Wednesday 4 February 2015

ပါကစ္စတန်က နျူထိပ်ဖူးတပ်ဆင်ပစ်ခတ်နိုင်သည့် ခရုဇ်ဒုံးကျည် စမ်းသပ်စေ လွှတ်

ယှဉ်ပြိုင်ဘက် အိန္ဒိယနိုင်ငံက အမေရိကန်နိုင်ငံနှင့် အရပ်ဖက်နျူ ကလီးယား သဘော တူညီမှု ရပြီးနောက် သီတင်းတစ် ပတ်ကျော်တွင် ပါကစ္စတန်နိုင်ငံက နျူကလီးယား ထိပ်ဖူး တပ်ဆင် ပစ်ခတ်နိုင်သော ခရုဇ်ဒုံး ကျည်ကို စမ်းသပ်ပစ် လွှတ်ခဲ့သည်။

ပြည်တွင်းဖြစ် နျူထိပ် ဖူးတပ် Ra'ad ဒုံးကျည်သည် အနိမ့်ပျံ သန်းပြီး ကီလိုမီတာ ၃၅ဝ အကွာ အဝေးက ပစ်မှတ်ကို အတိအကျ ပစ်ခတ်နိုင်သည် ဟုစစ်တပ် ကဖော်ပြသည်။

အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့သည် အရပ်သုံးနျူကလီးယားစွမ်းအင် စီမံကိန်းနှင့်ပတ်သက်ပြီး သဘောတူ ညီမှုနှောင့်နှေးနေရာ သမ္မတ အိုဘားမား နယူးဒေ လီသို့ရောက် ရှိပြီးနောက် သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင် ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယင်းသဘော တူညီမှု သည်တောင်အာရှဒေသ လုံခြုံရေးကို မတည် မငြိမ်ဖြစ်စေ သည်ဟု ပါကစ္စတန်နိုင်ငံ ဘက်က ရှုတ်ချခဲ့သည်။

အိန္ဒိယနိုင်ငံက အရပ်ဘက်နျူကလီးယား နည်းပညာရရှိရေးကို ၂ဝဝ၈ခုနှစ်အတွင်း အမေရိကန်နှင့် နှစ်နိုင်ငံ သဘော တူညီမှုရရှိ ခဲ့သော်လည်း အိန္ဒိယနိုင်ငံ၏ ဥပဒေများနှင့် ပတ်သက်ပြီး အမေရိကန် ကကြောင့် ကြမကင်းရှိရာ ယင်းသဘော တူညီမှု တန့်ရပ်ခဲ့ ရခြင်းဖြစ်သည်။

ပါကစ္စတန်နှင့်  အိန္ဒိယသည် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများဖြစ်ပြီး ဗြိတိန်လက် အောက်မှ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရရှိချိန်မှ စကာ သုံးကြိမ် တိုင်စစ်ပွဲဖြစ် ပွားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment