Wednesday 17 September 2014

KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံ ကချင်တိုင်းရင်းသူ (၂) ဦး ထိခိုက်ဒဏ်ရာရ

Photo: KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံ ကချင်တိုင်းရင်းသူ (၂) ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၁၇ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ လိုက်ကာကျေးရွာ၏ အနောက်တောင်ဘက် ၁ ဖာလုံခန့်အကွာ ညောင်ပင်အနီး တွင် စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံကချင်တိုင်းရင်းသူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ မမီထုံထုယော် (၂၃) နှစ်၊ (ဘ) ဦးမီလုံဂမ်၊ ကချင်ခရစ်ယာန်နှင့် ဒေါ်ထန်းခေါင် (၃၆) နှစ်၊ (ဘ) ဦးမရှူနော်၊ ကချင်/ခရစ်ယာန် တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ မိထုံထုယော် ဒဏ်ရာက တော်တော်ပြင်းတယ်၊ အသက်တောင် ရှင်ပါ့မလား မသိဘူး၊ ထန်းခေါင်ကတော့ သိပ်ဆိုးဆိုးဝါးဝါး မဟုတ်ဘူး၊ ဆေးမြီးတိုနဲ့ ကုနေတာ မသက်သာလို့ မြို့ဆေးရုံ သွားပြီ ” ဟု ရွာခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းထိဒဏ်ရာများအား ကချင်ဆေးမြီးတိုများဖြင့် ကုသခဲ့ပြီး သက်သာခြင်းမရှိသဖြင့် မိုင်းခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘောက်နော်နှင့် ဆက်သွယ်၍ ဗန်းမော်ပြည်သူ့ဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူရန် စက်တင်ဘာ ၁၆ ရက်နေ့တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

“ ရွာနီးချုပ်စပ်မှာတောင် မိုင်းက ထကွဲနေတော့ ဝေးဝေးမသွားရဲကြတော့ဘူး၊ မိုင်းအဟောင်းတွေ ဖြစ်မယ်လို့တော့ ထင်တယ်၊ အဲဒီမိုင်းတွေကို KIA အဖွဲ့က ပြန်မဖော်ပေးတော့ ရွာသူရွာသားတွေအတွက် စိတ်မချရဘူးပေါ့ ၊ ဒီဒေသမှာ အဲဒီအန္တရာယ်ဆိုးကနေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်တော့ပါဘူး” ဟု ဒေသခံ ဦးဘောက်နန်က ဆိုသည်။

ယင်းကျေးရွာနေ ရွာသူရွာသား (၁၆) ဦးသည် စက်တင်ဘာ ၁၂ ရက်နေ့မှစတင်ကာ ကျေးရွာဝန်းကျင်တစ်ဝိုက် လမ်းဘေးဝဲ/ယာ ခြုံများ ခုတ်ထွင် ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်းများ ပြုလုပ်နေစဉ် မိုင်းပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဇော်မိုင်
 ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ လိုက်ကာကျေးရွာ၏ အနောက်တောင်ဘက် ၁ ဖာလုံခန့်အကွာ ညောင်ပင် အနီး တွင် စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲ မှုကြောင့် ဒေသခံကချင်တိုင်းရင်းသူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ မမီထုံထုယော် (၂၃) နှစ်၊ (ဘ) ဦးမီလုံဂမ်၊ ကချင်ခရစ်ယာန်နှင့် ဒေါ်ထန်းခေါင် (၃၆) နှစ်၊ (ဘ) ဦးမရှူနော်၊ ကချင်/ခရစ်ယာန် တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ မိထုံထုယော် ဒဏ်ရာက တော်တော်ပြင်းတယ်၊ အသက်တောင် ရှင်ပါ့မလား မသိဘူး၊ ထန်းခေါင်ကတော့ သိပ်ဆိုးဆိုးဝါးဝါး မဟုတ်ဘူး၊ ဆေးမြီးတိုနဲ့ ကုနေတာ မသက်သာလို့ မြို့ဆေးရုံ သွားပြီ ” ဟု ရွာခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းထိဒဏ်ရာများအား ကချင်ဆေးမြီးတိုများဖြင့် ကုသခဲ့ပြီး သက်သာခြင်းမရှိသဖြင့် မိုင်းခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘောက်နော်နှင့် ဆက်သွယ်၍ ဗန်းမော်ပြည်သူ့ဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူရန် စက်တင်ဘာ ၁၆ ရက်နေ့တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

“ ရွာနီးချုပ်စပ်မှာတောင် မိုင်းက ထကွဲနေတော့ ဝေးဝေးမသွားရဲကြတော့ဘူး၊ မိုင်းအဟောင်းတွေ ဖြစ်မယ် လို့တော့ ထင်တယ်၊ အဲဒီမိုင်းတွေကို KIA အဖွဲ့က ပြန်မဖော်ပေးတော့ ရွာသူရွာသားတွေအတွက် စိတ်မချရဘူးပေါ့ ၊ ဒီဒေသမှာ အဲဒီအန္တရာယ်ဆိုးကနေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်တော့ပါဘူး” ဟု ဒေသခံ ဦးဘောက်နန်က ဆိုသည်။

ယင်းကျေးရွာနေ ရွာသူရွာသား (၁၆) ဦးသည် စက်တင်ဘာ ၁၂ ရက်နေ့မှစတင်ကာ ကျေးရွာ ၀န်းကျင်တစ်ဝိုက် လမ်းဘေးဝဲ/ယာ ခြုံများ ခုတ်ထွင် ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်း များ ပြုလုပ်နေစဉ် မိုင်းပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဇော်မိုင်
KDN

No comments:

Post a Comment