Tuesday 24 February 2015

ယခုဘဏ္ဍာနှစ် ကျောက်စိမ်းတင်ပို့မှု ယခင်ဘဏ္ဍာနှစ်ထက် ကန်ဒေါ် လာ ၁၆၈သန်းကျော် လျော့ကျ

ပြည်ပနိုင်ငံများသို့ ယခုဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်းတင်ပို့မှုမှ ယခင်ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ ၁၆၈ သန်း ကျော် လျော့ ကျသွားကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၁၃ ရက်ထိ ပြည်ပနိုင်ငံများသို့ ကျောက် စိမ်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်းပေါင်း ၁၁၇၁ ဒသမ ၇၃၉သန်းရှိသော်လည်း ယခုဘဏ္ဍာ နှစ်တွင် ကန်ဒေါ်လာ သန်းပေါင်း ၁၀၀၃ ဒသမ ၆၅၆သန်းသာ တင်ပို့ ခဲ့ခြင်းကြောင့် ယခင်ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ သန်း ပေါင်း ၁၆၈ ဒသ မ ဝ၈၃ သန်း လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာ နမှ တာဝန်ရှိသူတစ်ဦးက ''ဒီဘဏ္ဍာ နှစ်မှာ ကျောက်စိမ်းရောသတ္တုနဲ့ သတ္တုရိုင်းပစ္စည်းတင်ပို့ တာ လျော့ခဲ့ ပေမယ့် သတ္တုက ငွေတန်ဖိုးမှာမလျော့ဘူး။ ကျောက်စိမ်း တစ်ခုတည်း ပစ္စည်းရော ငွေကြေးတန်ဖိုးရော လျော့လာတယ်။ တခြားကျောက်မျက်ရတနာတွေ သတ္တုတွင်းထွက်ပစ္စည်းတွေမှာ အားလုံးတင်ပို့တာ အရင်နှစ်ထက် တိုးလာတယ်''ဟု ပြောသည်။

ကျောက်စိမ်းကို ပြည်ပနိုင်ငံ များသို့ ယခုဘဏ္ဍာနှစ်အတွင်း တင်ပို့မှုမှာ ပင်လယ်ရေကြောင်းမှ ကန် ဒေါ်လာ ၂၇၁ ဒသမ ၂၉၅သန်း၊ နယ် စပ်ကုန် သွယ်ရေးမှ ကန်ဒေါ်လာ ၇၃၂ ဒသမ ၃၆၁ သန်း စုစုပေါင်းကုန်သွယ် မှုပမာ ဏ ကန်ဒေါ်လာသန်းပေါင်း ၁၀၀၃ ဒသမ ၆၅၆ သန်း တင်ပို့ခဲ့ ကြောင်း သိရသည်။

ယင်းက ''ကျောက်စိမ်းတင်ပို့ တာ ပင်လယ်ရေကြောင်းက တင်ပို့ တာ သိပ်မရှိတော့ဘူး။ နယ်စပ်ကုန် သွယ်ရေးဘက်ကပဲ ပြည်ပနိုင်ငံတွေ ကို တင်ပို့တာများတယ်။ အရင်နှစ် ကတော့ နယ်စပ်ရော ပင်လယ်ရေ ကြောင်း ဘက်ကတင်ပို့ကြပေမယ့် ဒီနှစ်မှာ ပင်လယ်ရေကြောင်းက တင်ပို့ တာ တော်တော်လျော့ လာ တယ် '' ဟု ပြောသည်။

ကျောက်စိမ်းအပါအဝင် ပြည် ပနိုင်ငံများသို့ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့ရာတွင် ပင်လယ်ရေကြောင်း မှ ကန်ဒေါ်လာ ၆၁၈ ဒသမ ၅၉၂ သန်း တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ် ရေးများမှ ကန်ဒေါ်လာ ၇၆၄ ဒသမ ၅၄ရ သန်း စုစုပေါင်း ကန်ဒေါ်လာ သန်းပေါင်း ၁၃၈၃ ဒသမ ၁၃၉ သန်း တင်ပို့ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် သတ္တုတွင်းထွက်ပစ္စည်းများ ကန် ဒေါ်လာသန်း ပေါင်း ၉ဝကျော် ပိုမို တင်ပို့ခဲ့ကြောင်း သိရသည်။

TEEP
Democracytoday

1 comment:

  1. ခွေးသူတောင်းစားကေအိုင်အေတွေ တရုပ်နဲ့ ပေါင်းပြီးခိုးထုတ်ကုန်လို့ ပေါ့ ။

    ReplyDelete