Wednesday 17 September 2014

ပြည့်သူခေတ်ဂျာနယ်ရပ်ပြီး ပြည်သူ့အရေးအမည်ဖြင့် ဂျာနယ်သစ်ထုတ်မည်

Photo: ပြည့်သူခေတ်ဂျာနယ်ရပ်ပြီး ပြည်သူ့အရေးအမည်ဖြင့် ဂျာနယ်သစ်ထုတ်မည်
Wednesday, September 17, 2014

ပြည်သူ့ခေတ်ဂျာနယ်သည် နိုင်ငံရေးအသားပေးဂျာနယ်ဖြစ်ပြီး ထုတ်ဝေခဲ့သည်မှာ လေးနှစ်ကျော်ပြီဖြစ်သည်။ (ဓာတ်ပုံ - နစ်ကီ) 
မျက်မှောက် မြန်မာ့ နိုင်ငံရေးနှင့် စာပေရေးရာများကို ဦးတည်ဖော်ပြလေ့ရှိသည့် ပြည်သူ့ခေတ်ဂျာနယ်ကို ကနဦး တည်ထောင်သူ အယ်ဒီတာအဖွဲ့ဝင်ခြောက်ဦးက ထုတ်ဝေရေး ဆိုင်ရာအခက်အခဲ တစ်ရပ်ကြောင့် ဆက်လက်လုပ်ကိုင်တော့မည်မဟုတ်ဘဲ ပြည်သူ့အရေးအမည်ဖြင့် ဂျာနယ်သစ်တစ်စောင် ထုတ်ဝေမည်ဖြစ်ကြောင်း အယ်ဒီတာအဖွဲ့ဝင်များထံမှ သတင်းရရှိသည်။

‘‘တခြားပြဿနာ မရှိပါဘူး။ ထုတ်ဝေခွင့်ဆက်ခံသူက ဆက် မထုတ်ချင်ဘူး ဆိုလို့ ကျွန်တော် တို့က ပြည်သူ့အရေးဆိုတဲ့ နာ မည်နဲ့ ဂျာနယ်တစ်စောင်ကို ပြည် သူ့ခေတ်အယ်ဒီတာအဖွဲ့ရဲ့ရပ် တည်ချက်မူဝါဒအတိုင်း အမြန် ဆုံးထွက်ဖို့ စီစဉ်နေပါပြီ’’ ဟု ပြည်သူ့ခေတ်၏ ယခင်အတိုင်ပင် ခံ အယ်ဒီတာ စာရေးဆရာဖေမြင့် က ပြောသည်။

ပြည်သူ့ခေတ်ဂျာနယ်ကို ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၇ ရက်တွင် စတင်ထုတ်ဝေခဲ့ပြီး စာရေးဆရာမောင်ဝံသ၊ ဆရာဖေမြင့်၊ စာပေလောက ဦးမျိုးညွန့်၊ ကိုရဲ၊၀င်းချို၊ ဆရာအာသာတို့ ခုနစ်ဦးစပ်တူပူးပေါင်း  လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ထုတ်ဝေခွင့်မှတ်ပုံတင်ကို ဆရာမောင်ဝံသအမည်ဖြင့် မှတ်ပုံတင်ထားပြီး ဆရာမောင်ဝံသ ကွယ်လွန်ချိန်တွင် မိသားစုက ဆက်ခံလုပ်ကိုင်နေခြင်းဖြစ်သည်။

‘‘ပြည်သူ့အရေးကတော့ အ ရင်ပြည်သူ့ခေတ် အယ်ဒီတာအဖွဲ့ ရဲ့ မူဝါဒအတိုင်းပဲ ဆက်သွားမှာ။ လက်ရှိ နိုင်ငံရေး အခင်းအကျင်း  အရ ပြောင်းတန်သရွေ့ပြောင်း တာလည်း ရှိကောင်းရှိမယ်။ နှစ် ရှည်လများလုပ်ကိုင်ခဲ့တဲ့ ပြည်သူ့ ခေတ်ကို ဆက်မလုပ်တော့တာကို တော့ တကယ်စိတ်မကောင်း ဖြစ် မိတယ်’’ ဟု ဆရာဖေမြင့်က  ပြောကြားသည်။

‘‘ထုတ်ဝေသူကို ဆက်ခံသူ က ကိုယ်တိုင်လုပ်ချင်တဲ့ သဘော ပါ။ တခြားဘာမှ ထွေထွေထူးထူးမရှိပါဘူး’’ဟု ဒုတိယအယ်ဒီတာချုပ် ဦးမျိုးညွန့်က ဆိုသည်။

ပြည်သူ့ခေတ်ဂျာနယ်ကို ဆက်ခံထုတ်ဝေသူများက ယခုနှစ်ဒီဇင်ဘာ လဆန်းတွင် ပြန်လည်ထွက်ရှိရန် လုပ်ကိုင်မည်ဖြစ်ကြောင်း စာပေအသိုင်း အ၀ိုင်းကဆိုသည်။

ပြည်သူ့ခေတ်ဂျာနယ်သည်  ၏ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရေစီ အကူးအပြောင်း ကာလမစတင်မီတွင် နိုင်ငံရေးဦးစားပေး ဂျာနယ် တစ်စောင် အဖြစ်  ထွက်ရှိလာခြင်းဖြစ်ပြီး မျက်မှောက်ရေးရာ ဆောင်းပါးများကြောင့် အောင်မြင်မှု ဆုပ်ကိုင်ထားသည့် ဂျာနယ်တစ်စောင် ဖြစ်သည်။

7Day DAILY
ပြည်သူ့ခေတ်ဂျာနယ်သည် နိုင်ငံရေးအသားပေးဂျာနယ်ဖြစ်ပြီး ထုတ်ဝေခဲ့သည်မှာ လေးနှစ်ကျော်ပြီဖြစ် သည်။
မျက်မှောက် မြန်မာ့ နိုင်ငံရေးနှင့် စာပေရေးရာများကို ဦးတည်ဖော်ပြလေ့ရှိသည့် ပြည်သူ့ခေတ်ဂျာနယ်ကို ကနဦး တည်ထောင်သူ အယ်ဒီတာအဖွဲ့ဝင်ခြောက်ဦးက ထုတ်ဝေရေး ဆိုင်ရာအခက်အခဲ တစ်ရပ်ကြောင့် ဆက်လက်လုပ်ကိုင်တော့မည်မဟုတ်ဘဲ ပြည်သူ့အရေးအမည်ဖြင့် ဂျာနယ်သစ်တစ်စောင် ထုတ်ဝေ မည်ဖြစ်ကြော င်း အယ်ဒီတာအဖွဲ့ဝင်များထံမှ သတင်းရရှိသည်။

‘‘တခြားပြဿနာ မရှိပါဘူး။ ထုတ်ဝေခွင့်ဆက်ခံသူက ဆက် မထုတ်ချင်ဘူး ဆိုလို့ ကျွန်တော် တို့က ပြည်သူ့ အရေးဆိုတဲ့ နာ မည်နဲ့ ဂျာနယ်တစ်စောင်ကို ပြည် သူ့ခေတ်အယ်ဒီတာအဖွဲ့ရဲ့ရပ် တည်ချက်မူဝါဒအတိုင်း အမြန် ဆုံးထွက်ဖို့ စီစဉ်နေပါပြီ’’ ဟု ပြည်သူ့ခေတ်၏ ယခင်အတိုင်ပင် ခံ အယ်ဒီတာ စာရေးဆရာဖေမြင့် က ပြောသည်။

ပြည်သူ့ခေတ်ဂျာနယ်ကို ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၇ ရက်တွင် စတင်ထုတ်ဝေခဲ့ပြီး စာရေးဆရာမောင်ဝံသ၊ ဆရာဖေမြင့်၊ စာပေလောက ဦးမျိုးညွန့်၊ ကိုရဲ၊၀င်းချို၊ ဆရာအာသာတို့ ခုနစ်ဦးစပ်တူပူးပေါင်း  လုပ်ကိုင် ခဲ့ခြင်း ဖြစ်သည်။ ထုတ်ဝေခွင့်မှတ်ပုံတင်ကို ဆရာမောင်ဝံသအမည်ဖြင့် မှတ်ပုံတင်ထားပြီး ဆရာမောင်ဝံသ ကွယ်လွန်ချိန်တွင် မိသားစုက ဆက်ခံလုပ်ကိုင်နေခြင်းဖြစ်သည်။

‘‘ပြည်သူ့အရေးကတော့ အ ရင်ပြည်သူ့ခေတ် အယ်ဒီတာအဖွဲ့ ရဲ့ မူဝါဒအတိုင်းပဲ ဆက်သွားမှာ။ လက်ရှိ နိုင် ငံရေး အခင်းအကျင်း  အရ ပြောင်းတန်သရွေ့ပြောင်း တာလည်း ရှိကောင်းရှိမယ်။ နှစ် ရှည်လများ လုပ်ကိုင်ခဲ့တဲ့ ပြည်သူ့ ခေတ်ကို ဆက်မလုပ်တော့တာကို တော့ တကယ်စိတ်မကောင်း ဖြစ် မိတယ်’’ ဟု ဆရာဖေမြင့်က  ပြောကြားသည်။

‘‘ထုတ်ဝေသူကို ဆက်ခံသူ က ကိုယ်တိုင်လုပ်ချင်တဲ့ သဘော ပါ။ တခြားဘာမှ ထွေထွေထူးထူး မရှိပါဘူး’’ ဟု ဒုတိယအယ်ဒီတာချုပ် ဦးမျိုးညွန့်က ဆိုသည်။

ပြည်သူ့ခေတ်ဂျာနယ်ကို ဆက်ခံထုတ်ဝေသူများက ယခုနှစ်ဒီဇင်ဘာ လဆန်းတွင် ပြန်လည်ထွက်ရှိရန် လုပ်ကိုင် မည်ဖြစ်ကြောင်း စာပေအသိုင်း အ၀ိုင်းကဆိုသည်။

ပြည်သူ့ခေတ်ဂျာနယ်သည်  ၏ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရေစီ အကူးအပြောင်း ကာလမစတင်မီ တွင် နိုင် ငံရေး ဦးစားပေး ဂျာနယ် တစ်စောင် အဖြစ်  ထွက်ရှိလာခြင်းဖြစ်ပြီး မျက်မှောက်ရေးရာ ဆောင်းပါး များကြောင့် အောင်မြင်မှု ဆုပ်ကိုင်ထားသည့် ဂျာနယ်တစ်စောင် ဖြစ်သည်။

7Day DAILY

No comments:

Post a Comment