Wednesday 4 February 2015

ဒလိုင်လားမား၏ နိုင်ငံခြားခေါင်းဆောင်များနှင့်တွေ့ဆုံမှုအားလုံးကို တရုတ်က ဆန့်ကျင်ဟုဆို

ဒလိုင်လားမားနှင့် နိုင်ငံခြားခေါင်းဆောင်များ မည်သည့်ပုံစံနှင့် မဆိုတွေ့ဆုံခြင်းအား တရုတ်က ဆန့်ကျင် ကြောင်း၊ ဒလိုင်လား မား နှင့် အမေရိကန်သမ္မတတို့ လူထုနှင့် မတွေ့ဆုံမီ ကြိုတင်၍ပြောကြား လိုက်ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် ကြာသပတေးနေ့ တွင် ဝါရှင်တန်၌ အမျိုးသားဆု တောင်း နံနက်စာစားပွဲသို့ ဒလိုင် လားမားနှင့်အတူ တက်ရောက်သွား မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြိုတင် ကြေညာထားခဲ့သည်။ 

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရသူ ဟောင်လီက ဒလိုင်လား မားနှင့် နိုင်ငံခြား ခေါင်း ဆောင်များ မည်သည့် နည်းနှင့် တွေ့ဆုံသည်ဖြစ် စေ ဆန့်ကျင်ကြောင်း ပြောကြားခဲ့ သည်။ 

၎င်းက ဤလုပ်ရပ်မှာ တရုတ် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြင်း ဖြစ်သည်ဟုလည်း ပြောကြား လိုက်သည်။

မိမိတို့က အမေရိကန်ဘက်က တိဗက်နှင့်ပတ်သက်သည့်ပြသနာများဆိုင်ရာ ကတိများကိုလိုက် နာလိမ့် မည်ဟု မျှော်လင့်ကြောင်း ၊ နှစ်နိုင်ငံအပြန်အလှန် ဆက်ဆံရေး အကျိုးစီးပွားများကို ခြုံငုံ၍ လိုက်နာ သင့်ကြောင်း ပြောကြားခဲ့သည်။

ဤကိစ္စနှင့် ပတ်သက်၍ အိမ် ဖြူတော်က များစွာဂရုမထားကြောင်း၊ အိုဘားမားနှင့် ဒလိုင်လားမားတို့သည် နှစ်ကြိမ်တွေ့ဆုံခဲ့ ပြီး ဖြစ်သည် ဟု သိရသည်။ 

ယခင်တွေ့ဆုံမှုများ မှာ အိုဗယ်ရုံးခန်းအပြင်ဘက်၌ တံ ခါးပိတ်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တရုတ်နှင့် သံတမန် ဆက်ဆံရေးကြောင့် ကန့်သတ်တွေ့ဆုံခြင်းဖြစ် သည်။

ဒလိုင်လားမားမှာ နိုဘယ်ငြိမ်း ချမ်းရေးဆုရှင်ဖြစ်ပြီး ၁၉၅၉ခုနှစ် ကတည်းက အိန္ဒိယ၌ နေထိုင်ခဲ့သည်။ တိဗက်ထကြွကျဆုံး သွားပြီးနောက် ဖြစ်သည်။ 

၂၀၀၉ခုနှစ်မှစ၍ တိဗက် လူမျိုးတို့က တရုတ်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေမှု ၁၃၀ ကျော် ရှိခဲ့ပြီးဖြစ်သည်။

တရုတ်က အိုဘားမားအား ဒ လိုင်လားမား၏ တိဗက်ကို တရုတ် မှ ခွဲထွက်ရန် ကြိုးပမ်းမှုကို မကူညီ သင့်ဟု တရုတ်နေ့စဉ် သတင်းက ရေးသားလိုက်သည်။

Ref : CNA
Democracytoday

No comments:

Post a Comment