Wednesday 17 December 2014

စတုတ္ထတန်းမြန်မာစာမေးခွန်း ဗိုလ်ချုပ်မွေးနေ့ မှားယွင်းဖော်ပြ

Photo: စတုတ္ထတန်းမြန်မာစာမေးခွန်း ဗိုလ်ချုပ်မွေးနေ့ မှားယွင်းဖော်ပြ
Wednesday, December 17, 2014

ခရိုင်အဆင့်အခြေခံ ပညာစတုတ္ထတန်း ဒီဇင်ဘာ စာ မေးပွဲ မြန်မာစာမေးခွန်းလွှာတွင် အမျိုး သားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ကို ဖေ ဖော်ဝါရီ ၁၅ ရက်ဟု မှားယွင်း ဖော်ပြထားသည်။

ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များတွင်စစ်ဆေးသော မြန်မာစာ မေးခွန်း၊ နံပါတ် (၅) တွင် ‘‘ဗိုလ်ချုပ်အောင် ဆန်းကို နတ်မောက်မြို့ တွင် ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့ပါသည်’’ဟု ဖော် ပြထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း အ ကြောင်း စာပိုဒ်ဖတ်၍ ပေးထား သော မေးခွန်းများကို ဖြေဆိုရသည့် ၁၀ မှတ်တန်မေးခွန်းတွင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးဖွား ရာဇာတိ၊ မွေးသက္ကရာဇ်နှင့် မိဘများကို ဖော်ပြရန် မေးထား ခြင်းဖြစ်သည်။

‘‘ဗိုလ်ချုပ်အောင်ဆန်းမွေး နေ့မှားနေတာကို စာမေးပွဲခန်း စောင့်တဲ့ ဆရာမ တွေလည်း သိပါ တယ်။ ကျောင်းသားတချို့လည်း သိနေပါတယ်’’ဟု ရန်ကုန် အရှေ့ ပိုင်းခရိုင်ရှိ စာမေးပွဲခန်းစောင့် ကြပ်ရသော ဆရာမတစ်ဦးက ပြော သည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် မွေးဖွားခဲ့သော ဗိုလ်ချုပ်အောင် ဆန်း၏ မွေးနေ့ကို မြန်မာစာမေး ခွန်း၌ မှားယွင်းဖော်ပြခဲ့မှုနှင့် ပတ်သက်၍ လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင်လည်း ပျံ့နှံ့ နေပြီး ဝေဖန်ပြောဆိုမှုများရှိနေ သည်။

‘‘စာမေးပွဲမေးခွန်းက သက် ဆိုင်ရာခရိုင်အလိုက် ထုတ်တာ ပါ။ မေးခွန်းတွေက အားလုံး အတူတူမဟုတ်ပါဘူး။ မှားသွား ရင်တော့ ပြင်ဆင်ဖို့အတွက် ပြော ဆို မှာပါ’’ဟု အမှတ် (၃) အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးကဆိုသည်။

ပညာရေးဝန်ကြီးဌာနသည် စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ အတွက် သက်ဆိုင် ရာ ခရိုင်အ လိုက် မေးခွန်းထုတ်၍ စစ်ဆေး သည့်စနစ်ကို ယခုပညာသင်နှစ်တွင် စတင်ကျင့်သုံးမည်ဖြစ်ပြီး  ယင်းကို စာမေးပွဲအကြို အစမ်းစာမေး ပွဲများစစ်ဆေး နေခြင်းဖြစ်သည်။

7Day DAILY 

စတုတ္ထတန်း မြန်မာစာမေးခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ မှားယွင်းဖော်ပြထားပုံ
စတုတ္ထတန်း မြန်မာစာမေးခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ မှားယွင်းဖော်ပြထားပုံ
ခရိုင်အဆင့်အခြေခံ ပညာစတုတ္ထတန်း ဒီဇင်ဘာစာမေးပွဲ မြန်မာစာမေးခွန်းလွှာတွင် အမျိုးသားခေါင်း ဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ကို ဖေ ဖော်ဝါရီ ၁၅ ရက်ဟု မှားယွင်း ဖော်ပြထားသည်။

ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များတွင်စစ်ဆေးသော မြန်မာစာ မေးခွန်း၊ နံပါတ် (၅) တွင် ‘‘ဗိုလ်ချုပ်အောင် ဆန်းကို နတ်မောက်မြို့ တွင် ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့ ပါသည်’’ဟု ဖော် ပြထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း အ ကြောင်း စာပိုဒ်ဖတ်၍ ပေးထား သော မေးခွန်းများကို ဖြေဆိုရသည့် ၁၀ မှတ်တန် မေးခွန်းတွင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးဖွား ရာဇာတိ၊ မွေးသက္ကရာဇ်နှင့် မိဘများကို ဖော်ပြရန် မေးထား ခြင်းဖြစ်သည်။

‘‘ဗိုလ်ချုပ်အောင်ဆန်းမွေး နေ့မှားနေတာကို စာမေးပွဲခန်းစောင့်တဲ့ ဆရာမတွေလည်းသိပါတယ်။ ကျောင်း သားတချို့လည်း သိနေပါတယ်’’ဟု ရန်ကုန် အရှေ့ ပိုင်းခရိုင်ရှိ စာမေးပွဲခန်းစောင့် ကြပ်ရသော ဆရာမ တစ်ဦးက ပြော သည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် မွေးဖွားခဲ့သော ဗိုလ်ချုပ်အောင် ဆန်း၏ မွေးနေ့ကို မြန်မာစာမေး ခွန်း၌ မှားယွင်း ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင်လည်း ပျံ့နှံ့ နေပြီး ဝေဖန်ပြောဆိုမှုများ ရှိနေ သည်။

‘‘စာမေးပွဲမေးခွန်းက သက်ဆိုင်ရာခရိုင်အလိုက် ထုတ်တာပါ။ မေးခွန်းတွေက အားလုံးအတူတူမဟုတ် ပါဘူး။ မှားသွားရင်တော့ ပြင်ဆင်ဖို့အတွက် ပြောဆိုမှာပါ’’ဟု အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ တာဝန် ရှိသူ တစ် ဦးကဆိုသည်။

ပညာရေးဝန်ကြီးဌာနသည် စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ အတွက် သက်ဆိုင်ရာ ခရိုင်အလိုက် မေးခွန်း ထုတ်၍ စစ်ဆေးသည့်စနစ်ကို ယခုပညာသင်နှစ်တွင် စတင်ကျင့်သုံးမည်ဖြစ်ပြီး  ယင်းကို စာမေးပွဲအကြို အစမ်းစာမေး ပွဲများစစ်ဆေး နေခြင်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment