Wednesday 4 February 2015

ကုလ ကိုယ်စားလှယ် ရန်ဟီးလီ၏ ပြောဆိုမှု နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်

မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင်အရေး စုံစမ်း စစ်ဆေးရေးမှူး ရန်ဟီလီ၏ ၁၀ရက်ကြာ မြန်မာခရီးစဉ်၌ သူ၏ သဘော ထား အမြင်များပြောဆိုချက်များမှာ လက်ရှိအပြုဆောင်နေ သည့်အခြေ အနေ များနှင့် ကိုက်ညီခြင်းမရှိပဲ၊ နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းတရားစီရင် ပိုင်ခွင့်ကို စွက်ဖက် နေကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်လိုက်သည်၊ 

အဆိုပါ ကြေညာချက်တွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်း၊ ဥပဒေကြမ်း ၄ရပ်၊ မြေယာကိစ္စ၊ နိုင်ငံရေး အကျဉ်းသားများ ကိစ္စနှင့်ပတ်သက် ၍ ဖော်ပြထားပြီး၊ ရိုဟင်ဂျာဟု သုံးစွဲခေါ်ဝေါ်ခြင်းကို အတိအလင်းပယ် ချကြောင်း၊ မည်သည့် အခါမှ အသိအမှတ်မပြု ကြောင်း၊ ဤအသုံးအနှုန်းကို ထပ်ကာတလဲလဲ သုံးနေခြင်း သည် အရေးကြီးသည့်ကိစ္စရပ်များ ဖြေရှင်းရာတွင် အဟန့်အတားဖြစ် စေမည်ဖြစ်ကြောင်း ပြောဆို ထားသည်၊ 

ကုလလူ့အခွင့်ရေး စုံစမ်းရေးမှူး၏ ခရီးစဉ်မှာ ပြည်သူများအား သဘောထား ကွဲလွဲမှု မယုံကြည်မှု သွေးထိုး လှူံဆော်မှုအဖြစ် မရောက်စေသင့်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး အမုန်းပွားစေမည့် မည်သည့် ပြောဆိုချက်ကိုမဆို လက်ခံမည်မဟုတ်ကြောင်းရေးသားထားသည်။

ဧရာဝတီ 

No comments:

Post a Comment