Wednesday 4 February 2015

အမျိုးသား တစ်ဦးကို ဂေးဟု စွပ်စွဲပြီး အိုင်အက်စ်တို့က ခုနစ်လွှာ တိုက်ခန်းပေါ် မှပစ်ချ

ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်တို့က အမျိုးသားတစ်ဦးကို မိန်းမလျာဖြစ်သည့်အတွက် ဟုဆိုကာ မျက်နှာကို အဝတ် စည်းပြီး အဆောက်အအုံ တစ်ခု၏ ခုနှစ် လွှာပေါ်က ပစ်ချသတ်ဖြတ်ခဲ့ရာ မသေသေး သဖြင့် အောက် တွင်ရှိနေသည့် လူအုပ် ကကျောက်ခဲဖြင့် ဝိုင်းထုသတ်ခဲ့ ကြသည်။

အိုင်အက်စ်တို့ ထိန်းချုပ်ထားသည့် ရာကာရှိ တဲလ်အက်ဘ်ယတ်မြို့ တွင်းတွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခြင်း ဖြစ်ပြီး ၎င်းမိန်းမ လျာဖြစ်သူ ဟုဆိုသူကို တိုက်ပေါ် ကပစ်ချပုံ၊ တိုက်အောက် တွင်ရှိနေသည့် လူအုပ်ကြီး ကကျောက်ခဲဖြင့် ဝိုင်းထုကြပုံဓာတ်ပုံ များပေါ်ထွက်လာ ခဲ့ခြင်းဖြစ်သည်။

၎င်းပုဂ္ဂိုလ်ကို ခုနစ်ထပ် တိုက်ပေါ်က မျက်စိကို အဝတ်စည်းပြီး အိုင်အက်စ်တို့က ပစ်ချ ခဲ့ခြင်းဖြစ်သော် လည်း ၎င်းက အသက် ရှင်ဆဲဖြစ် ၍အောက်တွင်စောင့် ကြည့်နေ ကြသည့် လူအုပ် ကဝိုင်း ကာကျောက် ခဲဖြင့် ထုသတ် ကြခြင်းဖြစ်ကြောင်းကို ဆီးရီးယား လူ့အခွင့် အရေးစောင့်ကြည့်ရေး အဖွဲ့ကလည်း အတည်ပြု သည်။

၏မမျှော်လင့်ဘဲ အပြင်သို့ထွက်ပေါ်ခဲ့သည့် ဓာတ်ပုံ များတွင် အသက် ၅ဝ ခန့်ရှိမည့် လိင်တူဆက်ဆံ သူဆိုသူကို ပလတ်စတစ် ထိုင်ခုံပေါ်တွင် မျက်စိအဝတ် စည်း၍ ထိုင်ခိုင်းထားပုံ၊ ၎င်းဘေးတွင် မျက်နှာဖုံးစွပ် လူနှစ်ဦး ကရပ်နေပုံများ ကိုတွေ့မြင်ရသည်။

ဓာတ်ပုံ တစ်ပုံတွင် တိုက်ပေါ် မှပြုတ် ကျလာ ပုံကိုတွေ့ရ ပြီးနောက်ဓာတ်ပုံ တစ်ပုံ မှာအောက်ရှိ လူအုပ်ကြီး က မသေဘဲ ရှိနေသည့် ၎င်းကိုကျောက် ခဲဖြင့်ဝိုင်း ထုပုံ ကိုတွေ့ ရသည်။

ထိုသို့ တိုက်ပေါ် ကပြုတ်ကျ ပြီးနောက်အောက်သို့ အရောက်တွင် အဆိုပါ ပုဂ္ဂိုလ်က မသေသေး သဖြင့် ငုတ်တုတ်ထ ထိုင်ရာ စစ်ဝတ် စစ်စားနှင့် အတူဆက် သွယ်ရေးရေဒီယို တစ်လုံးပါ ကိုင်ဆောင် ထားသူက ၎င်း၏ အခြေ အနေကို စစ်ဆေးနေပုံကို လည်းတွေ့ ရသည်။ ထို့နောက်တွင် ၎င်းကိုဝိုင်း ၍ကျောက်ခဲဖြင့် ထုကြခြင်းဖြစ်သည်။

ပြီးခဲ့သည့်လကလည်း မိန်းမလျာဖြစ်သူ ဆိုသူလူနှစ်ဦးကို တိုက်ပေါ်က ပစ်ချ အဆုံးစီရင် မှုဖြစ်ပွားသလို အခြားမိန်းမလျာနှစ် ဦးကိုလည်း လူစုလူဝေးရှေ့တွင် ကားစင်တင် ၍သတ်ဖြတ် မှုဖြစ်ပွားခဲ့သည်။

ပြီးခဲ့ သည့်နှစ် ဒီဇင်ဘာလ အတွင်း ကလည်း အိုင်အက်စ် တိုက်ခိုက်ရေး သမားရှစ်ဦးက လိင်တူ  ဆက်ဆံ သူ တစ်ဦး  ကိုကျောက် ခဲဖြင့်ဝိုင်း ထုသတ်ခဲ့သည့် ဓာတ်ပုံများ လူမှုမီဒီယာ များတွင် ထွက်ပေါ်ခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment