Wednesday 4 February 2015

တာချီလိတ် ဗိုလ်ချုပ်ရာပြည့်ပွဲအတွက် ဘတ်နှစ်သောင်းခွဲ ရရှိပြီးဖြစ်ကြောင်း သိရ

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တာချီလိတ် မြို့၌သာကျင်းပမည်ဟု ဆိုထားသည့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော် အတွက် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်ဖြစ်မြောက်ရေး ကော်မတီက ရာပြည့်ပွဲတော် ရန်ပုံငွေအတွက် ရပ်ကွက်များအတွင်း အလှူငွေ လိုက်လံကောက်ခံလျက်ရှိရာ စိတ်ဝင်စား သူများပြား ကြောင်း အလှူငွေကောက် ခံနေသည့် မဇ္ဈိမလူမှုကူညီရေးအ သင်းမှ သိရသည်။

''လှုံ့ဆော်ရေးကားမှာ ဗိုလ်ချုပ်ပုံကိုကပ်ထားတော့ ထူးထူးဆန်းဆန်း ထိုင်းနိုင်ငံသားတစ်ယောက်က ဗိုလ် ချုပ်အမှတ်တရအင်္ကျီဝယ်ပြီး ဓာတ်ပုံ တွေရိုက်နေတာ။ နောက်ပြီး ရပ်ကွက်ထဲက တချို့တွေဆိုရင် မတ်တတ်ရပ် ပြီး အလေးပြုကြတယ်။ ရန်ပုံငွေအ တွက်ရောင်းတဲ့ အကျီင်္တွေလဲ ရောင်းမလောက်အောင် ဝယ်ကြတယ်''ဟု မဇ္စိုမလူမှုကူညီရေး အသင်းမှ အသင်းသားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ဗိုလ်ချုပ်ရာပြည့်ပွဲတော်ကျင်းပနိုင်ရန် ရန်ပုံ ငွေဘတ် ခုနစ်သိန်းခန့် (ကျပ်သိန်း ၂၀ဝ ခန့်) ကုန်ကျမည်ဖြစ်ရာ ရန်ပုံငွေ အတွက် လှုံ့ဆော်ရေးကားဖြင့် မဇ္ဈိမ လူမှုကူညီရေးအသင်းမှ လူငယ်များ နှင့် ရွှေမဟာ ကိုယ်ပိုင်အထက်တန်း ကျောင်းမှ ဆရာ၊ ဆရာမများပါဝင်၍ ရန်ပုံငွေ လိုက်လံကောက်ခံ ပေးနေခြင်း ဖြစ်သည်။

''တတ်နိုင်သလောက် ထည့်ကြ ပါတယ်။ တချို့ဆို လှမ်းခေါ်ပြီးမှကို ထည့်တာ။ အများဆုံး ဘတ် ၁၀၀၀ (ကျပ် ၃၀၀၀၀)ကနေ အနည်းဆုံး ဘတ် ၂၀ ထိ ထည့်ကြတယ်။ ဝန် ထမ်းတွေ၊ ဈေးသူ၊ ဈေးသားတွေ၊ ဆိုင်ကယ်ကယ်ရီ သမားတွေနဲ့ တွေ့ တဲ့သူ အကုန်ထည့်တာ''ဟု ရန်ပုံငွေလိုက်၍အလှူခံနေသူ ကိုနေမျိုး က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်ကို တာချီလိတ်မြို့၌ ကျင်းပနိုင်မည် ဖြစ်ပြီး ပွဲတော်ဖြစ်မြောက်ရေးတွင် နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် မြို့မိမြို့ဖများပါဝင် ကြောင်း ရန်ပုံငွေကောက်ခံမှုတွင် ဇန်နဝါရီ ၁ရက်တွင် ဘတ် ၁၇၀၀၀ (ကျပ် ၅၅၀၀ဝခန့် ရရှိပြီး ဇန်နဝါ ရီ ၂ရက်တွင် ဘတ် ၂၅၀၀၀ ခန့် ရရှိကြောင်းနှင့် ရန်ပုံငွေ လိုအပ်မှု ပေါ်မူတည်၍ ဆက်လက်အလှူခံမည် ဖြစ်ကြောင်း ရာပြည့် ပွဲတော်ဖြစ် မြောက်ရေးကော်မတီမှ သိရသည်။

''ကျွန်တော်တို့ကားမှာပါတဲ့ ဗိုလ် ချုပ်ပုံကြီးတွေ့တာနဲ့ အသံကြားတာ နဲ့ အလှူငွေ လာထည့်ကြတာပါ။ ကျွန်တော့် လိုပဲ သူများတွေလဲ လှူကြ တာ တွေ့တယ်။ တကယ်မထင်မှတ် လောက်အောင် လှူကြပါတယ်။ ဗိုလ်ချုပ်ကို ဘယ်လောက်ချစ်ကြ တယ်ဆိုတာ ပြောမပြတတ်အောင် ပါပဲ''ဟု ရန်ပုံငွေထည့်ဝင်သူတစ်ဦး က ပြောသည်။ 

ဗိုလ်ချုပ်ရာပြည့်ပွဲတွင် နိုင်ငံ ကျော်အဆိုတော် ဒေါ်မာမာအေး၊ အတီးပညာရှင် ဒေါက်တာဌေးဝင်းနှင့် ရွှေတံဆိပ်များရှင် ကျားလေးစိန် အငြိမ့်ဖြင့် ဖျော်ဖြေမည်ဖြစ်ပြီး အငြိမ့် အဖွဲ့တွင် လူရွှင်တော် မေတ္တာ၊ ချစ်စ ရာ၊ နောက်တိုးနှင့် ရွှင်ပျော်တို့ ပါဝင် ဖျော်ဖြေမည်ဖြစ်ကြောင်းနှင့် ဖေဖော် ဝါရီ ၁၂ရက်နှင့် ၁၃ ရက် တွင် နိုင်ငံကျော် ဧည့်သည်အဆိုတော်များ မှ ဖျော်ဖြေပြီး ဖေဖော်ဝါရီ ၁၁ရက်တွင် ဒေသခံတိုင်းရင်းသား ရိုးရာအကများ ဖြင့် သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

Myitmakha
‎Democracytoday‬

No comments:

Post a Comment