Wednesday 17 September 2014

မြဝတီမြို့နယ်တရားရုံးရှေ့တွင် ချိန်ကိုက်မိုင်းတစ်လုံး ထပ်မံတွေ့ရှိ

Photo: မြဝတီမြို့နယ်တရားရုံးရှေ့တွင် ချိန်ကိုက်မိုင်းတစ်လုံး ထပ်မံတွေ့ရှိ
===================================================

မြဝတီ၊ စက်တင်ဘာ ၁၆။

ကရင် ပြည်နယ် မြဝတီမြို့တွင် ယနေ့ နံ နက် ၈နာရီ ၄၅မိနစ်ခန့်က အမှတ် (၄)ရပ်ကွက် ဦးအောင်ဇေယျလမ်း ဘေး၊ မြန်မာ့စီးပွားရေးဘဏ်အနီး မြို့နယ်တရားရုံးရှေ့ ခြံစည်းရိုးဘေး လမ်းထောင့်နေရာ၌ အမှတ်(၃)ရပ် ကွက်၊ ကျောက်လုံးကြီးရပ် ဦးတင် ဖေက ဈေးရောင်းရန် သန့်ရှင်းရေး ဆောင်ရွက်စဉ် မိုင်းဟုယူဆရသော မသင်္ကာဖွယ်ရာ ကြွပ်ကြွပ်အိပ် အနက်ရောင်တစ်ထုပ်တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ထံ သတင်ပေးပို့ခဲ့ ကြောင်း သိရသည်။

အဆိုပါနေရာသို့ တပ်နယ်မှ စစ်ဗျူဟာမှူးဦးစီး၍ ခရိုင်အုပ်ချုပ် ရေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ် ချုပ်ရေးမှူးနှင့် တာဝန်ရှိ လုံခြုံရေး အဖွဲ့ သွားရောက်စစ်ဆေး၍ ချိန်  ကိုက်မိုင်းဟုယူဆရသည့်အတွက် ဆက်စပ်ပစ္စည်းများအား စိစစ်ရာ နာရီဒိုင်ခွက်ချိန်စက်မှ နာရီလက်တံ အား ၁၂နာရီအချိန်တွင်ထားရှိပြီး အခြားမိနစ်၊ စက္ကန့်တံများအား ဖြတ် တောက်ထားရှိကြောင်းနှင့် ပင်မယမ်း အုံမှာ အရှည်ခြောက်လက်မ၊ အချင်း နှစ်လက်မ၊ အလေးချိန် ၁ဒသ မ ၈ကီလိုခန့်ရှိ သံပိုက်လုံး တစ်လုံး၊ နှစ်လက်မပတ်လည် လေးထောင့်ပုံ စံ တရုတ်နိုင်ငံလုပ် စားပွဲတင်နာရီ အသေးတစ်လုံး၊ နာရီအတွင်း တိပ် အနီရောင်ဖြင့်ပတ်လျက် ဗဗ ဆိုဒ် ဓာတ်ခဲတစ်လုံး၊ ဗဗ ဆိုဒ် ပန်နာဆိုး နစ်အမျိုးအစား ဓာတ်ခဲလေးလုံးတို့ အား နံနက် ၉နာရီတွင် အချိန်မီရှင်း လင်းဖြုတ်သိမ်းနိုင်ခဲ့သည်။

''မြဝတီမှာ ဒီလိုချိန်ကိုက်မိုင်း တွေတွေ့တာဟာ အကြမ်းဖက်အဖွဲ့ အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် ဖန်တီးနေတာလို့ထင် တယ်။ ဒါကြောင့်မို့ စီးပွားရေးလုပ် ငန်းရှင်တွေ၊ ကုန်သည်တွေ၊ အလုပ် သမားတွေနဲ့ ပြည်သူတွေအားလုံး လုံခြုံရေးသတိအပြည့်နဲ့ နေသင့်  တယ်။ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပေါ် တာတွေရှိရင် တာဝန်ရှိသူတွေကို အမြန်ဆုံးသတင်းပေးပို့ကြဖို့ လို အပ်ပါတယ်''ဟု မြဝတီမြို့မှ မြို့မိ မြို့ဖတစ်ဦးကပြောကြားသည်။

ဖြစ်စဉ်အား အမှုမှန်ပေါ်ပေါက် ရေး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ က စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နှင့် ယခုအခါ ပြည်သူများ အန္တ ရာယ်ကင်းစွာ ပုံမှန်သွားလာလျက် ရှိကြောင်း သိရှိရသည်။

ZMT, TZ(MWD)

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။) 
ကရင် ပြည်နယ် မြဝတီမြို့တွင် ယနေ့ နံ နက် ၈နာရီ ၄၅မိနစ်ခန့်က အမှတ် (၄)ရပ်ကွက် ဦးအောင်ဇေယျ လမ်း ဘေး၊ မြန်မာ့စီးပွားရေးဘဏ်အနီး မြို့နယ်တရားရုံးရှေ့ ခြံစည်းရိုးဘေး လမ်းထောင့်နေရာ၌ အမှတ်(၃)ရပ် ကွက်၊ ကျောက်လုံးကြီးရပ် ဦးတင် ဖေက ဈေးရောင်းရန် သန့်ရှင်းရေး ဆောင်ရွက်စဉ် မိုင်းဟု ယူဆရသော မသင်္ကာဖွယ်ရာ ကြွပ်ကြွပ်အိပ် အနက်ရောင်တစ်ထုပ်တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ထံ သတင်ပေးပို့ခဲ့ ကြောင်း သိရသည်။

အဆိုပါနေရာသို့ တပ်နယ်မှ စစ်ဗျူဟာမှူးဦးစီး၍ ခရိုင်အုပ်ချုပ် ရေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ် ချုပ်ရေးမှူးနှင့် တာဝန်ရှိ လုံခြုံရေး အဖွဲ့ သွားရောက်စစ်ဆေး၍ ချိန် ကိုက်မိုင်းဟုယူဆရသည့်အတွက်
ဆက်စပ်ပစ္စည်းများအား စိစစ်ရာ နာရီဒိုင်ခွက်ချိန်စက်မှ နာရီလက်တံ အား ၁၂နာရီအချိန်တွင်ထားရှိပြီး အခြားမိနစ်၊ စက္ကန့်တံများအား ဖြတ် တောက်ထားရှိကြောင်းနှင့် ပင်မယမ်း အုံမှာ အရှည်ခြောက်လက်မ၊ အချင်း နှစ်လက်မ၊ အလေးချိန် ၁ဒသ မ ၈ကီလိုခန့်ရှိ သံပိုက်လုံး တစ်လုံး၊ နှစ်လက်မ ပတ်လည် လေးထောင့်ပုံ စံ တရုတ်နိုင်ငံလုပ် စားပွဲတင်နာရီ အသေးတစ်လုံး၊ နာရီအတွင်း တိပ် အနီရောင်ဖြင့်ပတ်လျက် ဗဗ ဆိုဒ် ဓာတ်ခဲတစ်လုံး၊ ဗဗ ဆိုဒ် ပန်နာဆိုး နစ်အမျိုးအစား ဓာတ်ခဲလေးလုံးတို့ အား နံနက် ၉နာရီတွင် အချိန်မီရှင်း လင်းဖြုတ်သိမ်းနိုင်ခဲ့သည်။

''မြဝတီမှာ ဒီလိုချိန်ကိုက်မိုင်း တွေတွေ့တာဟာ အကြမ်းဖက်အဖွဲ့ အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် ဖန်တီးနေတာလို့ထင် တယ်။ ဒါကြောင့်မို့ စီးပွားရေးလုပ် ငန်းရှင်တွေ၊ ကုန်သည်တွေ၊ အလုပ် သမားတွေနဲ့ ပြည်သူတွေအားလုံး လုံခြုံရေးသတိအပြည့်နဲ့ နေသင့် တယ်။ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပေါ် တာတွေရှိရင် တာဝန်ရှိသူတွေကို အမြန်ဆုံးသတင်းပေးပို့ကြဖို့ လို အပ်ပါတယ်''ဟု မြဝတီမြို့မှ မြို့မိ မြို့ဖတစ်ဦးကပြောကြားသည်။

ဖြစ်စဉ်အား အမှုမှန်ပေါ်ပေါက် ရေး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ က စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နှင့် ယခုအခါ ပြည်သူများ အန္တ ရာယ်ကင်းစွာ ပုံမှန်သွားလာလျက် ရှိကြောင်း သိရှိရသည်။

ZMT, TZ(MWD)

Yangon Media Group

No comments:

Post a Comment