Wednesday 17 December 2014

ဗြောင်လိမ် ဗြောင်စား KIA

Photo: ဗြောင်လိမ် ဗြောင်စား KIA
Wednesday, December 17, 2014

အစိုးရပိုင် သတင်းစာများတွင် KIA အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဒေသခံပြည်သူများ၏ ရင်ဖွင့်သံများအကြောင်း ဖော်ပြမှုနှင့် ပတ်သက်၍ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က မီဒီယာများသို့ ပြန်လည် ဖြေကြားရာ၌ KIA အနေဖြင့် စစ်သားစုဆောင်းပြီး စစ်သင်တန်းပို့ချမှုများ မရှိကြောင်း ခပ်တည်တည်ပင် ပြောကြားသွားခဲ့သည်။

ဗိုလ်ချုပ် ဂွမ်မော်၏ အဖြေစကားနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က တုံ့ပြန် မှုများ ပြုလုပ်လာခဲ့သည်။ KIA ဖမ်းဆီးခံ ဒေသခံတိုင်းရင်းသား ၂၀၀ ကျော်၏ အမည်စာရင်းကို Online ပေါ်ထိ ဖြန့်ခဲ့သည်။ ထို့ပြင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော အမေရိကန်သံရုံးမှ လူ့အခွင့်အရေး အရာရှိ ဒုတိယ အတွင်းဝန်ထံ ရှမ်းမျိုးနွယ်စုများအပေါ် KIA အဖွဲ့၏ လူသစ်စုဆောင်းမှုများအား ဖြေရှင်းပေး ရန် တောင်းဆိုခဲ့ ကြောင်း သိရသည်။

သို့ဆိုလျှင် KIA ခေါင်းဆောင်များအနေဖြင့် မီဒီယာများနှင့် ပြည်သူလူထုကို ဗြောင်လိမ်နေသည်ဟု ဆိုနိုင်ပါ သည်။ လွန်ခဲ့သော ရက်ပိုင်းက KIA ဖမ်းဆီးမှုကြောင့် လူသစ်လုပ်ခဲ့ရသော ရှမ်းတိုင်းရင်းသားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့ပုံကို သတင်းစာအချို့တွင် ပုံနှင့်တကွ ဖော်ပြထားသည်။ KIA လူသစ်မစုပါဟူ သော မုသား စကားက ဘူးပေါ်သလို ပေါ်လာခဲ့ပြီ ဖြစ်ပါသည်။

KIA အဖွဲ့၏ လူသစ်စုဆောင်းမှုကြောင့် စစ်သင်တန်းတက်ရပြီး KIA တပ်ဖွဲ့ဝင်တစ်ဦးနှင့် အိမ်ထောင် ကျကာ ကလေးတစ်ယောက်ဖြင့် ပြန်လာခဲ့ရသော မိုးညှင်းမြို့နယ် ရွာတစ်ရွာက ရှမ်းတိုင်းရင်းသူတစ်ဦး၏ ကိုယ်တွေ့ ဖြစ်ရပ်ကိုလည်း Online ပေါ်တွင် ဖတ်လိုက်ရသည်။ ရွှေမှော်တွင် ကျင်းလုပ်သားအဖြစ် အလုပ်သွားလုပ်ရာမှ သူမအပါအ၀င် မှော်သူမှော်သား ၅၀ ကျော်ကို KIA အဖွဲ့က လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင် ခံခဲ့ရခြင်းဖြစ် ကြောင်း သိရပါသည်။ သူမကဲ့သို့ ရွှေမှော်၊ ကျောက်မှော်များတွင် KIA ဖမ်းဆီးခံရ သော ဒေသခံများမှာ ထောင်ချီမက ရှိနေကြောင်း ထွက်ပြေးလွတ်မြောက်လာသူများ၏ ရင်ဖွင့်ပြောကြား ချက်အရ သိရပါသည်။

ထို့ပြင် KIA မှ လူသစ်စုဆောင်းတာအပြင် အကြောင်းမဲ့ သတ်ဖြတ်ခံရမှု၊ အရွယ်မရောက်သေးသော ကျောင်းသူများအား ဖမ်းဆီးခေါ်ဆောင်မှုနှင့် ကြုံတွေ့ရသော ဒေသခံများစွာလည်း ရှိနေပါသည်။ အထူး သဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ မန်စီမြို့နယ်၊ အင်းတော်ကြီးဒေသတွင် နေထိုင်ကြသော ဒေသခံ များ အသိဆုံး ဖြစ်ပါသည်။ ယနေ့အချိန်ထိလည်း KIA မှ ဒေသခံများကို လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် မှုများ ရှိနေဆဲ ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြုံတွေခံစားနေရဆဲ ဖြစ်ပါသည်။

KIA အဖွဲ့၏ ဗြောင်လိမ်ဗြောင်စား လုပ်ရပ်များကြောင့် ကချင်ပြည်နယ်တွင် နေထိုင်ကြသေ ရှမ်း၊ဗမာ၊ လီးဆူး၊ ရ၀မ်၊ ပလောင် စသည့် ဒေသခံ တိုင်းရင်းသားများ၏ လူနေမှုဘ၀နှင့် အသက်အန္တရာယ်လုံခြုံရေး စိုးရိမ်နေရဆဲပင် ဖြစ်ပါသည် ကချင်ပြည်နယ်ကို လွှမ်းမိုးလိုသော အတ္တနှင့် အခြားဒေသခံတိုင်းရင်းသားများ အပေါ် အနိုင် ကျင့်ခြိမ်းခြောက်နေမှုများကို သိလျက်နှင့် ငြိမ်ခံနေရသော ဘ၀က အာမခံချက်မရှိသလောက် နည်းနေပြီ ဖြစ်ပါသည်။

အချုပ်ဆိုရသော် ကချင်ပြည်နယ်တွင် လူသစ်စု၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်း လုပ်နေသော KIA ကြောင့် ဒေသခံများ ဒုက္ခဆင်းရဲတွင်း နက်သည်ထက်နက်နေကြရပါသည်။ ရွှေမှော်/ကျောက်စိမ်းမှော်များမှ ကောက်ခံ ရရှိသော ဆက်ကြေးများဖြင့် KIA ခေါင်းဆောင်များကြီးပွား ချမ်းသာနေကြသည်။ သစ်မှောင်ခို၊ မူးယစ်ဆေးဝါး မှောင်ခို၊ ကျောက်စိမ်းမှောင်ခိုများကြောင့်လည်း ကချင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည်။ KIA ကို သည်အတိုင်း လွှတ်ထားလျှင် ကချင်ပြည်နယ်တစ်ခုလုံး ဘယ်သောအခါ တည်ငြိမ်အေးချမ်းမှာ မဟုတ်သလို ဗြောင်လိမ်ဗြောင်စား KIA ကြောင့် ဒေသခံများလည်း ဒုက္ခပင်လယ် ဝေရဦးမည်သာ ဖြစ်ပါတော့ သည်။

နေ၀န်းသစ်
Credit to KDN
အစိုးရပိုင် သတင်းစာများတွင် KIA အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဒေသခံပြည်သူများ၏ ရင်ဖွင့်သံများအကြောင်း ဖော်ပြမှုနှင့်ပတ်သက်၍ KIA ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ် ဂွမ်မော်က မီဒီယာများသို့ ပြန်လည်ဖြေကြားရာ၌ KIA အနေဖြင့် စစ်သားစုဆောင်းပြီး စစ်သင်တန်းပို့ချမှုများ မရှိကြောင်း ခပ်တည် တည်ပင် ပြောကြားသွားခဲ့သည်။

ဗိုလ်ချုပ် ဂွမ်မော်၏ အဖြေစကားနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က တုံ့ပြန် မှုများ ပြုလုပ်လာခဲ့သည်။ KIA ဖမ်းဆီးခံ ဒေသခံတိုင်းရင်းသား ၂၀၀ ကျော်၏ အမည်စာရင်းကို Online ပေါ်ထိ ဖြန့်ခဲ့သည်။ ထို့ပြင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော အမေရိကန်သံရုံးမှ လူ့အခွင့် အရေး အရာရှိ ဒုတိယ အတွင်းဝန်ထံ ရှမ်းမျိုးနွယ်စုများအပေါ် KIA အဖွဲ့၏ လူသစ်စုဆောင်းမှုများအား ဖြေရှင်းပေး ရန် တောင်းဆိုခဲ့ ကြောင်း သိရသည်။

သို့ဆိုလျှင် KIA ခေါင်းဆောင်များအနေဖြင့် မီဒီယာများနှင့် ပြည်သူလူထုကို ဗြောင်လိမ်နေသည်ဟု ဆိုနိုင်ပါသည်။ လွန်ခဲ့သော ရက်ပိုင်းက KIA ဖမ်းဆီးမှုကြောင့် လူသစ်လုပ်ခဲ့ရသော ရှမ်းတိုင်းရင်းသား တစ်ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့ပုံကို သတင်းစာအချို့တွင် ပုံနှင့်တကွ ဖော်ပြထားသည်။ KIA လူသစ်မစုပါဟူ သော မုသား စကားက ဘူးပေါ်သလို ပေါ်လာခဲ့ပြီ ဖြစ်ပါသည်။

KIA အဖွဲ့၏ လူသစ်စုဆောင်းမှုကြောင့် စစ်သင်တန်းတက်ရပြီး KIA တပ်ဖွဲ့ဝင်တစ်ဦးနှင့် အိမ်ထောင် ကျကာ ကလေးတစ်ယောက်ဖြင့် ပြန်လာခဲ့ရသော မိုးညှင်းမြို့နယ် ရွာတစ်ရွာက ရှမ်းတိုင်းရင်းသူတစ်ဦး၏ ကိုယ်တွေ့ ဖြစ်ရပ်ကိုလည်း Online ပေါ်တွင် ဖတ်လိုက်ရသည်။ ရွှေမှော်တွင် ကျင်းလုပ်သားအဖြစ် အလုပ်သွားလုပ်ရာမှ သူမအပါအ၀င် မှော်သူမှော်သား ၅၀ ကျော်ကို KIA အဖွဲ့က လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင် ခံခဲ့ရခြင်းဖြစ် ကြောင်း သိရပါသည်။ သူမကဲ့သို့ ရွှေမှော်၊ ကျောက်မှော်များတွင် KIA ဖမ်းဆီးခံရ သော ဒေသခံများမှာ ထောင်ချီမက ရှိနေကြောင်း ထွက်ပြေးလွတ်မြောက်လာသူများ၏ ရင်ဖွင့်ပြောကြား ချက်အရ သိရပါသည်။

ထို့ပြင် KIA မှ လူသစ်စုဆောင်းတာအပြင် အကြောင်းမဲ့ သတ်ဖြတ်ခံရမှု၊ အရွယ်မရောက်သေးသော ကျောင်းသူများအား ဖမ်းဆီးခေါ်ဆောင်မှုနှင့် ကြုံတွေ့ရသော ဒေသခံများစွာလည်း ရှိနေပါသည်။ အထူး သဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ မန်စီမြို့နယ်၊ အင်းတော်ကြီးဒေသတွင် နေထိုင်ကြသော ဒေသခံ များ အသိဆုံး ဖြစ်ပါသည်။ ယနေ့အချိန်ထိလည်း KIA မှ ဒေသခံများကို လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် မှုများ ရှိနေဆဲ ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြုံတွေခံစားနေရဆဲ ဖြစ်ပါသည်။

KIA အဖွဲ့၏ ဗြောင်လိမ်ဗြောင်စား လုပ်ရပ်များကြောင့် ကချင်ပြည်နယ်တွင် နေထိုင်ကြသေ ရှမ်း၊ဗမာ၊ လီးဆူး၊ ရ၀မ်၊ ပလောင် စသည့် ဒေသခံ တိုင်းရင်းသားများ၏ လူနေမှုဘ၀နှင့် အသက်အန္တရာယ်လုံခြုံရေး စိုးရိမ်နေရဆဲပင် ဖြစ်ပါသည် ကချင်ပြည်နယ်ကို လွှမ်းမိုးလိုသော အတ္တနှင့် အခြားဒေသခံတိုင်းရင်းသားများ အပေါ် အနိုင် ကျင့်ခြိမ်းခြောက်နေမှုများကို သိလျက်နှင့် ငြိမ်ခံနေရသော ဘ၀က အာမခံချက် မရှိသလောက် နည်းနေပြီ ဖြစ်ပါသည်။

အချုပ်ဆိုရသော် ကချင်ပြည်နယ်တွင် လူသစ်စု၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်း လုပ်နေသော KIA ကြောင့် ဒေသခံများ ဒုက္ခဆင်းရဲတွင်း နက်သည်ထက်နက်နေကြရပါသည်။ ရွှေမှော်/ကျောက်စိမ်းမှော်များမှ ကောက်ခံ ရရှိသော ဆက်ကြေးများဖြင့် KIA ခေါင်းဆောင်များကြီးပွား ချမ်းသာနေကြသည်။ သစ်မှောင်ခို၊ မူးယစ်ဆေးဝါး မှောင်ခို၊ ကျောက်စိမ်းမှောင်ခိုများကြောင့်လည်း ကချင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည်။ KIA ကို သည်အတိုင်း လွှတ်ထားလျှင် ကချင်ပြည်နယ်တစ်ခုလုံး ဘယ်သောအခါ တည်ငြိမ် အေးချမ်းမှာ မဟုတ်သလို ဗြောင်လိမ်ဗြောင်စား KIA ကြောင့် ဒေသခံများလည်း ဒုက္ခပင်လယ် ဝေရဦးမည်သာ ဖြစ်ပါတော့ သည်။

နေ၀န်းသစ်
Credit to KDN 

No comments:

Post a Comment