Wednesday 4 February 2015

ဘင်္ဂလားဒေ့ရှ်တွင် ခရီးသည်တင်ဘတ်စ်ကားကို ဓာတ်ဆီပုလင်းဗုံးဖြင့် ပစ်ရာ လူခုနစ်ဦး မီးလောင်သေဆုံး

အစိုးရကို ဆန့်ကျင်ဆန္ဒပြသူ များဟု သံသယဖြစ်ခံရသူများက အိပ်ပျော်နေသော ခရီးသည်များ အပြည့် ရှိနေသည့် ဘတ်စ်ကားကို ဓာတ်ဆီပုလင်းဗုံးဖြင့်ပစ်ရာ လူခုနစ် ဦး သေဆုံးပြီး ခရီးသည်အများအပြား တို့မှာ အသက်လု၍ ထွက်ပြေးကြ ရသည်ဟု သိရသည်။

ယင်းမှာ ဘင်္ဂ လားဒေ့ရှ်တွင် ဖေဖော်ဝါရီ ၃ရက်၌ ဖြစ်ပွားသော အဖြစ်အပျက်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံရေးမတည် မငြိမ်ဖြစ်မှုမှာ ဆိုးရွားပြင်းထန်နက် ရှိုင်းနေသည်။

အဆိုပါ ခရီးသည်တင်ဘတ်စ် ကားသည် ဘင်္ဂလားဒေ့ရှ်အရှေ့ပိုင်း မြို့ကြီး ချပ်ဒိုဂရမ်အနီးတွင် တိုက် ခိုက်ခံရကြောင်း၊ အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာက လွန်ခဲ့သောလ၌ ဆန့်ကျင်တိုက်ခိုက်သော ကြောင့် လူ ၅၃ဦး သေဆုံးခဲ့ရပြီး လူအများ အပြားဒဏ်ရာရကြောင်း၊ ဘတ်စ်ကားများ၊ လော်ရီကားများနှင့် တခြားကားများကိုမီးလောင်ဗုံးများဖြင့် တိုက်ခိုက်မှုအများဆုံး ပြုလုပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲက ဆိုသည်။
ခရီးသည်ဘတ်စ်ကားကို ဓာတ် ဆီပုလင်းဗုံးဖြင့် ပစ်သောကြောင့် သေဆုံးရသည့် ခရီသည်ခုနစ်ဦးတို့ မှာ မီးလောင်၍သေဆုံးရခြင်းဖြစ် ကြောင်း၊ ထိုတိုက်ခိုက်မှုမှာ နံနက် ၄ နာရီ၌ဖြစ်ကြောင်း ခရိုင်ရဲမှူး တွတ်တူလ်ချက္ကရာဘာတီက AFP သို့ တယ်လီဖုန်းဖြင့် ပြောပြသည်။

ခရီးသည်ငါးဦးတို့မှာ အသက် လု၍ ထွက်ပြေးနိုင်ပြီး ခရီးသည်များ ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ၄ဝ ရာခိုင်နှုန်းမှ ၈ဝရာခိုင်နှုန်းအထိ မီး လောင်ဒဏ်ရာများ ရကြကြောင်း၊ ဒဏ်ရာရသူများကို ဒါကာရှိဆေးရုံ တစ်ရုံသို့ တင်ပို့ထားကြောင်း ချက္က ရာဘာတီက ဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားရာနေရာ အနီးရှိ ကျေးရွာများကို အာဏာပိုင် များက စီးနင်းရှာဖွေမှုပြုသော်လည်း တစ်စုံတစ်ယောက်ကိုမျှ ဖမ်းဆီးရမိ ခြင်းမရှိဟု ရဲအင်စပက်တာမာဖူဇူရ် ရာမန်က AFP သို့ ပြောပြသည်။

Ref: AFP
Democracytoday

No comments:

Post a Comment