Wednesday 4 February 2015

စိုက်စရိတ်ချေးငွေကို သတ်မှတ်ကာလထက် ကျော်လွန်ပေးဆပ်ခြင်းအပေါ် ထပ်မံကောက်ခံသည့် ဒဏ်တိုးနှုန်းကို ပယ်ဖျက်မည်မဟုတ်ဟုဆို

လယ်သမားများမှ စိုက်ပျိုးရေးစရိတ်ချေးငွေကို သတ်မှတ်ကာလထက်ကျော်လွန် ပေးဆပ်ခြင်းအပေါ် ကောက်ခံသည့် တစ်နှစ်လျှင် ခုနစ်ရာခိုင်နှုန်းဒဏ် တိုးပေးဆောင်ရခြင်းကို ပယ်ဖျက်ပေးသွားမည် မဟုတ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းကဆိုသည်။

ဖေဖော်ဝါရီ ၃ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် လပွတ္တာမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထွန်း၏ လယ်သမားများ စိုက်ပျိုးရေးစရိတ်ချေးငွေပြန်လည် ပေးဆပ် ရာတွင် သတ်မှတ်ကာလထက် ကျော်လွန်ပါကပေးဆောင်ရသော ဒဏ်တိုးကျသင့်ငွေကို ပယ်ဖျက်ပေး ရန်(သို့)နှုန်းထားပြင်ဆင်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခြင်းအပေါ် ဒုတိယဝန်ကြီးမှ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''လယ်သမားများ စိုက်ပျိုးစ ရိတ်ချေးငွေကိုပြန်လည်ပေးဆပ်ရာ မှာသတ်မှတ်ထားတဲ့ ပေးဆပ်ကာ လထက် ကျော်လွန်ပါက ဘဏ်က ဘဏ်တိုးကောက်ခံခြင်းမှာ လက်ရှိ တည်ဆဲ ဘဏ်နည်းဥပဒေအရ အခန်း(၇)အပိုဒ် ၃၃တွင် ချေးငွေ ပြန်လည်ပေးဆပ်ရန်ပျက်ကွက်သည့် နေ့မှစ၍ ပျက်ကွက်နေသော အချိန် ကာလအပိုင်းအခြားအတွက်ကျန် ရှိသော ချေးငွေအရင်းပေါ်တွင်ကျ သင့်အတိုးအပြင် ဘဏ်ကသတ်မှတ် သည့်အတိုင်း ဘဏ်တိုးကိုကောက်ခံရမည်ဟုဥပဒေ၊နည်းဥပဒေ မှာဖော် ပြထားသဖြင့် နည်းဥပဒေနှင့်အညီ ကျသင့်သောဒဏ်တိုးကို ကောက်ခံ ရခြင်းဖြစ်ပါတယ်''ဟု ဒုဝန်ကြီးက ဆိုသည်။

တောင်သူလယ်သမားများအ တွက် ချေးငွေရရန်လိုအပ်သည့် ရန်ပုံငွေကို ထုတ်ချေးပေးနေသည့် မြန် မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည်လည်း မြန်မာ့ စီးပွားရေးဘဏ်မှတစ် ဆင့်ပြန်လည်ချေးယူရမည်ဖြစ်ရာ ၎င်းဘဏ်မှ မြန်မာ့ စီးပွားရေးဘဏ် သို့ သုံးလတစ်ကြိမ် ဘဏ်တိုးပေး ဆောင်ရကြောင်း၊ ထိုသို့ သုံးလတစ် ကြိမ်အတိုးပေးဆောင်နိုင်ခြင်း မရှိ ပါက ပေးဆောင်ခြင်းမပြုနိုင်သည့် အတိုးငွေပမာဏပေါ်မူတည်ပြီး မြန် မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြန်မာ့စီးပွားရေးဘဏ်သို့ တစ်နှစ်လျှင်၁၃ ရာခိုင်နှုန်းခန့်ပေးသွင်းနေရ ကြောင်းလည်း ဒုဝန်ကြီးက ဆိုသည်။

ထိုသို့ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ မြန်မာ့စီးပွားရေးဘဏ် သို့ တစ်နှစ်လျှင် ၁၃ရာခိုင်နှုန်းခန့် ပေးသွင်း နေရသော်လည်း တောင်သူလယ်သမားများ၏ ချေးငွေအတိုးကို တစ်နှစ်လျှင် ငါးရာခိုင်နှုန်းသာ ကောက် ခံပြီး ပေးဆပ်ရန် သတ်မှတ် ကာလကျော်လွန်မှသာ ဒဏ်တိုးအဖြစ် တစ်နှစ်ကို ၁၂ ရာခိုင်နှုန်းသာ ကောက်ခံခြင်းဖြစ်ကြောင်း ဒုဝန်ကြီး ကကောက်ခံနှုန်းထားများကို လွှတ် တော်တွင် ရှင်းလင်းပြောဆိုသည်။

ထို့ကြောင့် သတ်မှတ်ကာလ ကျော်လွန်ပြီးဆပ်သည့် တောင်သူလယ်သမား များအပေါ် ဒဏ်တိုး ကောက်ခံ ခြင်း ကို လက်ရှိတည်ဆဲ ဥပဒေ၊ နည်းဥပဒေများအရ ပယ်ဖျက်ပေးရန်(သို့)နှုန်းထားပြင်ဆင်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် လက်ရှိဥပဒေအားပြန်လည် ပြင်ဆင်ရန်အတွက် ပြည်ထောင်စု ရှေ့နေ ချုပ်ရုံးနှင့် ညှိနှိုင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြင်ဆင်သည့်ဥပဒေပေါ်မူတည်ပြီး ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားရာတွင် ဒုဝန်ကြီး ကဆိုသည်။

ZCH
‪‎Democracytoday‬

No comments:

Post a Comment