Wednesday 17 September 2014

အာဆီယံခရီးသွားဖိုရမ်သို့ ခရီးသွားကုမ္ပဏီ ငါးရာကျော်တက်မည်

မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်၌ ပြခန်းသုံးရာကျော် ပြသသွား မည်ဖြစ်ပြီး ခရီးစဉ် ဒေသများဝယ်ယူမည့် နိုင်ငံပေါင်း ၆၀ နီးပါးမှ ခရီးသွားလုပ်ငန်း ကုမ္ပဏီပေါင်း ငါးရာကျော် တက် ရောက်ရန် စာရင်းပေးထား ကြောင်း ဟိုတယ်/ခရီးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်(ATF) ကို ၂၀၁၅ ဇန်န၀ါရီ ၂၂ ရက်မှ ၂၉ ရက်ထိ နေပြည်တော်တွင် ပြုလုပ် ကျင်းပ သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဦးဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ် သည်။

 ‘‘တစ်ကမ္ဘာလုံးမှာရှိတဲ့ Buyers (ခရီးသွားလုပ်ငန်းရှင်) တွေက မြန်မာနိုင်ငံမှာရှိတဲ့ ခရီး စဉ်ဒေသတွေ၊ ခရီးသွားလုပ်ငန်း အစီအစဉ်တွေကို ၀ယ်ယူလို့ရ အောင် လုပ်ပေးထားတာပါ’’ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်း အ ဖွဲ့ချုပ်က တာဝန်ရှိသူ ဒေါက်တာ တင်အောင်လင်းကပြောသည်။

ယင်းဖိုရမ်တွင် မြန်မာနိုင်ငံမှ ခရီးသွားကုမ္ပဏီများမှ ပြခန်းပေါင်း ၇၀ ကျော်ဖြင့် အများဆုံးပြသသွား မည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ၆၀ ကျော်ပြသသွားမည်ဖြစ်သည်။

လာရောက်ရန်စာရင်းပေး သွင်းထားသော ကုမ္ပဏီများတွင် အိန္ဒိယနိုင်ငံက ၇၁ ခုဖြင့် အများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးမှာ အမေရိကန်နိုင်ငံဖြစ်ပြီး ကုမ္ပဏီ ၃၀ စာရင်းပေးထားသည်။

စာရင်းပေးသွင်းထားသော နိုင်ငံများတွင် ဥရောပမှ ၂၆ နိုင်ငံဖြင့် အများဆုံးဖြစ်ပြီး အာရှနိုင်ငံ များ ၂၄ နိုင်ငံ၊ အာဖရိကမှ ၃ နိုင်ငံ၊ အမေရိကမှ ၅ နိုင်ငံ၊ အရှေ့အလယ်ပိုင်းမှ ၁ နိုင်ငံစာရင်းပေး သွင်းထားသည်။

မြန်မာနိုင်ငံအနေဖြင့် ယင်း ဖိုရမ်ကျင်းပခွင့်ကို ၂၀၀၆ ခုနှစ်ကရရှိခဲ့သော်လည်း အကြောင်းအ မျိုးမျိုးကြောင့် အခြားအာဆီယံ နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ရပြီး ယခုတစ်ကြိမ်မှ ပြန်လည်ကျင်းပခွင့်ရ ခြင်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment