Wednesday 17 September 2014

ရဲကိုယ်တိုင် ယာဉ်လိုင်စင်အတုပြုလုပ်ဟုဆိုကာ တိုင်တန်း

နတ်မောက် (မဇ္ဈိမ)။ ။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အထက်တန်းရှေ့နေတစ်ဦးနှင့် ဒုရဲအုပ် တစ်ဦးတို့ ပူးပေါင်းကာ ငွေကြေးရယူ၍ မော်တော်ယာဉ်လိုင်စင် အတုပြုလုပ်ပေးသည်ဟုဆိုကာ တိုင်တန်းမှု တစ်ခု လက်ခံရရှိထားသည် ဟု နတ်မောက် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မောင်ကို က ပြောသည်။
နတ်မောက်မြို့နယ်၊ စိုင်ကောင်းရဲစခန်းမှ ဒုတိယရဲအုပ်တစ်ဦးနှင့် အထက်တန်း ရှေ့နေတစ်ဦးတို့က
ယာဉ်တိုက်မှုဖြင့် စိုင်းကောင်းရဲစခန်းတွင် သိမ်းယူခံထားရသော ဦးပေါ်အေး၏ လိုင်စင်မဲ့ကားကို တရားဝင်ဖြစ်အောင် ပြုလုပ်ပေးမည်ဟုဆိုကာ စုစုပေါင်း ငွေကျပ် တစ်ဆယ့်ငါးသိန်းနှစ်သောင်းငါးထောင် (၁,၅၂၅,၀၀၀) တောင်းယူ၍ လိုင်စင်အတုပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါတိုင်တန်းချက်အရ သက်ဆိုင်သူနှစ်ဦးကို နတ်မောက်မြို့၊မြို့မရဲစခန်းက ယာဉ်လိုင်စင်ပြု လုပ် ပေးမည်ဟုဆိုကာ ငွေလိမ်လည်ရယူခြင်း၊ လိုင်စင်အတု ပြုလုပ်ပေးခြင်းတို့ဖြင့် (ပ)၁၃၁/၁၄ပြစ်မှု ပုဒ်မ-၄၂၀ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေသည်။

Mizzima

No comments:

Post a Comment