်ပြောင်းဝတွင်ရှိသည်” ဟု ခြိမ်းခြောက်ပြော ဆိုခဲ့ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။
အစိုးရအနေဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေး လက် မှတ်ရေး ထိုးရန် ကမ်းလှမ်းနေသော် လည်း KIA အနေဖြင့် ယခုကဲ့ သို့ ဒေသခံ အတွင်းအပေါ် မတရားဆက်ကြေးကောက် ခံခြင်းများ ပြု လုပ်နေေ သာ ကြော င့် ဒေသခံတိုင်းရင်းသားတို့၏ ငြိမ်းချမ်းရေး အလင်းရောင်မျှော် လင့် ချက် မှာ မှေးမှိန်လျက်ရှိကြောင်း မိုးကောင်းမြို့ဒေ သခံဆရာဝန်တစ်ဦး က ပြောသည်။

No comments:

Post a Comment