Wednesday 17 September 2014

ဂျီဟတ်များအပေါ် အမေရိကန်၏ တံပိုးခရာသံ

Photo: ဂျီဟတ်များအပေါ် အမေရိကန်၏ တံပိုးခရာသံ
Wednesday, September 17, 2014

စက်တင်ဘာ ၁၀ ရက်တွင် သမ္မတဘားရက်အိုဘားမား အမေရိကန်ပြည်သူလူထုအား မိန့်ခွန်းပြောချိန်တွင် ၎င်း၏စကားများမှာ အစ္စလာမ်မစ်နိုင်ငံတော် (IS)အဖွဲ့ အကြောင်းထက် ပိုပါသည်။ အယ်လ်ကိုင်ဒါနောက်ပိုင်း အဆိုးရွားဆုံး အိုင်အက်စ်ကင်ဆာရောဂါ တိုက်ဖျက်ရေး ၎င်း၏အစီအစဉ်မှာ အရှေ့အလယ်ပိုင်းဒေသကို ၀ါးမျိုနေသော ဗရုတ်သုတ်ခအခြေအနေများကို အရှေ့အလယ်ပိုင်းကိုယ်တိုင်က ကျော်လွှားနိုင်မှသာလျှင် အလုပ်ဖြစ်ပါလိမ့်မည်။

ထို့အတူပင် အမေရိကန်နိုင်ငံ ကိုယ်တိုင်ကလည်း မကြာသေးမီနှစ်များက နိုင်ငံခြားရေးမူဝါဒ ပစ်ပယ်လျစ်လျူရှုခဲ့မှုများအတွက် ဆုံးရှုံးသွားသော ရပ်တည်မှု ပြန်လည်ရရှိနိုင်မှသာလျှင် အိုင်အက်စ်အဖွဲ့တိုက်ဖျက်ရေး ရေရှည်တည်မြဲသော မဟာမိတ်အဖွဲ့ခေါင်းဆောင်အဖြစ် လုပ်ကိုင်နိုင်ပါလိမ့်မည်။ ယင်းအတွက် အကောင်းဆုံး အမေရိကန်ဦးဆောင်မှုဟု သမ္မတက ခေါ်ဝေါ်သောကိစ္စမှာ အကြမ်းဖက်တိုက်ပွဲလည်းဖြစ်သလို အမေရိကန်၏အင်အားအပေါ် သံသယရှိသူများကို ပြန်လည်ထိုးနှက်မှုလည်းဖြစ်သည်။

အိုဘားမားချပြသော အစီအစဉ်မှာ အိုင်အက်စ်အဖွဲ့ကို စစ်ရေး၊ ဘဏ္ဍာရေးနှင့် အတွေးအခေါ် သဘောတရားရေးရာများ ဆုတ်ယုတ်စေပြီး နောက်ဆုံး၌ ဖျက်ဆီးပစ်ရေး တိုက်တွန်းထားသည်။ ကုလသမဂ္ဂ၏ အတည်ပြုချက်မရရှိလျှင်ပင် (မကြာသေးမီကပင် ရုရှားနိုင်ငံက ယင်းအချက်အပေါ် သတိပေးထားသည်) အာရပ်နှင့် မွတ်စလင်နိုင်ငံများ၏ ထောက်ခံမှုဖြင့် မဟာမိတ်အဖွဲ့မှာ ဥပဒေအရ ဘောင်ဝင်သွားနိုင်မည် ဖြစ်သည်။

အမေရိကန်က အိုင်အက်စ်အဖွဲ့ကို အီရတ်နိုင်ငံ၌ လေကြောင်းမှ တိုက်ခိုက်သွားမည်ဖြစ်ကာ လိုအပ်ပါက ဆီးရီးယားနိုင်ငံကိုပါ တိုက်ခိုက်မည်ဖြစ်သည်။ အမေရိကန်က ကာ့ဒ်တပ်ဖွဲ့များအား ကူညီပေးပြီး အီရတ်စစ်တပ်ကိုလည်း အင်အားဖြည့်တင်းပေးသွားမည်ဖြစ်သည်။ အီရတ်စစ်တပ်မှာလည်း ရှီးယားလိုလားသော ဘက်လိုက်မှုများနှင့် အိုင်အက်စ်အဖွဲ့ကို ရှုံးနိမ့်မှုများကြောင့် အထိနာနေပြီဖြစ်သည်။ ထို့အပြင် မဟာမိတ်အဖွဲ့က ဆီးရီးယားရှိ အယူဝါဒ အလယ်အလတ် သူပုန်တပ်ဖွဲ့များကိုလည်း ထောက်ပံ့ပေးမည်ဖြစ်သည်။ ယခုရက်ပိုင်းမှာပင် ယင်းတပ်ဖွဲ့များအား လေ့ကျင့်ပေးရေးစခန်းများကို ၎င်းတို့ပိုင်နက်အတွင်း လက်သင့်ခံမည်ဟု ဆော်ဒီအာရေးဗီးယားနိုင်ငံက သဘောတူခဲ့သည်။ ယင်းတွင် အမေရိကန်မရိန်းတပ်ဖွဲ့များ ပါဝင်လိမ့်မည်မဟုတ်သော်လည်း အမေရိကန်အထူးတပ်ဖွဲ့များနှင့် စစ်ဘက်လေ့ကျင့်ရေးမှူးများ၏ကဏ္ဍ ကြီးမားစွာပါဝင်ပါမည်။

အီရတ်နိုင်ငံမှာ လွတ်လပ်တည်ငြိမ်ပြီး မိမိကိုယ်ကိုယ် အားကိုးနိုင်သောနိုင်ငံဟု အတိတ်ကာလတွင် အိုဘားမားက မှားယွင်းစွာအကဲဖြတ်ခဲ့ပြီး အိုင်အက်စ်အဖွဲ့ထံမှ ခြိမ်းခြောက်မှုကိုလည်း လျှော့တွက်ထားခဲ့သည်။ ဘာရှားအာဆတ်ကို ဆန့်ကျင်သော အုံကြွမှုကြောင့်လည်း ယင်းအဖွဲ့ကို ပေါက်ဖွားခွင့်ပေးခဲ့သည်။ ယင်းမှထွက်ပေါ်လာသော အကျိုးဆက်တစ်စိတ်တစ်ပိုင်းအဖြစ် အိုင်အက်စ်အဖွဲ့မှာ အရှေ့အလယ်ပိုင်းဒေသကို တစ်စစီဆုတ်ဖြဲပစ်နေသည်။ ဆီးရီးယားဒေသ အများအပြားကို သိမ်းပိုက်ထားကာ ဆွန်နီတို့အပေါ် ဆွဲဆောင်မှုရှိလာခြင်းနှင့်အတူ အိမ်နီးချင်းအီရတ်နိုင်ငံကို ဖျက်ဆီးပစ်နေသည်။ အထိန်းအချုပ်မဲ့လွှတ်ထားခဲ့ပါက ယင်းအဖွဲ့လှုပ်ရှားမှုမှာ ဂျော်ဒန်နှင့် လက်ဘနွန်နိုင်ငံတို့သို့ ဆက်လက်ရောက်ရှိပြီး နောက်ဆုံးတွင် အစ္စလာမ်ဘာသာ၏ အထွတ်အမြတ်ဒေသများရှိရာ ဒေသနှင့် ကမ္ဘာ့အကြီးဆုံးရေနံထုတ်လုပ်သူ ဆော်ဒီအာရေးဗီးယားနိုင်ငံအထိပင် ရောက်ရှိသွားနိုင်သည်။

ယင်းအဖွဲ့၏ လမ်းကြောင်းပေါ် ကျွံသွားသော အနောက်နိုင်ငံသားများအတွက် အိုင်အက်စ်အဖွဲ့မှ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေကာ အနောက်တိုင်းမှ ဂျီဟတ်ဆင်နွှဲလိုသူများ မိခင်နိုင်ငံပြန်လာပြီး တိုက်ခိုက်မှုများ ပြုလုပ်နိုင်သော အန္တရာယ်လည်း ရှိနေသည်။

သူ့အစီအစဉ် အောင်မြင်နိုင်ကြောင်း ထင်မြင်ရန် အိုဘားမားတွင် အကြောင်းပြချက်များစွာ ရှိသည်။ အမေရိကန်လူထု၏ ထင်မြင်ချက်မှာ အရှေ့အလယ်ပိုင်း၏ ဒုက္ခသုက္ခများဆီ ပြန်သွားရေးဆန့်ကျင်ဘက်၌ ရှိနေတတ်သည်။ သို့သော် မကြာသေးမီက အမေရိကန်နိုင်ငံသားနှစ်ဦးကို ခေါင်းဖြတ်မှုအပြီးတွင် ပြည်သူများက အမေရိကန်ကြားဝင်မှုကို ထောက်ခံလာကြသည်။ ထိုနည်းတူစွာပင် မွတ်စလင်နိုင်ငံများလည်း အိုင်အက်စ်အဖွဲ့တွင် ကြောက်ရွံ့စရာတစ်စုံတစ်ခု တွေ့မြင်ရပြီး ယင်းအဖွဲ့ကိုရပ်တန့်ရန် ကျယ်ပြန့်သော စစ်ဆင်ရေးတစ်ရပ်ကို အမေရိကန်နိုင်ငံကသာ စည်းရုံးနိုင်သည်ကို အသိအမှတ်ပြုလာကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက လှုံ့ဆော်ခဲ့ရာ ဘာရိန်း၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားတို့၏ ထောက်ခံမှုကတိက၀တ်များ ရရှိခဲ့သည်။

အိုင်အက်စ်အဖွဲ့အပေါ် စစ်ဆင်ရေးတိုးမြှင့်ခြင်းနှင့် ပတ်သက်၍ အိုဘားမားက နိုင်ငံတော်သို့ မိန့်ခွန်းမပြောမီ အထက်၊ အောက်လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ၎င်း၏အစီအစဉ်ကို တင်ပြခဲ့သည်။ သို့သော် ယင်းအစီအစဉ်အတွက် လွှတ်တော်၏အတည်ပြုမှု လိုအပ်မည် မဟုတ်ဟုလည်း ဒုတိယမြောက် သမ္မတသက်တမ်းတာဝန် ထမ်းဆောင်နေသော အိုဘားမားက ပြောကြားသည်။ နောက်တစ်နေ့တွင်မူ အမေရိကန်အောက်လွှတ်တော် ရီပက်ဘလေကန်ခေါင်းဆောင် ဂျွန်ဘိုးနာက အိုဘားမား၏အစီအစဉ်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားသည်။ သို့သော် သမ္မတအိုဘားမားအနေဖြင့် ၎င်း၏ မဟာဗျူဟာအသေးစိတ်ကို တင်ပြရမည်ဟုလည်း ပြောကြားသည်။

အိုဘားမား၏တာဝန်မှာ ခက်ခဲမှုများ ရှိသည်။ ၎င်းအနေဖြင့် အာရပ်နိုင်ငံများထံမှ ကျယ်ပြန့်သောထောက်ခံမှုရရန် လိုအပ်သည်။ အိုင်အက်စ်အဖွဲ့ကို အီရတ်နှင့် ဆီးရီးယားတွင်လည်း ချိုးနှိမ်ရန်လိုအပ်သည်။ သို့မဟုတ်ပါက ခိုလှုံစရာနေရာများရရှိပြီး ပြန်လူစုနိုင်သည်။ အီရတ်အစိုးရအနေဖြင့် အိုင်အက်စ်အဖွဲ့နှင့်အတူ တိုက်ခိုက်နေသော ဆွန်နီများကို ခွဲထုတ်၍ အားနည်းအောင် လုပ်ရပါမည်။ သို့သော် အီရတ်တွင် ၀န်ကြီးချုပ်သစ်အယ်လ်အဘာဒီ ဦးဆောင်သော အစိုးရအဖွဲ့၌ မည်ကာမတ္တ ဆွန်နီကိုယ်စားပြုမှုသာ ပါဝင်သည်။

ဆီးရီးယားအတွက် စိတ်ကူးမှာ အာဆတ်ကို ဆန့်ကျင်နေသော အဖွဲ့များထဲမှ အလွန်အစွန်းမရောက်သူများကို အင်အားဖြည့်တင်းပေးပြီး ၎င်းတို့အနေဖြင့် အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းရန် လိုအပ်ပုံကို သဘောပေါက်ရေးဖြစ်သည်။ သို့သော် ယင်းအလယ်အလတ်အဖွဲ့များကို ထူထောင်ရေးမှာ အားနည်းနေပြီး ၎င်းတို့မှာလည်း အိုင်အက်စ်အဖွဲ့နှင့် အာဆတ်ကို ယှဉ်နိုင်မည့်သူများဖြစ်လာမည်လားဆိုသည်မှာ မသေချာသေးပေ။

ယင်းအတွက် အိုဘားမားမှ အချိန်လိုအပ်သည်။ တစ်ဖက်တွင် အိုင်အက်စ်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် မတရားမှုများမှာ အယူအဆ အပြင်းဆုံးအဖွဲ့များမှလွဲ၍ ကျန်အဖွဲ့များကြား လူကြိုက်များမှုမရှိ၍ အိုဘားမားအတွက် အချိန်ရသည်ဟု ဆိုနိုင်သည်။ သို့သော် စိတ်ရှည်သည်းခံမှုမှာ အမေရိကန်နိုင်ငံရေး၏ ကောင်းကွက်အဖြစ် ရှိမနေပါက အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းရေးဂိုဏ်းဖွဲ့နေသော နိုင်ငံများကြားတွင်လည်း မူလကပင် ကွဲပြားမှုများရှိနေပြီး ယာယီအကျိုးစီးပွားအတွက် ပေါင်းစည်းခဲ့ကြခြင်းဖြစ်ရာ အနှေးနှင့်အမြန်ဆိုသလို ပြိုင်ဆိုင်မှုများ ခေါင်းပြန်ထောင်လာနိုင်သည်။ မဟာမိတ်အဖွဲ့ အားနည်းသွားလျှင် လုပ်ငန်းစဉ်တစ်ခုလုံး အရှိန်လျော့ကျသွားမည် ဖြစ်သည်။

အောင်မြင်မှုအတွက် အကြီးမားဆုံး အခွင့်အရေးရရန် မည်သည့်မဟာမိတ်အဖွဲ့မဆို ရေရှည်တည်မြဲရမည်ဖြစ်သည်။ ယင်းအတွက် အိုဘားမားမှာ ၎င်း၏သမ္မတသက်တမ်း၌ ချို့ငဲ့နေသော ကိုယ်တိုင်ပါဝင်ကပြရမည့် သံတမန်ရေး ရေရှည်ထိန်းသိမ်းမှုအပေါ် စိတ်ပိုင်းဖြတ်မှု ပြသရပါမည်။

Ref: Economist/Reuters/ BBC
7Day Daily 
 စက်တင်ဘာ ၁၀ ရက်တွင် သမ္မတဘားရက်အိုဘားမား အမေရိကန်ပြည်သူလူထုအား မိန့်ခွန်းပြောချိန်တွင် ၎င်း၏စကားများမှာ အစ္စလာမ်မစ်နိုင်ငံတော် (IS)အဖွဲ့ အကြောင်းထက် ပိုပါသည်။ အယ်လ်ကိုင်ဒါနောက် ပိုင်း အဆိုးရွားဆုံး အိုင်အက်စ်ကင်ဆာရောဂါ တိုက်ဖျက်ရေး ၎င်း၏အစီအစဉ်မှာ အရှေ့အလယ်ပိုင်းဒေသ ကို ၀ါးမျိုနေသော ဗရုတ်သုတ်ခအခြေအနေများကို အရှေ့အလယ်ပိုင်းကိုယ်တိုင်က ကျော်လွှားနိုင်မှသာလျှင် အလုပ်ဖြစ်ပါလိမ့်မည်။
ထို့အတူပင် အမေရိကန်နိုင်ငံ ကိုယ်တိုင်ကလည်း မကြာသေးမီနှစ်များက နိုင်ငံခြားရေးမူဝါဒ ပစ်ပယ် လျစ်လျူရှုခဲ့မှုများအတွက် ဆုံးရှုံးသွားသော ရပ်တည်မှု ပြန်လည်ရရှိနိုင်မှသာလျှင် အိုင်အက်စ်အဖွဲ့ တိုက် ဖျက်ရေး ရေရှည်တည်မြဲသော မဟာမိတ်အဖွဲ့ခေါင်းဆောင်အဖြစ် လုပ်ကိုင်နိုင်ပါလိမ့်မည်။ ယင်းအတွက် အကောင်းဆုံး အမေရိကန်ဦးဆောင်မှုဟု သမ္မတက ခေါ်ဝေါ်သောကိစ္စမှာ အကြမ်းဖက်တိုက်ပွဲ လည်းဖြစ်သလို အမေရိကန်၏အင်အားအပေါ် သံသယရှိသူများကို ပြန်လည်ထိုးနှက်မှုလည်းဖြစ်သည်။

အိုဘားမားချပြသော အစီအစဉ်မှာ အိုင်အက်စ်အဖွဲ့ကို စစ်ရေး၊ ဘဏ္ဍာရေးနှင့် အတွေးအခေါ် သဘော တရားရေးရာများ ဆုတ်ယုတ်စေပြီး နောက်ဆုံး၌ ဖျက်ဆီးပစ်ရေး တိုက်တွန်းထားသည်။ ကုလသမဂ္ဂ၏ အတည်ပြုချက် မရရှိလျှင်ပင် (မကြာသေးမီကပင် ရုရှားနိုင်ငံက ယင်းအချက်အပေါ် သတိပေးထားသည်) အာရပ်နှင့် မွတ်စလင်နိုင်ငံများ၏ ထောက်ခံမှုဖြင့် မဟာမိတ်အဖွဲ့မှာ ဥပဒေအရ ဘောင်ဝင် သွားနိုင်မည် ဖြစ်သည်။

အမေရိကန်က အိုင်အက်စ်အဖွဲ့ကို အီရတ်နိုင်ငံ၌ လေကြောင်းမှ တိုက်ခိုက်သွားမည်ဖြစ်ကာ လိုအပ်ပါက ဆီးရီးယားနိုင်ငံကိုပါ တိုက်ခိုက်မည်ဖြစ်သည်။ အမေရိကန်က ကာ့ဒ်တပ်ဖွဲ့များအား ကူညီပေးပြီး အီရတ် စစ်တပ်ကိုလည်း အင်အားဖြည့်တင်းပေးသွားမည်ဖြစ်သည်။ အီရတ်စစ်တပ်မှာလည်း ရှီးယားလိုလားသော ဘက်လိုက်မှုများနှင့် အိုင်အက်စ်အဖွဲ့ကို ရှုံးနိမ့်မှုများကြောင့် အထိနာနေပြီဖြစ်သည်။ ထို့အပြင် မဟာမိတ်အဖွဲ့ က ဆီးရီးယားရှိ အယူဝါဒ အလယ်အလတ် သူပုန်တပ်ဖွဲ့များကိုလည်း ထောက်ပံ့ပေး မည်ဖြစ် သည်။ ယခုရက်ပိုင်းမှာပင် ယင်းတပ်ဖွဲ့များအား လေ့ကျင့်ပေးရေးစခန်းများကို ၎င်းတို့ပိုင်နက် အတွင်း လက်သင့်ခံမည်ဟု ဆော်ဒီအာရေးဗီးယားနိုင်ငံက သဘောတူခဲ့သည်။ ယင်းတွင် အမေရိကန်မရိန်း တပ်ဖွဲ့များ ပါဝင်လိမ့်မည်မဟုတ်သော်လည်း အမေရိကန်အထူးတပ်ဖွဲ့များနှင့် စစ်ဘက်လေ့ ကျင့်ရေး မှူးများ၏ကဏ္ဍ ကြီးမားစွာပါဝင်ပါမည်။

အီရတ်နိုင်ငံမှာ လွတ်လပ်တည်ငြိမ်ပြီး မိမိကိုယ်ကိုယ် အားကိုးနိုင်သောနိုင်ငံဟု အတိတ်ကာလတွင် အိုဘားမားက မှားယွင်းစွာ အကဲဖြတ်ခဲ့ပြီး အိုင်အက်စ်အဖွဲ့ထံမှ ခြိမ်းခြောက်မှုကိုလည်း လျှော့တွက် ထားခဲ့သည်။ ဘာရှားအာဆတ်ကို ဆန့်ကျင်သော အုံကြွမှုကြောင့်လည်း ယင်းအဖွဲ့ကို ပေါက်ဖွားခွင့်ပေး ခဲ့သည်။ ယင်းမှထွက်ပေါ်လာသော အကျိုးဆက်တစ်စိတ်တစ်ပိုင်းအဖြစ် အိုင်အက်စ်အဖွဲ့မှာ အရှေ့ အလယ်ပိုင်းဒေသကို တစ်စစီဆုတ်ဖြဲပစ်နေသည်။ ဆီးရီးယားဒေသ အများအပြားကို သိမ်းပိုက်ထားကာ ဆွန်နီတို့ အပေါ် ဆွဲဆောင်မှုရှိလာခြင်းနှင့်အတူ အိမ်နီးချင်းအီရတ်နိုင်ငံကို ဖျက်ဆီးပစ်နေသည်။ အထိန်း အချုပ်မဲ့ လွှတ်ထားခဲ့ပါက ယင်းအဖွဲ့လှုပ်ရှားမှုမှာ ဂျော်ဒန်နှင့် လက်ဘနွန်နိုင်ငံတို့သို့ ဆက်လက်ရောက် ရှိပြီး နောက်ဆုံးတွင် အစ္စလာမ်ဘာသာ၏ အထွတ်အမြတ်ဒေသများရှိရာ ဒေသနှင့် ကမ္ဘာ့အကြီး ဆုံးရေနံထုတ်လုပ်သူ ဆော်ဒီအာရေးဗီးယားနိုင်ငံအထိပင် ရောက်ရှိသွားနိုင်သည်။

ယင်းအဖွဲ့၏ လမ်းကြောင်းပေါ် ကျွံသွားသော အနောက်နိုင်ငံသားများအတွက် အိုင်အက်စ်အဖွဲ့မှ ခြိမ်းခြောက် မှု တစ်ရပ်ဖြစ်နေကာ အနောက်တိုင်းမှ ဂျီဟတ်ဆင်နွှဲလိုသူများ မိခင်နိုင်ငံပြန်လာပြီး တိုက်ခိုက် မှု များ ပြုလုပ်နိုင်သော အန္တရာယ်လည်း ရှိနေသည်။

သူ့အစီအစဉ် အောင်မြင်နိုင်ကြောင်း ထင်မြင်ရန် အိုဘားမားတွင် အကြောင်းပြချက်များစွာ ရှိသည်။ အမေရိကန်လူထု၏ ထင်မြင်ချက်မှာ အရှေ့အလယ်ပိုင်း၏ ဒုက္ခသုက္ခများဆီ ပြန်သွားရေးဆန့်ကျင်ဘက်၌ ရှိနေတတ်သည်။ သို့သော် မကြာသေးမီက အမေရိကန်နိုင်ငံသားနှစ်ဦး ကို ခေါင်းဖြတ်မှုအပြီး တွင် ပြည်သူများက အမေရိကန်ကြားဝင်မှုကို ထောက်ခံလာကြသည်။ ထိုနည်းတူစွာပင် မွတ်စလင်နိုင်ငံ များလည်း အိုင်အက်စ်အဖွဲ့တွင် ကြောက်ရွံ့စရာတစ်စုံတစ်ခု တွေ့မြင်ရပြီး ယင်းအဖွဲ့ကိုရပ်တန့်ရန် ကျယ်ပြန့်သော စစ်ဆင်ရေးတစ်ရပ်ကို အမေရိကန်နိုင်ငံကသာ စည်းရုံးနိုင်သည်ကို အသိအမှတ်ပြုလာကြ သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက လှုံ့ဆော်ခဲ့ရာ ဘာရိန်း၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားတို့၏ ထောက်ခံမှုကတိက၀တ်များ ရရှိခဲ့သည်။

အိုင်အက်စ်အဖွဲ့အပေါ် စစ်ဆင်ရေးတိုးမြှင့်ခြင်းနှင့် ပတ်သက်၍ အိုဘားမားက နိုင်ငံတော်သို့ မိန့်ခွန်းမပြော မီ အထက်၊ အောက်လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ၎င်း၏အစီအစဉ်ကို တင်ပြခဲ့သည်။ သို့သော် ယင်းအစီအစဉ်အတွက် လွှတ်တော်၏အတည်ပြုမှု လိုအပ်မည် မဟုတ်ဟုလည်း ဒုတိယမြောက် သမ္မတသက်တမ်းတာဝန် ထမ်းဆောင်နေသော အိုဘားမားက ပြောကြားသည်။ နောက်တစ်နေ့တွင်မူ အမေရိကန်အောက်လွှတ်တော် ရီပက်ဘလေကန်ခေါင်းဆောင် ဂျွန်ဘိုးနာက အိုဘားမား၏အစီအစဉ် ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားသည်။ သို့သော် သမ္မတအိုဘားမားအနေဖြင့် ၎င်း၏ မဟာဗျူဟာ အသေးစိတ်ကို တင်ပြရမည်ဟုလည်း ပြောကြားသည်။

အိုဘားမား၏တာဝန်မှာ ခက်ခဲမှုများ ရှိသည်။ ၎င်းအနေဖြင့် အာရပ်နိုင်ငံများထံမှ ကျယ်ပြန့်သောထောက်ခံ မှုရရန် လိုအပ်သည်။ အိုင်အက်စ်အဖွဲ့ကို အီရတ်နှင့် ဆီးရီးယားတွင်လည်း ချိုးနှိမ်ရန်လိုအပ်သည်။ သို့မဟုတ်ပါက ခိုလှုံစရာနေရာများရရှိပြီး ပြန်လူစုနိုင်သည်။ အီရတ်အစိုးရအနေဖြင့် အိုင်အက်စ်အဖွဲ့နှင့် အတူ တိုက်ခိုက်နေသော ဆွန်နီများကို ခွဲထုတ်၍ အားနည်းအောင် လုပ်ရပါမည်။ သို့သော် အီရတ်တွင် ၀န်ကြီးချုပ်သစ်အယ်လ်အဘာဒီ ဦးဆောင်သော အစိုးရအဖွဲ့၌ မည်ကာမတ္တ ဆွန်နီကိုယ်စားပြုမှုသာ ပါဝင်သည်။

ဆီးရီးယားအတွက် စိတ်ကူးမှာ အာဆတ်ကို ဆန့်ကျင်နေသော အဖွဲ့များထဲမှ အလွန်အစွန်းမရောက်သူ များကို အင်အားဖြည့်တင်းပေးပြီး ၎င်းတို့အနေဖြင့် အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းရန် လိုအပ်ပုံကို သဘောပေါက်ရေးဖြစ်သည်။ သို့သော် ယင်းအလယ်အလတ်အဖွဲ့များကို ထူထောင်ရေးမှာ အားနည်းနေပြီး ၎င်းတို့မှာလည်း အိုင်အက်စ်အဖွဲ့နှင့် အာဆတ်ကို ယှဉ်နိုင်မည့်သူများဖြစ်လာမည်လားဆိုသည်မှာ မသေချာသေးပေ။

ယင်းအတွက် အိုဘားမားမှ အချိန်လိုအပ်သည်။ တစ်ဖက်တွင် အိုင်အက်စ်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် မတရားမှုများမှာ အယူအဆ အပြင်းဆုံးအဖွဲ့များမှလွဲ၍ ကျန်အဖွဲ့များကြား လူကြိုက်များမှုမရှိ၍ အိုဘားမား အတွက် အချိန်ရသည်ဟု ဆိုနိုင်သည်။ သို့သော် စိတ်ရှည်သည်းခံမှုမှာ အမေရိကန်နိုင်ငံရေး ၏ ကောင်း ကွက် အဖြစ် ရှိမနေပါက အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းရေးဂိုဏ်း ဖွဲ့နေသော နိုင်ငံများကြားတွင်လည်း မူလကပင် ကွဲပြားမှုများရှိနေပြီး ယာယီအကျိုးစီးပွား အတွက် ပေါင်းစည်းခဲ့ကြခြင်းဖြစ်ရာ အနှေးနှင့် အမြန်ဆိုသလို ပြိုင်ဆိုင်မှုများ ခေါင်းပြန်ထောင်လာနိုင်သည်။ မဟာမိတ်အဖွဲ့ အားနည်းသွားလျှင် လုပ်ငန်းစဉ် တစ်ခုလုံး အရှိန်လျော့ကျသွားမည် ဖြစ်သည်။

အောင်မြင်မှုအတွက် အကြီးမားဆုံး အခွင့်အရေးရရန် မည်သည့်မဟာမိတ်အဖွဲ့ မဆို ရေရှည်တည်မြဲရ မည်ဖြစ် သည်။ ယင်းအတွက် အိုဘားမားမှာ ၎င်း၏သမ္မတသက်တမ်း၌ ချို့ငဲ့နေသော ကိုယ်တိုင်ပါဝင်ကပြရ မည့် သံတမန်ရေး ရေရှည်ထိန်းသိမ်းမှုအပေါ် စိတ်ပိုင်းဖြတ်မှု ပြသရပါမည်။

—Ref: Economist/Reuters/ BBC
7Day Daily

No comments:

Post a Comment