Wednesday 17 September 2014

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၂၃ မြို့တွင် မြို့သစ်များ တိုးချဲ့မည်

Photo: မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၂၃ မြို့တွင် မြို့သစ်များ တိုးချဲ့မည်
Wednesday, September 17, 2014

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း ၂၃ မြို့တွင် အထပ်မြင့်အဆောက် အအုံများ ပါဝင်တည်ဆောက်မည့် မြို့သစ်  စီမံကိန်းများ တိုးချဲ့အကောင်အ ထည်ဖော်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ လက် အောက်ရှိ မန္တလေးခရိုင် ငါးမြို့ နယ်မှလွဲ၍ တိုင်းဒေသကြီးအ တွင်းရှိ အခြားမြို့များအားလုံးတွင်မြို့သစ် တိုးချဲ့မည့် မြို့ပြစီမံကိန်း များ အကောင်အထည်ဖော်မည် ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေ သကြီးအတွင်းရှိ မြို့ပေါင်း ၂၃ မြို့အတွက် ရေးဆွဲထားသည့် မြို့ပြ စီမံကိန်းများကို မန္တလေးတိုင်းဒေ သကြီးအစိုးရအဖွဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒသမပုံမှန်အစည်းအဝေးသို့ တင် ပြသည်။

မြို့နယ် မြို့ပြစီမံကိန်းများ ကို လူဦးရေတိုးတက်မှုနှုန်း ၁ဒသမ၁ရာခိုင်နှုန်းပေါ် အခြေခံကာ မြို့ များအလိုက် ယနေ့ရှိနေသည့် လူ ဦးရေနှင့် နောင်နှစ်သုံးဆယ်အ တွင်း တိုးပွားလူဦးရေကို တွက် ချက်ကာ တိုးတက်လာသည့်လူဦးရေများ အဆင့်မီနေထိုင်နိုင်ရေး မြေယာအသုံးချမှုအဆင်ပြေရေး တို့အတွက် စီစဉ်ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဦးကျော်ဆန်းက ပြောသည်။

 မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြသည့် မြို့ပြ စီမံကိန်းများအရ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ မြစ်သား၊ ပြင်ဦးလွင်စသည့် မန္တလေး မြို့နှင့် မြို့နယ်နိမိတ်ချင်းထိစပ် နေသည့် မြို့များအပါအ၀င် တိုင်း ဒေသကြီးအတွင်းရှိ မြို့များအား လုံးတွင် မြို့သစ်များတိုးချဲ့ခြင်း၊ တိုးချဲ့မြို့သစ်များတွင် လေးခန်း တွဲ လေးထပ်မြင့်အဆောက်အအုံ များ တည်ဆောက်ခြင်း၊ အုပ်ချုပ် ရေးဆိုင်ရာ ရုံများဆောက်လုပ် ခြင်းနှင့် ကစားကွင်းများ၊ ပန်းခြံ များဆောက်လုပ်ခြင်းတို့ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ရန် လျာထားသည့် မြေနေရာများမှာ ကောင်းမွန်သင့် တော်သော်လည်း ၎င်းစီမံကိန်းမြေ နေရာများတွင် ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ မြေနေရာများ၊ ၀ယ်ယူ နေထိုင်မှုကြောင့် စီမံကိန်း အ ကောင်အထည်ဖော်ရန် နှောင့် နှေးခြင်းများ၊ အခက်တွေ့ခြင်း များ ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် စီမံကိန်းများအား အလျင်အမြန် အကောင်အထည်ဖော်ဆောင် ရွက်သင့်ကြောင်း မန္တလေးတိုင်း ဒေသကြီး  လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။

မြို့ပြစီမံကိန်းသတင်းများ ကြောင့် မြေကြိုတင်ဝယ်ယူစု ဆောင်းသူများရရှိနိုင်ကာ မြေဈေး များမြင့်တက်လာနိုင်သည်ဟု ကြို တင် ခန့်မှန်းမှုများလည်း ရှိနေ သည်။ မြို့ပြစီမံကိန်းများ အ ကောင်အထည်ဖော်ရန် လျာထား စီမံကိန်းများကို မန္တလေးတိုင်းဒေ သကြီးလွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်မှ မှတ်တမ်းတင်ထား မည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။

7Day DAILY

မြန်မာနိုင်ငံ၏ ဒုတိယလူဦးရေအများဆုံးမြို့ဖြစ်သော မန္တလေးမြို့ကိုတွေ့ရစဉ်။ မန္တလေးမြို့နှင့်ဆက်စပ်လျက်ရှိသော မြို့အများစုတွင် မြို့သစ်များ တိုးချဲ့တည် ဆောက် ရန် တိုင်းဒေသကြီးအစိုးရက စီစဉ်နေသည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
မြန်မာနိုင်ငံ၏ ဒုတိယလူဦးရေအများဆုံးမြို့ဖြစ်သော မန္တလေးမြို့ကိုတွေ့ရစဉ်။ မန္တလေးမြို့နှင့် ဆက်စပ် လျက်ရှိသော မြို့အများစုတွင် မြို့သစ်များ တိုးချဲ့တည် ဆောက် ရန် တိုင်းဒေသကြီးအစိုးရက စီစဉ်နေသည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း ၂၃ မြို့တွင် အထပ်မြင့်အဆောက်အအုံများ ပါဝင် တည်ဆောက် မည့် မြို့သစ်  စီမံကိန်းများ တိုးချဲ့အကောင်အ ထည်ဖော်မည်ဖြစ်ကြောင်း သ တင်းရရှိ သည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ လက် အောက်ရှိ မန္တလေးခရိုင် ငါးမြို့ နယ်မှလွဲ၍ တိုင်း ဒေသကြီးအ တွင်းရှိ အခြားမြို့များအားလုံးတွင်မြို့သစ် တိုးချဲ့မည့် မြို့ပြစီမံကိန်း များ အကောင် အထည်ဖော်မည် ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေ သကြီးအတွင်းရှိ မြို့ပေါင်း ၂၃ မြို့အတွက် ရေးဆွဲ ထားသည့် မြို့ပြ စီမံကိန်းများကို မန္တလေးတိုင်းဒေ သကြီးအစိုးရအဖွဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း က ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒသမပုံမှန် အစည်းအဝေးသို့ တင် ပြသည်။

မြို့နယ် မြို့ပြစီမံကိန်းများ ကို လူဦးရေတိုးတက်မှုနှုန်း ၁ဒသမ၁ရာခိုင်နှုန်းပေါ် အခြေခံကာ မြို့ များအလိုက် ယနေ့ရှိနေသည့် လူ ဦးရေနှင့် နောင်နှစ်သုံးဆယ်အ တွင်း တိုးပွားလူဦးရေကို တွက် ချက်ကာ တိုးတက် လာသည့် လူဦးရေများ အဆင့်မီနေထိုင်နိုင်ရေး မြေယာအသုံးချမှုအဆင်ပြေရေး တို့အတွက် စီစဉ်ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဦးကျော်ဆန်းက ပြောသည်။

 မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြသည့် မြို့ပြ စီမံကိန်းများအရ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ မြစ်သား၊ ပြင်ဦးလွင်စသည့် မန္တလေး မြို့နှင့် မြို့နယ်နိမိတ်ချင်း ထိစပ် နေသည့် မြို့များအပါအ၀င် တိုင်း ဒေသကြီးအတွင်းရှိ မြို့များအား လုံးတွင် မြို့သစ်များတိုးချဲ့ခြင်း၊ တိုးချဲ့မြို့သစ်များတွင် လေးခန်းတွဲ လေးထပ်မြင့်အဆောက်အအုံများ တည်ဆောက်ခြင်း၊ အုပ်ချုပ် ရေးဆိုင်ရာ ရုံများဆောက်လုပ် ခြင်းနှင့် ကစားကွင်းများ၊ ပန်းခြံ များဆောက်လုပ်ခြင်းတို့ လုပ် ဆောင်သွား မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ရန် လျာထားသည့် မြေနေရာများမှာ ကောင်းမွန်သင့် တော်သော် လည်း ၎င်းစီမံကိန်းမြေ နေရာများတွင် ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ မြေနေရာများ၊ ၀ယ်ယူ နေထိုင်မှုကြောင့် စီမံကိန်း အ ကောင်အထည်ဖော်ရန် နှောင့် နှေးခြင်းများ၊ အခက်တွေ့ခြင်း များ ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် စီမံကိန်းများအား အလျင်အမြန် အကောင်အထည်ဖော်ဆောင် ရွက်သင့်ကြောင်း မန္တလေးတိုင်း ဒေသကြီး  လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။

မြို့ပြစီမံကိန်းသတင်းများ ကြောင့် မြေကြိုတင်ဝယ်ယူစု ဆောင်းသူများရရှိနိုင်ကာ မြေဈေး များမြင့်တက်လာ နိုင်သည်ဟု ကြို တင် ခန့်မှန်းမှုများလည်း ရှိနေ သည်။ မြို့ပြစီမံကိန်းများ အ ကောင်အထည်ဖော်ရန် လျာထား စီမံကိန်းများကို မန္တလေးတိုင်းဒေ သကြီးလွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်မှ မှတ်တမ်းတင် ထား မည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။

7Day DAILY

No comments:

Post a Comment