Wednesday 4 February 2015

ထိုင်ဝမ်ပြည်တွင်းသွား လေယာဉ် ပျက်ကျမြစ်ထဲဆင်း၊ ၁၀ ဦးဒဏ်ရာရ၊ သေဆုံးသူ ၉ ဦးရှိဟုဆို

ထိုင်ဝမ် လေကြောင်းလိုင်း TransAsia လေယာဉ်တစ်စင်းဟာ တိုင်ပေမြစ်ထဲကို ပျက်ကျ သွားခဲ့တာမို့ ၁၀ ဦး ဒဏ်ရာရရှိသွား ခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်ကို လတ်တလော အတည်မပြု နိုင်သေးပေမယ့် ၃ ဦးကနေ ၉ ဦးအထိ ရှိနိုင်တယ်လို့ channel news asia က သတင်းရေးသား ဖော်ပြထားပါတယ်။

ခရီးသည် ၅၈ ဦးပါဝင်လာတဲ့ ဒီလေယာဉ်ဟာ ထိုင်ဝမ် ပြည်တွင်းသွား လေယာဉ်ဖြစ်ပါတယ်။ B2286 လေ ယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၁၁ နာရီထိုးခါနီးမှာ ပျက်ကျသွားခဲ့တာပါ။

ခရီးသည် ၅၈ ဦးအနက် လူကြီး ၅၁ ဦး ကလေး ၂ ဦး နဲ့ လေယာဉ် အမှုထမ်း ၅ ဦးတို့ ပါဝင်လာကြတာ ဖြစ် တယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ထား ပါတယ်။

လူ ၁၆ ယောက်ကို အောင်မြင်စွာ ကယ်နိုင်ခဲ့ပြီးတော့ ပိတ်မိနေတဲ့ ခရီးသည် ဒါဇင်ပေါင်းများစွာကို ကယ် ဆယ်ရေးတွေက ကြိုးစား ကယ်တင်နေဆဲလို့ နောက်ဆုံးရ သတင်းတစ်ပုဒ်က ဖော်ပြထားပါတယ်။

လေယာဉ်ဟာ မြို့လည်ခေါင် မြစ်ကမ်းဘေးကနေ တစောင်းအနေအထားနဲ့ မြစ်ထဲဆင်းသွားတာ ဖြစ်ပြီး တော့ ပျက်ကျသွားတဲ့ ဗီဒီယိုက အင်တာနက်မှာ ပျံ့နှံ့နေပါတယ်။

  The Voice Weekly 

No comments:

Post a Comment