Wednesday 17 September 2014

အယ်လ်ခိုင်ဒါနှင့် ပတ်သက်၍ သတင်း အချက်အလက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မရသေး

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံကို တိုက်ခိုက်ရန် ခြိမ်းခြောက်ထားသည့် အယ်လ်ခိုင်ဒါ၏ သတင်း အချက်အလက်များကို အင်တာပိုထံမှ တောင်းခံထားသော်လည်း မရရှိသေးဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှု ခင်းဌာန ရဲမှူးကြီး အောင်ဌေးမြင့်က စက် တင်ဘာ ၁၆ တွင် မဇ္ဈိမကို ပြောသည်။
“အကြမ်းဖက်မယ်ဆိုတဲ့ သတင်း အချက်အလက်တွေကို အင်တာပိုကနေတောင်းထားတယ်။ လှုပ်ရှားတဲ့ သတင်းအ ချက်အလက်တွေပါ။ မနေ့ကထိ တောင်းခဲ့ပါသေးတယ်၊ မရသေးပါဘူး”ဟု ၎င်းက ဆိုသည်။
အယ်လ်ခိုင်ဒါသည် အိန္ဒိယတိုက်တွင် ဂိုဏ်းခွဲဖွင့်ကာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ဆောင်ရွက် သွားမည်ဟု စက်တင်ဘာ ၃ ရက်က အတိအလင်း ကြေညာထားခြင်းဖြစ်သည်။

ယင်းကြောင့် လေဆိပ်အဝင်အထွက်များ၌ လုံလောက်သည့် လုံခြုံရေးအင်အားဖြင့် ဆောင် ရွက်နေသည်ဟု လေကြောင်း ရဲတပ်ဖွဲ့မှုး ရဲမှူးကြီး ဥက္ကာကိုက မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့က အမြဲတမ်းဆောင်ရွက်နေရတဲ့ လုံခြုံရေးဆိုတော့ လုံလောက်တဲ့ အင်အားရှိပါတယ်။ တိုးလာတဲ့ ခရီး သည်အတွက် လုံလောက်တဲ့ အင်အားရှိတယ်။ နောက်တစ်ခုက ဖောက်ခွဲနိုင်တဲ့ ပစ္စည်းတွေ ဆိုရင်လည်း အမျိုးသား လုံခြုံရေး အဖွဲ့ရဲ့ ညွှန်ကြားမှုတွေနဲ့ စိစစ်မှုတွေလုပ်နေပါတယ်”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက I Love Myanamar မှ လီဗီဆပ်နိုင်ထန်း၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာ၌ သံသတ္တု ဖြင့် ပြုလုပ်ထားသည့် ချွန်ထက်အရာများ ရန်ကုန်လေဆိပ်တွင် စိစစ်နိုင်ခြင်း မရှိခဲ့ဟု ရေးသားထားသည်။
ရန်ကုန်လေဆိပ်မှ ထွက်ခွာလာသည့် လေယာဉ်ဖြင့်ပါလာသည့် ခရီးသည်တစ်ဦးထံမှ ချွန်ထက်အရာ တစ်ခုကို စင်ကာ ပူ လေဆိပ်ကတွေ့ရှိ ထိန်းသိမ်းလိုက်သည့် ဖြစ်စဉ်ကို ၎င်းက ရေးသား ထားခြင်းဖြစ်သည်။
လက်ရှိတွင် အယ်လ်ခိုင်ဒါက အာဖဂန် နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံများတွင် အားကောင်းနေဆဲ ဖြစ်သည်။ စက်တင်ဘာ ၁၄ ရက်ကပင် ပါကစ္စတန် စစ်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ ကြသော်လည်း အောင်မြင်မှု မရခဲ့ပေ။

Mizzima

No comments:

Post a Comment