Wednesday 17 September 2014

မလေးရှားရှိ မြန်မာများ အကြမ်းဖက်ခံနေရမှုအပေါ် တည်ဆဲဥပဒေများနှင့်အညီ အကာအကွယ်ပေးရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မလေးရှားလွှတ်တော် ဥက္ကဋ္ဌထံ သ၀ဏ်လွှာပို့မည်

 မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံနေရမှုအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ မလေးရှားလွှတ်တော်ဥက္ကဋ္ဌသို့ သ၀ဏ်လွှာ ပေးပို့ကာ မလေးရှားတည်ဆဲ ဥပဒေများနှင့်အညီ မြန်မာနိုင်ငံ သားများအား အကာအကွယ်ပေး ရေးအတွက် အရေးဆိုသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအပြင် ယင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်အချို့ပါ အကြမ်း ဖက်တိုက်ခိုက်မှုခံရမှုများနှင့်ပတ် သက်၍ ဖြစ်စဉ်များအား အသေး စိတ်ရေးသားကာ မလေးရှားလွှတ်တော်ဥက္ကဋ္ဌသို့ သ၀ဏ်လွှာပေးပို့ သွားမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင် မြင့်က ပြောသည်။ ယခုလ ၁၅ ရက်တွင် ပြုလုပ်သည့်(၁၁)ကြိမ် မြောက် အမျိုးသားလွှတ်တော်အ စည်းအဝေး၌ ရခိုင်ပြည်နယ် မဲ ဆန္ဒနယ်အမှတ် (၆)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်လတ်က မလေးရှားနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ အ ကြမ်းဖက်ခံရမှုအပေါ် မေးမြန်း သည့် မေးခွန်းအပြီးတွင် လွှတ် တော်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

   ‘‘ဒီကိစ္စ နဲ့ပတ်သက်လို့ ဒေါက်တာအေးမောင်တို့ဖြစ်တဲ့ အချိန်ကစပြီး ကျွန်တော်စဉ်းစား တာရှိပါတယ်။ ဒါကတော့ လွှတ် တော်အနေနဲ့ လွှတ်တော်အချင်း ချင်းဥက္ကဋ္ဌက စာရေးပြီးတော့ ဒီ ဖြစ်စဉ်တွေ ဖြစ်နေ ပါတယ်။ ဒါ တွေကို ဥပဒေမလိုက်နာတာမ ဟုတ်ဘဲ ဥပဒေဘောင်အတွင်းက ကာကွယ်ပေးဖို့ဆိုပြီး အချက် အ လက်တွေရှာနေပါတယ်’’ဟု ဦး ခင်အောင်မြင့်က ပြောသည်။

 မြန်မာနိုင်ငံသားများ အ ကြမ်းဖက်ခံနေရမှုနှင့်ပတ်သက် ၍ မြန်မာနိုင်ငံအစိုးရ၏ လုပ်ဆောင်မှုများကို မိမိအနေဖြင့် အားရကျေ နပ်မှုမရှိဘဲ ယခုထက်ပိုမိုထိထိ ရောက်ရောက်လုပ်ဆောင်စေလို ကာ ဖြစ်စဉ်များမှာ တစ်နေ့တခြား ဆိုးရွားလာသည့်အနေအထားမျိုးဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

 ယင်းကိစ္စရပ်များတွင် တာဝန်ရှိအဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လည်း နှစ်နိုင်ငံရဲတပ်ဖွဲ့အချင်း ချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိ ပြီး ဖြစ်စဉ်များစတင်ဖြစ်ပွားချိန်မှ စက်တင်ဘာ ၁၄ ရက်အထိ မြန် မာနိုင်ငံရဲတပ်ဖွဲ့က မလေးရှားနိုင်ငံရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံ သော အမှု (၁၁)မှု၊ မလေးရှားမှ မြန်မာသို့ အကူအညီတောင်းခံမှု (၁၀)မှုရှိကာ ၎င်းတို့အနေဖြင့် အမှု (၁၀) မှုကို ဖြေရှင်းပြီးဖြစ်ကြောင်း ပြည်ထဲရေးဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောသည်။

‘‘မလေးရှားမှာ မြန်မာလုပ် သားတွေ တော်တော်ဒုက္ခရောက် ကြတယ်။ အဲဒီထဲမှာမှ အကြမ်း ဖက်ပြီး သတ်ဖြတ်ခံရတာ ပိုဆိုး တယ်။ ကျွန်တော်တို့ ရခိုင်လူမျိုး တွေ အများဆုံး အကြမ်းဖက်ခံ နေရတာပါ။ အဲဒါတွေကို မြန်မာ အစိုးရကနေပြီး တားဆီးဖို့ အရာ တွေ လုပ်ဆောင်သင့်ပါတယ်’’ဟု ဦးခင်မောင်လတ်က ပြောသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွား ခဲ့သော လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများ ဖြစ်ပွားပြီး ချိန်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာလူ မျိုးအချို့မှာ အကြမ်းဖက်ခံရမှု များ ကြုံတွေ့ခဲ့ရပြီး မလေးရှား နိုင်ငံသို့ သွားရောက်သော ရခိုင် တိုင်းရင်းသားခေါင်းဆောင်နှစ်ဦး ဖြစ်သည့် ဒေါက်တာ အေးမောင် နှင့် ဦးအေးသာအောင်တို့မှာ လည်း သေနတ်ဖြင့် လိုက်လံပစ် ခတ်လုပ်ကြံခံရသော် လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

ယခုနှစ်အတွင်း မလေးရှား နိုင်ငံတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုမှာအနည်းဆုံး ၁၃ ဦးရှိပြီ ဖြစ်သည်။သတ်ဖြတ်ခံရသူများအနက် ရခိုင်တိုင်းရင်းသားများ အများဆုံးဖြစ်နေကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment