Wednesday 4 February 2015

နေ့စဉ်ရုံးသွားရုံးပြန် ၃၄ ကီလိုမီတာ လမ်းလျှောက်သူ ဒက်ထရွိုက်မြို့ သား အား ကန်ဒေါ်လာ တစ်သိန်းချီးမြှင့်

ဒက်ထရွိုက်မြို့သားတစ်ဦးမှာ နေ့စဉ်အလုပ်အသွားအပြန် ခရီး ၂၁မိုင် (၃၃ ဒသမ ၈ ကီလိုမီတာ) အား လမ်းလျှောက်၍ သွားခဲ့သည်။ ၄င်းအား အမေရိကန်ဒေါ်လာတစ်သိန်း (စင်ကာပူဒေါ်လာ ၁၃၅,ဝဝဝ) ရရှိခဲ့ ကြောင်း Straits Times သတင်း စာက ရေးသားလိုက်သည်။

ဂျိမ်းစ်ရိုဘတ်ဆင်၏ အကြောင်း ကို ဒက်ထရွိုက်ဖရီးပရက်စ်သတင်း စာတွင် တနင်္ဂနွေနေ့က ဖော်ပြခဲ့ သည်။ ရန်ပုံငွေစုဆောင်းရရှိရန်အ တွက် ဖြစ်သည်ဟု ဆိုသည်။

လူများစွာက ၄င်းအားကား တစ်စီးဝယ်ရန် အကြံပြုကြသည်။ တချို့က ၄င်းတို့ ကိုယ်ပိုင်ကားများ ကို ပေးကြ သည်။ အာမခံကြေး သို့ မဟုတ် နေ့စဉ်ကားဖြင့် မောင်းပို့ရန် ပြောကြကြောင်း သတင်းစာက တ နင်္လာနေ့တွင် ထပ်မံဖော်ပြခဲ့သည်။

gofundme.com မှ လှုံ့ဆော် ခဲ့ရာ အမေရိကန်ဒေါ်လာ ၁ဝ၁ဝဝဝ အင်္ဂါနေ့တွင် ရရှိခဲ့သည်။

ရိုဘတ်ဆင်သည် ပင်ပန်းစွာ ခြေကျင်လျှောက်၍ ၄င်း၏စက်ရုံသို့ အလုပ်သွားခဲ့သည်မှာ ဆယ်နှစ်ရှိပြီ ဟု ဆိုသည်။ ၄င်း၏ဟွန်ဒါအက်ကော့ ကားပျက်သွားပြီးကတည်းကဟု ဆို သည်။ ၄င်းမှာ တစ်နေ့မှ အလုပ်မ ပျက်ခဲ့ကြောင်း ၄င်း၏ကြီးကြပ်ရေး မှူးက ဆိုသည်။

ဒက်ထရွိုက်၌ ဘတ်စ်ကားများ မပြေးတော့သောအခါ ၄င်းမှာ ဘတ်စ် ကား ပုံမှန်မပြေးသော နယ်ကိုဖြတ် ၍ လျှောက်ခဲ့ရခြင်းဖြစ်သည်ဟု ဆို သည်။ ယခု ၄င်းမှာ တနင်္လာနေ့မှ သောကြာနေ့အထိ လမ်းတစ်ဝက် ဘတ်စ်ကားစီးပြီး ၁၂ ဒသမ ၈ ကီလိုမီတာကို လမ်းလျှောက်ကာ သူ၏အလုပ်ချိန် မွန်းလွဲ ၂နာရီမှ ည ၁ဝနာရီကို အမီသွားနေရသည်။

အိမ် အပြန်တွင် ဘတ်စ်ကားမရှိတော့၍ ၂၁ကီလိုမီတာ လမ်းလျှောက်ပြန်ရ သည်ဟု ဆိုသည်။ ၄င်းမှာ အလုပ် သို့ တစ်နေ့လျှင် ၁ဝ၊ ၁၂နာရီ လမ်းလျှောက် ပြီး အလုပ်တွင် ရှစ်နာရီအလုပ်လုပ် ရသည်ဟု ဆိုသည်။

၎င်းမှာ မိန်းက လေး အဖော်နှင့်နေပြီး သူမက အခန်း ငှားထားသည်ဟု ဆိုသည်။ ၄င်းသည် တစ်နာရီလုပ်ခ ၁ဝ ဒသမ ၅၅ဒေါ် လာရရှိသည်။ ထို့ကြောင့် ကားမဝယ် နိုင်၊ ရိုဘတ်ဆင်က အလုပ်မလုပ်ဘူး လို့ ဘယ် တော့မှ စိတ်မကူးပါဟု ဒက် ထရွိုက်သတင်းစာကို ပြောပြခဲ့သည်။

The Straits Times
‎Democracytoday‬

No comments:

Post a Comment