Wednesday 4 February 2015

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ် ကိုင်ဆောင်သူဘင်္ဂါလီများ မဲပေးခွင့်မရရှိစေရေး မလျှော့တမ်းတိုက်ပွဲဝင်မည်ဟု ရခိုင်အမျိုးသားပါတီ ကြေ ညာချက်ထုတ်ပြန်

ယခုနှစ် တွင် ပြုလုပ်မည့် ၂၀၀၈အခြေခံ ဥပ ဒေပြင်ဆင်သည့်ဥပဒေကြမ်းအတည် ပြုရေးပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ်(ယာယီသက်သေခံကတ်) ကိုင်ဆောင်ထားသူ ဘင်္ဂါလီများ မဲပေးခွင့်မရရှိစေရေး အတွက် မလျှော့တမ်းဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ရခိုင်အမျိုးသားပါတီမှ ဖေဖော်ဝါရီ ၃ရက်တွင် ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီ ၂ရက်က ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုရေး ပြည် လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ်ကိုင်ဆောင်သူများအနေဖြင့် မဲပေးခွင့်ရှိသည်ဟု အတည်ပြုလိုက် ခြင်းအပေါ်တွင် ယင်းကဲ့သို့ ထုတ် ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး လက်ရှိ လွှတ်တော်အသီးသီးကမည်သို့ပင် ဆုံးဖြတ်စေကာမူ ရခိုင်အမျိုးသားပါတီ အနေဖြင့် ဝှိုက်ကတ်ကိုင်ဆောင် ထားသူဘင်္ဂါလီများ မဲပေးခွင့်မရရှိ ရေးဥပဒေနှင့်အညီဖြစ်စေရန် လုပ် ဆောင်သွားမည်ဖြစ်ပြီး ဆောင်ရွက် မည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရေး ဆွဲထားပြီးဖြစ်ကြောင်း ရခိုင်အမျိုး သားပါတီဒုတိယဥက္ကဋ္ဌ ဒေါ်အေးနု စိန်က ပြောသည်။

''ဒီဝှိုက်ကတ်ကိုင်ဆောင်သူတွေ ကိုမဲပေးခွင့်ပေးထားတာက ၂၀၀၈ အခြေခံဥပဒေနဲ့မညီဘဲ သူတို့ထောက် ခံမဲရအောင်လုပ်ထားတာလို့ အန်တီ တို့က တထစ်ချယူဆတယ်။ တစ် နည်းအားဖြင့် ကြံ့ခိုင်ရေးပါတီက ၂၀၀၈အခြေခံဥပဒေကို ထောက် ခံမဲရအောင်လုပ်ထားတာ''ဟု ပြော သည်။

ယင်းထုတ်ပြန်ချက်တွင် ခေတ် အဆက်ဆက်တိုင်းပြည်နှင့်လူမျိုး ၏ ရေရှည်အကျိုးကိုမကြည့်ဘဲ ရွေး ကောက်ပွဲတစ်ပွဲအနိုင်ရရေးကိုသာ ရှေးရှုလုပ်ဆောင်သော ညံ့ဖျင်းနိမ့်ကျ သည့် နိုင်ငံရေးသမားအမည်ခံ များ ၏ကိုယ်ကျိုးကြည့်လုပ်ဆောင်မှုများ ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ခိုးဝင်ဘင်္ဂါလီများ အရေးကြီးထွား လာခြင်း ဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။ ''ဥပမာအားဖြင့် ''၀''တို့ ကိုး ကန့်တို့မှာ ဝှိုက်ကတ် ကိုင်သူတွေရှိ ချင်ရှိမယ်။ တိုင်းရင်းသားက ထောင် ဂဏန်းလောက်ပဲရှိမှာ။ သိန်းနဲ့ သန်းနဲ့ချီပြီးရှိနေတဲ့ ဘင်္ဂါလီတွေ ကိုတော့ လက်မခံဘူး''ဟု ဒေါ်အေး နုစိန်က ပြောသည်။

ယင်းဝှိုက်ကတ်ထုတ်ပေးခြင်း ကို ၁၉၄၉၊ ၁၉၅၁ခုနှစ်မှတ်ပုံတင် ထုတ်ပေးရေးနည်းဥပဒေများနှင့် အညီ မည်သည့်အချိန်တွင်ထုတ်ပေး ရမည်ကို ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ သို့ ဖြစ်သောကြောင့် ပါတီမှစိစစ်ရန် တောင်း ဆိုနေခြင်းဖြစ်ကြောင်း ဒေါ် အေးနုစိန်က ဆက်ပြောသည်။ ရခိုင်အမျိုးသားတစ်ရပ်လုံးအ ပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်း ရင်းသားပြည် သူများအနေဖြင့် ယခု အရေးတွင် လက်တွဲတိုက်ပွဲဝင်ကြရန် လည်း ရခိုင်အမျိုးသားပါတီမှနှိုး ဆော်တိုက်တွန်းထားသည်။ 

ပြည်ထောင်စုလွှတ်တော်၏ မူလအတည်ပြုချက်တွင် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲတွင် ယာယီသက် သေခံ လက်မှတ်(ဝှိုက်ကတ်)ကိုင် ဆောင် သူများမဲပေးခွင့်မရှိသော်လည်း နိုင်ငံတော်သမ္မတက သဘောထား မှတ် ချက်ဖြင့် ပြန်လည်ပေးပို့ရာတွင် ယင်းအချက်ပြန်လည်ပါဝင်လာခြင်း ဖြစ်ပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ် ပြီး ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ရရှိ သွားခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ဝှိုက်ကတ် ကိုင်ဆောင် ထားသူ တစ်သိန်းကျော် ရှိကြောင်း ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ကပြောသည်။

NTDW
‎Democracytoday‬

No comments:

Post a Comment