Wednesday 17 September 2014

အီဘိုလာ နှိမ်နင်းဖို့ ဒေါ်လာ တစ်ဘီလီယံလိုအပ်



အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကို ​နှိမ်နင်းဖို့အတွက် ​အမေရိကန် ​ဒေါ်လာ ​သန်းတစ်ထောင် ​ဒါမှမဟုတ် ​၁ ​ဘီလီယံနီးပါး ​လိုအပ်မယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။အခုဆိုရင် ​အဆိုးဝါးဆုံး ​ဗိုင်းရပ်စ်ပိုး ​ကူး ​စက် ​မှု ​ကြောင့် ​သေဆုံးသူ ​အယောက်ပေါင်း ​၂၅၀၀ ​နီးပါး ​ရှိနေပါပြီ။

သေဆုံးသူ ​ဦးရေဟာ ​နှစ်ပါတ်အတွင်း ​နှစ်ဆလောက် ​တိုးလာနေတာဖြစ်ပြီး ​ဒီနှစ်ကုန်ပိုင်းအထိ ​ဆိုရင် ​လူပေါင်း ​နှစ်သောင်းအထိ ​ကူးစက်ခံရနိုင်တယ်လို့ ​ကုလသမဂ္ဂက ​ပြောဆိုထားပါတယ်။

အနောက်အာဖရိကတိုက်က ​ကူးစက်ခံရသူတွေကို ​ကုသဖို့ ​နိုင်ငံခြားက ​ဆရာဝန် ​အယောက်ပေါင်း ​၅၀၀ ​ကနေ ​၆၀၀ ​လောက်ရဲ့ ​အကူအညီလိုအပ်တယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ​WHO ​က ​ပြောပါတယ်။

အမေရိကန်ကတော့ ​စစ်သားအယောက် ​၃၀၀၀ ​စေလွှတ်မယ်လို့ ​ပြောဆိုထားပါတယ်။

အဲဒီစစ်သားတွေက ​အီဘိုလာရောဂါ ​ကုသရေးဌာန ​၁၇ ​ခု ​ဆောက်လုပ်ဖို့နဲ့ ​ကျန်းမာရေးလုပ်သား ​ထောင်နဲ့ချီကို ​သင်တန်းတွေပေးဖို့ ​ဖြစ်ပါတယ်။

သြစတြေးလျကလည်း ​ကူညီထောက်ပံ့ရေးတွေ ​တိုးမြှင့်ပို့ဆောင်ပေးရမယ့် ​အခြေအနေဆိုက်နေပါတယ်။

ကူညီထောက်ပံ့ရေး ​တိုးမြှင့်မယ့်ကိစ္စကို ​ဒီကနေ့ ​ကြေညာနိုင်တဲ့ ​အခြေအနေမှာ ​ရှိတယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

အချိန်ဆွဲလေလေ ​အခြေအနေ ​ဆိုးလေလေ ​ဖြစ်လာနေပြီး ​သြစတြေးလျကလည်း ​ဒီပြဿနာကို ​မျှဝေခံစားမှုတွေ ​လုပ်ဆောင်ဖို့လိုတယ်လို့ ​အများပြည်သူကျန်းမာရေးအသင်းအဖွဲ့က ​အရာရှိ ​Michael ​Moore ​က ​ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​လိုအပ်နေတဲ့ ​ငွေကြေးတွေကို ​သြစတြေးလျပေးသင့်ပြီး၊ ​သြစတြေးလျက ​Ausmat ​အဖွဲ့ကိုလည်း ​ပို့ဆောင်သင့်ကြောင်း ​အဲဒီအဖွဲ့ဟာ ​လေယာဉ်နဲ့ ​သွားပြီး ​ရောဂါကာကွယ်နိုင်မယ့် ​အသုံးပစ္စည်းတွေ၊ ​ဆေးဝါးတွေကို ​ပို့ပေးနိုင်ကြောင်း ​ပြောသွားခဲ့ပါတယ်။

ABC

No comments:

Post a Comment