Wednesday 4 February 2015

စည်ပင်ဝန်ထမ်း အယောင်ဆောင်ပြီး တောင်းရမ်းသူများထံမှ ငွေကောက်နေသူများ စတင်ရှာဖွေ

ကမာရွတ်မြို့နယ်အတွင်း စည်ပင်ဝန်ထမ်းအယောင်ဆောင်ကာ တောင်းရမ်းစား သောက်သူများထံမှ ငွေ ကြေး လိုက်လံကောက်ခံနေသော အမျိုးသားနှင့် အမျိုးသမီးကို လိုက်လံရှာဖွေနေပြီဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါ အမျိုးသားနှင့် အမျိုးသမီးမှာ တောင်းရမ်းစား သောက်သူများထံမှ တစ်ဦးလျှင် တစ်ထောင်ကျပ် ကောက်ခံကာ ကမာရွတ်စည်ပင်သာယာမှ ၀န် ထမ်းဖြစ်သည်ဟု ပြောဆိုလေ့ရှိပြီး ၎င်းမှာ အသက်(၃၅)နှစ်နှင့် (၄၀)နှစ် အရွယ်ခန့်ရှိသည်ဟုပတ်ဝန်းကျင်မှ ပျံကျဈေးသည်အချို့ကဆိုသည်။

‘‘ယောက်ျားနဲ့ မိန်းမနှစ် ယောက်မှာတော့ မိန်းမက လာ တောင်းတာများတယ်။ စည်ပင် ၀န်ထမ်းလို့ပြောပြီး လာကောက် တယ်။ တောင်းစားတဲ့ အဘိုးကြီး၊ အဘွားကြီးတွေကလည်း ဘာပြောရဲမှာလဲ ပေးတာပေါ့’’ ဟု ပျံကျဈေးသည်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ စည်ပင်ဝန်ထမ်း ဟု ပြောဆိုကာ လိုက်လံပိုက်ဆံ တောင်းခံနေသော ၀န်ထမ်းမျိုး ကမာရွတ် စည်ပင် သာယာတွင်မရှိဘဲ အကယ်၍ ပိုက်ဆံတောင်းသည့် စည်ပင်သာယာ ၀န်ထမ်းများကို လာရောက် တိုင်ကြားနိုင် သည်ဟု ကမာရွတ်မြို့နယ် စည် ပင်သာယာအုပ်ချုပ်ရေးမှူး ဦးရဲ အောင်လွင်က ဆိုသည်။

‘‘ကျွန်တော်တို့လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး ဒီလိုလုပ်စားတဲ့ သူတွေကို လိုက်စုံစမ်းနေ ပါတယ်။ သူတို့ တွေ ဘာလို့ ဒီလိုလုပ်တာလဲဆို တာတော့ ဖမ်းမိမှ သိမှာပါ။ ကျွန် တော်တို့ ရုံးမှာတော့ ဒီလိုလူမျိုး တွေ မရှိပါဘူး။ ရှိရင်လည်း လာ တိုင်လို့ရပါတယ်’’ ဟု ၎င်းက ပြော သည်။ ရန်ကုန်တိုင်းအတွင်း ဘာ သာရေး အကြောင်းပြပြီး တောင်း ရမ်းစားသောက်သူများကို အသိ ပညာပေး ထိန်းသိမ်းခဲ့သော် လည်း နောက်ပိုင်းတွင် တောင်း ရမ်းစားသောက်သူ အများစုမှာ ပုံ ပြန်လည်လုပ်ဆောင်နေပြီး ဖမ်း ဆီးအရေးယူ သူများ မရှိတော့ ကြောင်း ရပ်ကွက်နေ ပြည်သူများ ကဆိုသည်။

7Day DAILY

No comments:

Post a Comment